သူ႔ရဲ႕အင္တာမီယာမီအသင္းသစ္အတြက္ ဆြာရက္ဇ္ကိုပစ္မွတ္ထားေနတဲ့ဘက္ခမ္း

photo- mundo deportivo

photo-gettyimages

ေဒးဗစ္ဘက္ခမ္းဟာ သူ႔ရဲ႕ေမဂ်ာလိဂ္အသင္းသစ္ျဖစ္တဲ့ အင္တာမီယာမီအတြက္ နာမည္ႀကီးေခၚယူမႈအျဖစ္ ဘာစီလိုနာတိုက္စစ္မႈးဆြာရက္ဇ္ကို ပစ္မွတ္ထားေနေၾကာင္း သတင္းေတြထြက္ေပၚေနပါတယ္။ ေလာေလာဆယ္ ဘက္ခမ္းရဲ႕အသင္းဟာ ကစားသမားႏွစ္ေယာက္ေခၚယူထားၿပီးျဖစ္ၿပီး လာမယ့္ႏွစ္ သူတို႔ရဲ႕ပထမဆုံးေမဂ်ာလိဂ္ေဘာလုံးရာသီမတုိင္ခင္ ကစားသမားသစ္ျဖည့္တင္းမႈေတြ ဆက္လက္ျပဳလုပ္သြားမွာပါ။ အင္တာမီယာမီဟာ ပီအက္စ္ဂ်ီတိုက္စစ္မႈးကာဗာနီနဲ႔လည္း သတင္းေတြထက္ေနၿပီး အခုေတာ့  လီဗာပူးတိုက္စစ္မႈးေဟာင္းဆြာရက္ဇ္ကို ပုိၿပီစိတ္၀င္စားေနတယ္လို႔ စပိန္သတင္းစာတစ္ေစာင္က ေဖာ္ျပခဲ့တာပါ။

photo-gettyimages

အဲဒီဥရုေဂြးလက္ေရြးစင္တိုက္စစ္မႈးဟာ ဘာစီလိုနာနဲ႔ စာခ်ဳပ္သက္တမ္း ၂ ႏွစ္က်န္ရွိေနပါေသးတယ္။ ဒါေပမဲ့ အင္တာမီယာမီရဲ႕ေရရွည္စီမံကိန္းကိုစိတ္၀င္စားေနတယ္လို႔ သိရပါတယ္။ ၃၂ ႏွစ္အရြယ္ ဆြာရက္ဇ္ဟာ ၿပီးခဲ့တဲ့ ၂ ရာသီစလုံး ဘာစီလိုနာမွာ ဒဏ္ရာျပသနာေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီး လက္ရွိမွာလည္း ဘီလ္ဘာအိုနဲ႔လာလီဂါအဖြင့္ပြဲစဥ္က ဒဏ္ရာေၾကာင့္ အနားယူေနရပါတယ္။

photo-gettyimages

ဘက္ခမ္းအသင္းသစ္ဟာ လက္ရွိအခ်ိန္ထိ နည္းျပခန္႔အပ္ရျခင္း မရွိေသးပါဘူး။ ဒါေပမဲ့ အဲဗာတန္နဲ႔မန္ယူနည္းျပေဟာင္းေဒးဗစ္မိုယက္စ္ကေတာ့ အင္တာမီယာမီကိုကိုင္တြယ္ဖုိ႔ စဥ္းစားသြားမွာျဖစ္ေၾကာင္း အခုလအေစာပိုင္းက ဖြင့္ဟထားပါတယ္။ ဘက္ခမ္းဟာ ၂၀၁၃ မွာ ကစားသမားဘ၀က အနားယူၿပီးကတည္းက သူကစားခဲ့ဖူးတဲ့အေမရိကန္ေမဂ်ာလိဂ္ၿပိဳင္ပြဲမွာ အသင္းသစ္ေထာင္ဖုိ႔ ႀကိဳးပမ္းခဲ့တာပါ။ အခက္အခဲေတြအမ်ိဳးမ်ိးၾကားကေနပဲ ဒီအသင္းသစ္ကို သူတည္ေထာင္ႏိုင္ခဲ့တာပါ။ အဲဒီအတြက္ ၄ ႏွစ္ေလာက္အခ်ိန္ယူခဲ့ရၿပီး ေငြေၾကးအရလည္း မ်ားစြာရင္းႏွီးျမွပ္ႏံွထားရပါတယ္။

[Unicode]

ဒေးဗစ်ဘက်ခမ်းဟာ သူ့ရဲ့မေဂျာလိဂ်အသင်းသစ်ဖြစ်တဲ့ အင်တာမီယာမီအတွက် နာမည်ကြီးခေါ်ယူမှုအဖြစ် ဘာစီလိုနာတိုက်စစ်မှုးဆွာရက်ဇ်ကို ပစ်မှတ်ထားနေကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ လောလောဆယ် ဘက်ခမ်းရဲ့အသင်းဟာ ကစားသမားနှစ်ယောက်ခေါ်ယူထားပြီးဖြစ်ပြီး လာမယ့်နှစ် သူတို့ရဲ့ပထမဆုံးမေဂျာလိဂ်ဘောလုံးရာသီမတိုင်ခင် ကစားသမားသစ်ဖြည့်တင်းမှုတွေ ဆက်လက်ပြုလုပ်သွားမှာပါ။ အင်တာမီယာမီဟာ ပီအက်စ်ဂျီတိုက်စစ်မှုးကာဗာနီနဲ့လည်း သတင်းတွေထက်နေပြီး အခုတော့  လီဗာပူးတိုက်စစ်မှုးဟောင်းဆွာရက်ဇ်ကို ပိုပြီစိတ်ဝင်စားနေတယ်လို့ စပိန်သတင်းစာတစ်စောင်က ဖော်ပြခဲ့တာပါ။

အဲဒီဥရုဂွေးလက်ရွေးစင်တိုက်စစ်မှုးဟာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေပါသေးတယ်။ ဒါပေမဲ့ အင်တာမီယာမီရဲ့ရေရှည်စီမံကိန်းကိုစိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ၃၂ နှစ်အရွယ် ဆွာရက်ဇ်ဟာ ပြီးခဲ့တဲ့ ၂ ရာသီစလုံး ဘာစီလိုနာမှာ ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး လက်ရှိမှာလည်း ဘီလ်ဘာအိုနဲ့လာလီဂါအဖွင့်ပွဲစဉ်က ဒဏ်ရာကြောင့် အနားယူနေရပါတယ်။

ဘက်ခမ်းအသင်းသစ်ဟာ လက်ရှိအချိန်ထိ နည်းပြခန့်အပ်ရခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ အဲဗာတန်နဲ့မန်ယူနည်းပြဟောင်းဒေးဗစ်မိုယက်စ်ကတော့ အင်တာမီယာမီကိုကိုင်တွယ်ဖို့ စဉ်းစားသွားမှာဖြစ်ကြောင်း အခုလအစောပိုင်းက ဖွင့်ဟထားပါတယ်။ ဘက်ခမ်းဟာ ၂၀၁၃ မှာ ကစားသမားဘဝက အနားယူပြီးကတည်းက သူကစားခဲ့ဖူးတဲ့အမေရိကန်မေဂျာလိဂ်ပြိုင်ပွဲမှာ အသင်းသစ်ထောင်ဖို့ ကြိုးပမ်းခဲ့တာပါ။ အခက်အခဲတွေအမျိုးမျိးကြားကနေပဲ ဒီအသင်းသစ်ကို သူတည်ထောင်နိုင်ခဲ့တာပါ။ အဲဒီအတွက် ၄ နှစ်လောက်အချိန်ယူခဲ့ရပြီး ငွေကြေးအရလည်း များစွာရင်းနှီးမြှပ်နံှထားရပါတယ်။