သူ႔ရဲ႕ရာသီပထမဆုံးဂိုးသြင္းၿပီးခ်ိန္မွာပဲ VAR ကိုသေရာ္ခဲ့တဲ့ စီေရာ္နယ္ဒို

photo-foxsportasia

photo-gettyimages

ပါးမားနဲ႔စီးရီးေအအဖြင့္ပဲြတုန္းက သူ႔ရဲ႕သြင္းဂိုး VAR နဲ႔ပယ္ဖ်က္ခံခဲ့ရတာကို စီေရာ္နယ္ဒိုတစ္ေယာက္ အခဲမေက်ခဲ့တာ နာပိုလီနဲ႔ပြဲမွာ သိသာသြားပါတယ္။ နာပိုလီကို ၄-၃ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့စီးရီးေအအိမ္ကြင္းပြဲစဥ္မွာ စီေရာ္နယ္ဒိုဟာ ေဒါက္ဂလက္ေကာ္စတာရဲ႕ျဖတ္ပို႔ေပးမႈကေန ဂ်ဴဗင္တပ္အတြက္ တတိယဂိုးကိုသြင္းေပးႏိုင္ခဲ့ပါတယ္။ အဲဒီဂိုးဟာ ဒီရာသီစီးရီးေအမွာ ဂ်ဴဗင္တပ္အတြက္ သူ႔ရဲ႕ပထမဆုံးဂိုးလည္း ျဖစ္ပါတယ္။

photo-gettyimages

ဂိုးသြင္းၿပီးခ်ိန္မွာ စီေရာ္နယ္ဒိုဟာ အသင္းပရိသတ္ေတြရွိရာဘက္ကို သြားေရာက္ခဲ့ေပမယ့္ သူ႔ရဲ႕ေက်ာ္ၾကားလွတဲ့ siii ေအာင္ပြဲခံမႈကို လုပ္မယ့္အစား VAR ၾကည့္တဲ့ပုံစံလုပ္ျပခဲ့ကာ ပရိသတ္ေတြကိုလည္း ခ်က္ခ်င္းေအာင္ပြဲမခံၾကဖို႔ လက္အမူအယာနဲ႔ ဆက္ျပခဲ့ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ သူ႔ဂိုးကို  VAR နဲ႔ ေနာက္ထပ္တစ္ႀကိမ္ပယ္ဖ်က္ပါေစဦးဆိုၿပီး သေရာ္ခဲ့တဲ့သေဘာပါ။ ဒါေပမဲ့ နာပိုလီနဲ႔ပြဲမွာေတာ့ သူ႔ဂိုးဟာ VAR ၾကည့္စရာမလုိဘဲ အသိအမွတ္ျပဳခံခဲ့ရပါတယ္။

photo-sprotbible

ပါးမားနဲ႔ ရာသီအဖြင့္ပြဲမွာကတည္းက စီေရာ္နယ္ဒိုဟာ လွပတဲ့သြင္းဂိုးတစ္ဂိုးကို ရယူႏိုင္ခဲ့ေပမယ့္ မီလီမီတာေတာင္ အစြန္းထင္းမခံတဲ့ VAR ရဲ႕တိက်လြန္းမႈေၾကာင့္ ပယ္ဖ်က္ျခင္းခံလိုက္ရပါတယ္။ တကယ္ေတာ့ အဲဒီဂိုးအတြက္ စီေရာ္နယ္ဒိုေဘာလုံးရယူခ်ိန္မွာ သူ႔ရဲ႕ပခုံးတစ္ဖက္က ထြက္ေနတယ္ဆိုရင္ေတာင္ သာမန္မ်က္စိအရ အရမ္းကိုမသိသာပါဘူး။ ေပးမယ္ဆုိရင္ ေပးလုိ႔ရတဲ့ဂိုးျဖစ္ေပမယ့္ VAR ရဲ႕လူကၽြံေဘာဖမ္းမႈက မီလီမီတာေလာက္လည္း လက္မခံတဲ့အတြက္ အျငင္းပြားဖြယ္ဆန္စြာနဲ႔ပဲ ပယ္ဖ်က္ျခင္းခံခဲ့ရပါတယ္။

[Unicode]

ပါးမားနဲ့စီးရီးအေအဖွင့်ပွဲတုန်းက သူ့ရဲ့သွင်းဂိုး VAR နဲ့ပယ်ဖျက်ခံခဲ့ရတာကို စီရော်နယ်ဒိုတစ်ယောက် အခဲမကျေခဲ့တာ နာပိုလီနဲ့ပွဲမှာ သိသာသွားပါတယ်။ နာပိုလီကို ၄-၃ ဂိုးနဲ့အနိုင်ရခဲ့တဲ့စီးရီးအေအိမ်ကွင်းပွဲစဉ်မှာ စီရော်နယ်ဒိုဟာ ဒေါက်ဂလက်ကော်စတာရဲ့ဖြတ်ပို့ပေးမှုကနေ ဂျူဗင်တပ်အတွက် တတိယဂိုးကိုသွင်းပေးနိုင်ခဲ့ပါတယ်။ အဲဒီဂိုးဟာ ဒီရာသီစီးရီးအေမှာ ဂျူဗင်တပ်အတွက် သူ့ရဲ့ပထမဆုံးဂိုးလည်း ဖြစ်ပါတယ်။

ဂိုးသွင်းပြီးချိန်မှာ စီရော်နယ်ဒိုဟာ အသင်းပရိသတ်တွေရှိရာဘက်ကို သွားရောက်ခဲ့ပေမယ့် သူ့ရဲ့ကျော်ကြားလှတဲ့ siii အောင်ပွဲခံမှုကို လုပ်မယ့်အစား VAR ကြည့်တဲ့ပုံစံလုပ်ပြခဲ့ကာ ပရိသတ်တွေကိုလည်း ချက်ချင်းအောင်ပွဲမခံကြဖို့ လက်အမူအယာနဲ့ ဆက်ပြခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ဂိုးကို  VAR နဲ့ နောက်ထပ်တစ်ကြိမ်ပယ်ဖျက်ပါစေဦးဆိုပြီး သရော်ခဲ့တဲ့သဘောပါ။ ဒါပေမဲ့ နာပိုလီနဲ့ပွဲမှာတော့ သူ့ဂိုးဟာ VAR ကြည့်စရာမလိုဘဲ အသိအမှတ်ပြုခံခဲ့ရပါတယ်။

ပါးမားနဲ့ ရာသီအဖွင့်ပွဲမှာကတည်းက စီရော်နယ်ဒိုဟာ လှပတဲ့သွင်းဂိုးတစ်ဂိုးကို ရယူနိုင်ခဲ့ပေမယ့် မီလီမီတာတောင် အစွန်းထင်းမခံတဲ့ VAR ရဲ့တိကျလွန်းမှုကြောင့် ပယ်ဖျက်ခြင်းခံလိုက်ရပါတယ်။ တကယ်တော့ အဲဒီဂိုးအတွက် စီရော်နယ်ဒိုဘောလုံးရယူချိန်မှာ သူ့ရဲ့ပခုံးတစ်ဖက်က ထွက်နေတယ်ဆိုရင်တောင် သာမန်မျက်စိအရ အရမ်းကိုမသိသာပါဘူး။ ပေးမယ်ဆိုရင် ပေးလို့ရတဲ့ဂိုးဖြစ်ပေမယ့် VAR ရဲ့လူကျွံဘောဖမ်းမှုက မီလီမီတာလောက်လည်း လက်မခံတဲ့အတွက် အငြင်းပွားဖွယ်ဆန်စွာနဲ့ပဲ ပယ်ဖျက်ခြင်းခံခဲ့ရပါတယ်။