သူ႔ရဲ႕ပင္နယ္တီေအာင္ျမင္မႈလွ်ိဳ႕၀ွက္ခ်က္ကို ဖြင့္ဟလုိက္တဲ့ ပင္နယ္တီစပါယ္ရွယ္လစ္ဟယ္ရီကိန္း

photo-gettyimages

photo-gettyimages

ဘူလ္ေဂးရီယားကို ၄ ဂိုးျပတ္နဲ႔ အႏိုင္ရခဲ့တဲ့ ယူရိုေျခစစ္ပြဲစဥ္မွာ တိုက္စစ္မႈးဟယ္ရီကိန္းဟာ ဟက္ထရစ္သြင္းႏုိင္ခဲ့ၿပီး အဲဒီထဲမွာ ပင္နယ္တီ ၂ ဂိုးလည္း ပါ၀င္ေနတာပါ။ အဲဒီပင္နယ္တီ  ၂ ဂိုးေၾကာင့္ လက္ေရြးစင္အသင္းအတြက္ ပင္နယ္တီကေန သူဂိုးသြင္းေပးႏိုင္ခ့ဲမႈဟာ ၈ ႀကိမ္ရွိသြားခဲ့ပါၿပီ။ ကလပ္အသင္းစပါးမွာလည္း ပင္နယ္တီကန္သြင္းမႈမွတ္တမ္းေကာင္းရွိထားတာပါ။

photo-daily mail

ဒါေၾကာင့္လည္း ဘူလ္ေဂးရီးယားနဲ႔ပြဲအၿပီးမွာ ITV သတင္းဌာနက ပင္နယ္တီေအာင္ျမင္မႈမွတ္တမ္းေကာင္းကို ဘယ္လုိထိန္းႏိုင္တာလဲေမးျမန္းေတာ့ ဟယ္ရီကိန္းက”အဲဒါက ႀကိဳႀကိဳးစားစားလုပ္ဖို႔နဲ႔ ေလ့က်င့္ဖို႔ပါပဲ။ တစ္ပတ္အတြင္းမွာ ကၽြန္ေတာ္တုိ႔ ပင္နယ္တီကန္သြင္းမႈေတြအမ်ားႀကီးလုပ္ၿပီး ပြဲမတိုင္ခင္ေန႔မွာလည္း ပင္နယ္တီသြင္းေလ့က်င့္တာကို အနည္းငယ္လုပ္ပါတယ္။ ကၽြန္ေတာ္ကေတာ့ စိတ္ခံစားမႈအတိုင္း အၿမဲတမ္းလုပ္တာပါ။ ဒီေန႔ ၁၀ ခါေလ့က်င့္မယ္ဆုိရင္ ေနာက္ေန႔ အခါ ၅၀ ေပ့ါ။ အဲဒီေန႔က စိတ္ခံစားမႈအေပၚ မူတည္ၿပီး ေလ့က်င့္တာပါ။ ကၽြန္ေတာ္တို႔မွာ ျမန္ႏႈန္းလည္းျမင့္၊စေကးလညး္ျပည့္၀တဲ့ကစားသမားေတြရွိေနတာေၾကာင့္ ပင္နယ္တီကေတာ့ အၿမဲတမ္းရေနမွာပါ”လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

photo-reuters

နည္းျပေဆာက္ဂိတ္ကလည္း ဟယ္ရီကိန္းရဲ႕ပင္နယ္တီကန္ပုံကန္နည္းကို အတုယူဖုိ႔ လူငယ္ကစားသမားေတြကို တုိက္တြန္းထားပါတယ္။ ”ဟယ္ရီကိန္းမွာ မယုံၾကည္ႏုိင္ေလာက္တဲ့နည္းစနစ္တစ္ခုရွိေနတာပါ။ ကၽြန္ေတာ္တို႔ အဲဒါကို ေန႔တိုင္းၾကည့္ပါတယ္။ မေန႔ကပဲ ပင္နယ္တီေလ့က်င့္မႈေတြ သူအမ်ားႀကီးလုပ္ခဲ့တာပါ။ ဒါေၾကာင့္ ပင္နယ္တီနဲ႔ပတ္သက္ရင္ ကၽြန္ေတာ္တု႔ိ သူ႔ကို အရမ္းကိုယုံၾကည္မႈရွိေနတာပါ။ ဘယ္လူငယ္ကစားသမားအတြက္မဆုိ ဒါဟာ အလြန္ေကာင္းတဲ့ဥပမာတစ္ခုပါပဲ”လို႔ ပင္နယ္တီစပါယ္ရွစ္ျဖစ္ေနတဲ့ကိန္းနဲ႔ပတ္သက္ၿပီး ပြဲအၿပီးမွာ ေဆာက္ဂိတ္က ေျပာခဲ့တာပါ။

[Unicode]

ဘူလ်ဂေးရီယားကို ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ယူရိုခြေစစ်ပွဲစဉ်မှာ တိုက်စစ်မှုးဟယ်ရီကိန်းဟာ ဟက်ထရစ်သွင်းနိုင်ခဲ့ပြီး အဲဒီထဲမှာ ပင်နယ်တီ ၂ ဂိုးလည်း ပါဝင်နေတာပါ။ အဲဒီပင်နယ်တီ  ၂ ဂိုးကြောင့် လက်ရွေးစင်အသင်းအတွက် ပင်နယ်တီကနေ သူဂိုးသွင်းပေးနိုင်ခဲ့မှုဟာ ၈ ကြိမ်ရှိသွားခဲ့ပါပြီ။ ကလပ်အသင်းစပါးမှာလည်း ပင်နယ်တီကန်သွင်းမှုမှတ်တမ်းကောင်းရှိထားတာပါ။

ဒါကြောင့်လည်း ဘူလ်ဂေးရီးယားနဲ့ပွဲအပြီးမှာ ITV သတင်းဌာနက ပင်နယ်တီအောင်မြင်မှုမှတ်တမ်းကောင်းကို ဘယ်လိုထိန်းနိုင်တာလဲမေးမြန်းတော့ ဟယ်ရီကိန်းက”အဲဒါက ကြိုကြိုးစားစားလုပ်ဖို့နဲ့ လေ့ကျင့်ဖို့ပါပဲ။ တစ်ပတ်အတွင်းမှာ ကျွန်တော်တို့ ပင်နယ်တီကန်သွင်းမှုတွေအများကြီးလုပ်ပြီး ပွဲမတိုင်ခင်နေ့မှာလည်း ပင်နယ်တီသွင်းလေ့ကျင့်တာကို အနည်းငယ်လုပ်ပါတယ်။ ကျွန်တော်ကတော့ စိတ်ခံစားမှုအတိုင်း အမြဲတမ်းလုပ်တာပါ။ ဒီနေ့ ၁၀ ခါလေ့ကျင့်မယ်ဆိုရင် နောက်နေ့ အခါ ၅၀ ပေ့ါ။ အဲဒီနေ့က စိတ်ခံစားမှုအပေါ် မူတည်ပြီး လေ့ကျင့်တာပါ။ ကျွန်တော်တို့မှာ မြန်နှုန်းလည်းမြင့်၊စကေးလည်းပြည့်ဝတဲ့ကစားသမားတွေရှိနေတာကြောင့် ပင်နယ်တီကတော့ အမြဲတမ်းရနေမှာပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

နည်းပြဆောက်ဂိတ်ကလည်း ဟယ်ရီကိန်းရဲ့ပင်နယ်တီကန်ပုံကန်နည်းကို အတုယူဖို့ လူငယ်ကစားသမားတွေကို တိုက်တွန်းထားပါတယ်။ ”ဟယ်ရီကိန်းမှာ မယုံကြည်နိုင်လောက်တဲ့နည်းစနစ်တစ်ခုရှိနေတာပါ။ ကျွန်တော်တို့ အဲဒါကို နေ့တိုင်းကြည့်ပါတယ်။ မနေ့ကပဲ ပင်နယ်တီလေ့ကျင့်မှုတွေ သူအများကြီးလုပ်ခဲ့တာပါ။ ဒါကြောင့် ပင်နယ်တီနဲ့ပတ်သက်ရင် ကျွန်တော်တု့ိ သူ့ကို အရမ်းကိုယုံကြည်မှုရှိနေတာပါ။ ဘယ်လူငယ်ကစားသမားအတွက်မဆို ဒါဟာ အလွန်ကောင်းတဲ့ဥပမာတစ်ခုပါပဲ”လို့ ပင်နယ်တီစပါယ်ရှစ်ဖြစ်နေတဲ့ကိန်းနဲ့ပတ်သက်ပြီး ပွဲအပြီးမှာ ဆောက်ဂိတ်က ပြောခဲ့တာပါ။