
photo-AFP
photo-gettyimages
နာပိုလီအသင္းရဲ႕စံခ်ိန္တင္ေၾကးရွင္လုိဇာႏိုက ဂ်ဴဗင္တပ္ကိုရႈံးနိမ့္ခဲ့တဲ့ သူ႔ရဲ႕စီးရီးေအပြဲဦးထြက္မွာ ၿပိဳင္ဘက္အသင္းတုိက္စစ္မႈးစီေရာ္နယ္ဒိုရဲ႕ႀကိဳဆုိမႈကို ရခဲ့ေၾကာင္း ဖြင့္ဟေျပာၾကားလိုက္ပါတယ္။ လိုဇာႏိုဟာ ဒီႏွစ္ေႏြရာသီအေျပာင္းအေရႊ႕မွာ နယ္သာလန္ကလပ္ပီအက္စ္ဗီကေန ေျပာင္းေရႊ႕ေၾကးေပါင္ ၃၇.၆ သန္းနဲ႔ နာပိုလီကို ေရာက္လာခဲ့တာျဖစ္ကာ အဲဒီအီတလီကလပ္အသင္းသမိုင္းမွာ ေစ်းအႀကီးဆုံးေခၚယူမႈလည္း ျဖစ္လာခဲ့ပါတယ္။ ၂၄ ႏွစ္အရြယ္ အဲဒီမကၠဆီကုိလက္ေရြးစင္ေတာင္ပံကစားသမားဟာ အရင္တုန္းကလည္း ဆိုးလ္ရွားရဲ႕မန္ယူအပါအ၀င္ ပရီးမီးယားလိဂ္အသင္းေတာ္ေတာ္မ်ားမ်ားနဲ႔ သတင္းထြက္ခဲဲ့ဖူးသူပါ။
photo-PA
ဂ်ဴဗင္တပ္နဲ႔ပြဲမွာ လူစား၀င္ကစားခြင့္ရခဲ့တာဟာ လိုဇာႏိုအတြက္ အီတလီေဘာလုံးေလာက ပထမဆုံးပြဲလည္း ျဖစ္လာခဲ့တာပါ။ အဲဒီစီးရီးေအပြဲဦးထြက္မွာပဲ ခ်င္ခ်င္းလက္ငင္းေျခစြမ္းျပႏိုင္ခဲ့ၿပီး တစ္ဂိုးသြင္းႏိုင္ခဲ့တာေၾကာင့္ ၃ ဂိုးျပတ္ရႈံးေနတဲ့နာပိုလီကို ၃-၃ ျဖစ္ေအာင္ သူကူညီေပးႏိုင္ခဲ့ပါတယ္။ ေနာက္ခံလူကူလီဘာလီရဲ႕ေနာက္ဆုံးမိနစ္ကိုယ့္ဂိုးကိုယ္သြင္းမိမႈေၾကာင့္သာ နာပိုလီဟာ ၄-၃ နဲ႔ကပ္ရႈံးခဲ့တာပါ။ လုိဇာႏိုရဲ႕ပဲြဦးထြက္ေျခစြမ္းကို သေဘာက်ခဲ့တဲ့စီေရာ္နယ္ဒိုဟာ ပြဲၿပီးေတာ့ အဲဒီမကၠဆီကိုသားကို သြားေရာက္ကြန္ဂရက္က်ဴေလးရွင္းလုပ္ခဲ့ကာ ႀကိဳဆုိေၾကာင္းလည္း ေျပာခဲ့တာပါ။
photo-EPA
”သူတုိ႔ဘက္က ေနာက္ဆုံးဂိုးရသြားၿပီးခ်ိန္မွာ ကၽြန္ေတာ့္ဆီကို စီေရာ္နယ္ဒိုေရာက္လာၿပီး ကြန္ဂရက္က်ဴေလးရွင္းလုပ္ခဲ့ပါတယ္။ အီတလီကေန ႀကိဳဆုိေၾကာင္းလည္း ကၽြန္ေတာ့္ကိုေျပာပါတယ္။ ဒါဟာ အရမ္းေကာင္းတဲ့တစ္စုံတစ္ခုပါ။ သူဟာ ဒီကမာၻႀကီးထဲက ခမ္းနားႀကီးက်ယ္တဲ့ကစားသမားတစ္ေယာက္ပါ။ အဲဒီပြဲကို ကၽြန္ေတာ္တကယ္ပဲႏွစ္ၿခဳိက္ခဲ့ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ အသင္းက ကစားတာအလြန္ေကာင္းခဲ့ၿပီး စီေရာ္နယ္ဒိုအျပင္ ကစားသမားေကာင္းေတြနဲ႔ ရင္ဆိုင္ခဲ့ရလုိ႔ပါ”လုိ႔ လိုဇာႏိုက ေျပာခဲ့တာပါ။
[Unicode]
နာပိုလီအသင်းရဲ့စံချိန်တင်ကြေးရှင်လိုဇာနိုက ဂျူဗင်တပ်ကိုရှုံးနိမ့်ခဲ့တဲ့ သူ့ရဲ့စီးရီးအေပွဲဦးထွက်မှာ ပြိုင်ဘက်အသင်းတိုက်စစ်မှုးစီရော်နယ်ဒိုရဲ့ကြိုဆိုမှုကို ရခဲ့ကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ လိုဇာနိုဟာ ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ နယ်သာလန်ကလပ်ပီအက်စ်ဗီကနေ ပြောင်းရွှေ့ကြေးပေါင် ၃၇.၆ သန်းနဲ့ နာပိုလီကို ရောက်လာခဲ့တာဖြစ်ကာ အဲဒီအီတလီကလပ်အသင်းသမိုင်းမှာ ဈေးအကြီးဆုံးခေါ်ယူမှုလည်း ဖြစ်လာခဲ့ပါတယ်။ ၂၄ နှစ်အရွယ် အဲဒီမက္ကဆီကိုလက်ရွေးစင်တောင်ပံကစားသမားဟာ အရင်တုန်းကလည်း ဆိုးလ်ရှားရဲ့မန်ယူအပါအဝင် ပရီးမီးယားလိဂ်အသင်းတော်တော်များများနဲ့ သတင်းထွက်ခဲ့ဖူးသူပါ။
ဂျူဗင်တပ်နဲ့ပွဲမှာ လူစားဝင်ကစားခွင့်ရခဲ့တာဟာ လိုဇာနိုအတွက် အီတလီဘောလုံးလောက ပထမဆုံးပွဲလည်း ဖြစ်လာခဲ့တာပါ။ အဲဒီစီးရီးအေပွဲဦးထွက်မှာပဲ ချင်ချင်းလက်ငင်းခြေစွမ်းပြနိုင်ခဲ့ပြီး တစ်ဂိုးသွင်းနိုင်ခဲ့တာကြောင့် ၃ ဂိုးပြတ်ရှုံးနေတဲ့နာပိုလီကို ၃-၃ ဖြစ်အောင် သူကူညီပေးနိုင်ခဲ့ပါတယ်။ နောက်ခံလူကူလီဘာလီရဲ့နောက်ဆုံးမိနစ်ကိုယ့်ဂိုးကိုယ်သွင်းမိမှုကြောင့်သာ နာပိုလီဟာ ၄-၃ နဲ့ကပ်ရှုံးခဲ့တာပါ။ လိုဇာနိုရဲ့ပွဲဦးထွက်ခြေစွမ်းကို သဘောကျခဲ့တဲ့စီရော်နယ်ဒိုဟာ ပွဲပြီးတော့ အဲဒီမက္ကဆီကိုသားကို သွားရောက်ကွန်ဂရက်ကျူလေးရှင်းလုပ်ခဲ့ကာ ကြိုဆိုကြောင်းလည်း ပြောခဲ့တာပါ။
”သူတို့ဘက်က နောက်ဆုံးဂိုးရသွားပြီးချိန်မှာ ကျွန်တော့်ဆီကို စီရော်နယ်ဒိုရောက်လာပြီး ကွန်ဂရက်ကျူလေးရှင်းလုပ်ခဲ့ပါတယ်။ အီတလီကနေ ကြိုဆိုကြောင်းလည်း ကျွန်တော့်ကိုပြောပါတယ်။ ဒါဟာ အရမ်းကောင်းတဲ့တစ်စုံတစ်ခုပါ။ သူဟာ ဒီကမ္ဘာကြီးထဲက ခမ်းနားကြီးကျယ်တဲ့ကစားသမားတစ်ယောက်ပါ။ အဲဒီပွဲကို ကျွန်တော်တကယ်ပဲနှစ်ခြိုက်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းက ကစားတာအလွန်ကောင်းခဲ့ပြီး စီရော်နယ်ဒိုအပြင် ကစားသမားကောင်းတွေနဲ့ ရင်ဆိုင်ခဲ့ရလို့ပါ”လို့ လိုဇာနိုက ပြောခဲ့တာပါ။