သူ့အိုင်ဒိုးလ်ဖြစ်တဲ့ စီရော်နယ်ဒိုဆီက အားပေးစကားတွေကို ဖွင့်ဟလိုက်တဲ့ဖာနန်ဒက်စ်

photo-gettyimages

photo-sky sports

စပို့တင်းလစ္စဘွန်းကနေ မန်ယူကိုပြောင်းပြီး စီရော်နယ်ဒိုရဲ့ခြေရာကို နင်းခဲ့ပြီးနောက် အဲဒီပေါ်တူဂီဂန္ထဝင်နဲ့ သူ့အကြားဆက်ဆံရေးကို မန်ယူကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်က ဖွင့်ဟလိုက်ပါတယ်။ ဖာနန်ဒက်စ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာလည်း တာထွက်ကောင်းထားပြီး ပြီးခဲ့တဲ့ဇန်နဝါရီ ၃၀ ကမှ အဲဒီကိုရောက်လာခဲ့တာဖြစ်ပေမယ့် ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကိုတောင် ရရှိခဲ့ပါတယ်။

photo-goal

၂၅ နှစ်အရွယ် ဖာနန်ဒက်စ်ဟာ ပေါ်တူဂီလက်ရွေးစင်အသင်းမှာတော့ စီရော်နယ်ဒိုရဲ့အသင်းဖော်တစ်ယောက်ဖြစ်ပြီး ၂၀၁၇ မှာ ပေါ်တူဂီအတွက် စတင်ပွဲဦးထွက်ပြီးနောက် နိုင်ငံအသင်းအတွက် ၁၉ ပွဲကစားပေးထားတယ်။ ”လက်ရွေးစင်အသင်းမှာ သူဟာ ကျွန်တော့်ကို အရမ်းကိုဖော်ရွေစွာနဲ့ ကြိုဆိုခဲ့တာပါ။ ကျွန်တော်တို့က သူ့ကို အိုင်ဒိုးလ်(Idol)တစ်ယောက်အနေနဲ့ ကြည့်ကြတာပါ။ သူဟာ ကျွန်တော့်အတွက် အမြဲတမ်းအိုင်ဒိုးလ်တစ်ယာက်လည်း ဖြစ်ပါတယ်။ သူဟာ ကျွန်တော့်ရဲ့ဖေးဘရိတ်တစ်ယောက်ဖြစ်သလို သူလုပ်သမျှကိုလည်း အတုယူပါတယ်။ ပေါ်တူဂီအတွက် ကျွန်တော်စရွေးချယ်ခံရတုန်းက ကျွန်တော့်ဆီ သူရောက်လာပြီး ‘စပို့တင်းမှာ မင်းကောင်းကောင်းလုပ်နိုင်နေတာပဲ။ အဒါကို ငါ သဘောကျတယ်’လို့ ပြောခဲ့တာပါ။ အဲဒီစကားလုံးတွေကပဲ ကွဲပြားခြားနားသွားစေခဲ့တာပါ”လို့ ဖာနန်ဒက်စ်က ပြောကြားခဲ့တာပါ။

photo-gettyimages

ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီမှာ စပို့တင်းကနေ ပေါင်သန်း ၅၀ နဲ့ ရောက်လာခဲ့တာပါ။ သူဟာ ပထမဆုံးပရီးမီးယားလိဂ် ၅ ပွဲမှာ ၂ ဂိုးသွင်း၊ ၃ ဂိုးဖန်တီးနိုင်ခဲ့ပြီး ယူရိုပါလိဂ်မှာလည်း ၁ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးပေးထားပါတယ်။

[Zawgyi]

သူ႔အိုင္ဒိုးလ္ျဖစ္တဲ့ စီေရာ္နယ္ဒိုဆီက အားေပးစကားေတြကို ဖြင့္ဟလိုက္တဲ့ဖာနန္ဒက္စ္

စပို႔တင္းလစၥဘြန္းကေန မန္ယူကိုေျပာင္းၿပီး စီေရာ္နယ္ဒိုရဲ႕ေျခရာကို နင္းခဲ့ၿပီးေနာက္ အဲဒီေပၚတူဂီဂႏၳ၀င္နဲ႔ သူ႔အၾကားဆက္ဆံေရးကို မန္ယူကြင္းလယ္လူဘရူႏိုဖာနန္ဒက္စ္က ဖြင့္ဟလိုက္ပါတယ္။ ဖာနန္ဒက္စ္ဟာ အိုးလ္ထရက္ဖို႔ဒ္မွာလည္း တာထြက္ေကာင္းထားၿပီး ၿပီးခဲ့တဲ့ဇန္န၀ါရီ ၃၀ ကမွ အဲဒီကုိေရာက္လာခဲ့တာျဖစ္ေပမယ့္ ေဖေဖာ္၀ါရီလအတြက္ ပရီးမီးယားလိဂ္အေကာင္းဆုံးကစားသမားဆုကိုေတာင္ ရရွိခဲ့ပါတယ္။

၂၅ ႏွစ္အရြယ္ ဖာနန္ဒက္စ္ဟာ ေပၚတူဂီလက္ေရြးစင္အသငး္မွာေတာ့ စီေရာ္နယ္ဒိုရဲ႕အသင္းေဖာ္တစ္ေယာက္ျဖစ္ၿပီး ၂၀၁၇ မွာ ေပၚတူဂီအတြက္ စတင္ပြဲဦးထြက္ၿပီးေနာက္ ႏိုင္ငံအသင္းအတြက္ ၁၉ ပြဲကစားေပးထားတယ္။ ”လက္ေရြးစင္အသင္းမွာ သူဟာ ကၽြန္ေတာ့္ကုိ အရမ္းကုိေဖာ္ေရြစြာနဲ႔ ႀကိဳဆိုခဲ့တာပါ။ ကၽြန္ေတာ္တို႔က သူ႔ကို အိုင္ဒိုးလ္(Idol)တစ္ေယာက္အေနနဲ႔ ၾကည့္ၾကတာပါ။ သူဟာ ကၽြန္ေတာ့္အတြက္ အၿမဲတမ္းအိုင္ဒိုးလ္တစ္ယာက္လည္း ျဖစ္ပါတယ္။ သူဟာ ကၽြန္ေတာ့္ရဲ႕ေဖးဘရိတ္တစ္ေယာက္ျဖစ္သလုိ သူလုပ္သမွ်ကိုလည္း အတုယူပါတယ္။ ေပၚတူဂီအတြက္ ကၽြန္ေတာ္စေရြးခ်ယ္ခံရတုန္းက ကၽြန္ေတာ့္ဆီ သူေရာက္လာၿပီး ‘စပို႔တင္းမွာ မင္းေကာင္းေကာင္းလုပ္ႏိုင္ေနတာပဲ။ အဒါကို ငါ သေဘာက်တယ္’လို႔ ေျပာခဲ့တာပါ။ အဲဒီစကားလုံးေတြကပဲ ကြဲျပားျခားနားသြားေစခဲ့တာပါ”လို႔ ဖာနန္ဒက္စ္က ေျပာၾကားခဲ့တာပါ။

ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ဇန္န၀ါရီမွာ စပို႔တင္းကေန ေပါင္သန္း ၅၀ နဲ႔ ေရာက္လာခဲ့တာပါ။ သူဟာ ပထမဆုံးပရီးမီးယားလိဂ္ ၅ ပြဲမွာ ၂ ဂိုးသြင္း၊ ၃ ဂိုးဖန္တီးႏိုင္ခဲ့ၿပီး ယူရိုပါလိဂ္မွာလည္း ၁ ဂိုးသြင္း၊ ၁ ဂိုးဖန္တီးေပးထားပါတယ္။