သူ့အသင်းသားတွေ ကြိုးစားပြီးဂိုးသွင်းဖို့ မေ့နေတယ်လို့ တူချယ်လ်ပြောဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ တန်းဆင်းဇုန် က ဘန်လေ အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ စိတ်ပျက်ဖွယ် သရေသာ ကစားနိုင်ခဲ့ပါတယ်။

ပွဲမစခင်ကတော့ ဒီပွဲဟာ အိမ်ရှင် ချဲလ်ဆီးတို့ သက်တောင့်သက်သာနဲ့ နိုင်မယ့် ပွဲလို့ အများက ခန့်မှန်းထားခဲ့ကြပါတယ်။

လက်တွေ့မှာလည်း ချဲလ်ဆီး ဟာ သက်တောင့်သက်သာ ၊ အေးအေးဆေးဆေး ပွဲကို ခြယ်လှယ် ကစားနိုင်ခဲ့ပေမယ့် ဂိုးသွင်း အဆုံးသတ် အားနည်းမှုကပဲ ဒီပွဲမှာ ထပ်မံ နှောင့်ယှက်သွားခဲ့ပါတယ်။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ တူချယ်လ်က” ဘန်လေ က ဒီပွဲမှာ ကံကောင်းခဲ့တယ် ဆိုပေမယ့် ၊ ဒါက ဘောလုံးပါပဲ။

ဒီနေ့ သရေပွဲမတိုင်မီ နောက်ဆုံး ၆ပွဲဆက် နိုင်ပွဲ ရခဲ့တုန်းက ဘရန်းဖို့ဒ်နဲ့ ပွဲမှာ Clean Sheet နဲ့ ပြန်လာနိုင်ခဲ့တုန်းကလည်း ကျွန်တော်တို့ ကံကောင်းခဲ့တယ် မဟုတ်လား။

အဲဒီလိုပါပဲ ဘန်လေဟာလည်း ကံကောင်းခဲ့ပါတယ်။ ”

”ပရီးမီးယားလိဂ် မှာအသင်းကြီး အသင်းငယ်ဆိုပြီး ရလဒ်ကျိန်းသေမရှိပါဘူး။

ဘယ်အသင်းမဆို တစ်သင်းကို တစ်သင်း အနိုင်ယူနိုင် စွမ်းရှိပါတယ်။

ဒီပွဲမှာ ကျွန်တော်တို့ဟာ တစ်ဖက်သတ် စိုးမိုး ကစားနိုင်ခဲ့တယ် ဆိုတာကို အချက်အလက်တွေက ဖော်ပြနေပါတယ် ။ ”

” ဒီနေ့ပွဲမှာ အသင်းသားတွေရဲ့ ခံယူချက် ၊ ကစားအားနဲ့ အာရုံစူးစိုက်မှုတွေကို ကျွန်တော် သဘောကျ နှစ်သက်မိပါတယ်။

ဒါပေမယ့် ဂိုးသွင်းဖို့ မေ့နေခဲ့သလိုပါပဲ။

ဒီနေ့မှာ ကျွန်တော်တို့ဟာ နောက်ဆုံး ၇ပွဲဆက် နိုင်ရမယ့်ပွဲ ဖြစ်ခဲ့ရမှာပါ ။”

”ကံဆိုးစွာနဲ့ တစ်ခါတလေမှာ ဒီနေ့လို အမှတ်လျော့တာမျိုး ကြုံခဲ့ရပါတယ်။

ဒါပေမယ့် ကျွန်တော်တို့လည်း ဘရန်းဖို့ဒ်နဲ့ ပွဲမှာတုန်းကကံကောင်းခဲ့တာပါပဲ။

ဘောလုံးမှာ ဒါမျိုးက ဖြစ်တတ်ပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သူ႔အသင္းသား​ေတြ ​ႀကိဳးစားၿပီးဂိုးသြင္းဖို႔ ​ေမ့​ေနတယ္လို႔ တူခ်ယ္လ္​ေျပာဆို

ခ်ဲလ္ဆီး အသင္း ဟာ မေန႔ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာ တန္းဆင္းဇုန္ က ဘန္ေလ အသင္းကို အိမ္ကြင္း စတမ္းဖို႔ဒ္ဘရစ္ခ္်မွာ စိတ္ပ်က္ဖြယ္ သေရသာ ကစားႏိုင္ခဲ့ပါတယ္ ။ ပြဲမစခင္ကေတာ့ ဒီပြဲဟာ အိမ္ရွင္ ခ်ဲလ္ဆီးတို႔ သက္ေတာင့္သက္သာနဲ႔ ႏိုင္မယ့္ ပြဲလို႔ အမ်ားက ခန႔္မွန္းထားခဲ့ၾကပါတယ္။
လက္ေတြ႕မွာလည္း ခ်ဲလ္ဆီး ဟာ သက္ေတာင့္သက္သာ ၊ ေအးေအးေဆးေဆး ပြဲကို ျခယ္လွယ္ ကစားႏိုင္ခဲ့ေပမယ့္ ဂိုးသြင္း အဆုံးသတ္ အားနည္းမႈကပဲ ဒီပြဲမွာ ထပ္မံ ေႏွာင့္ယွက္သြားခဲ့ပါတယ္။

ပြဲအၿပီး သတင္းစာ ရွင္းလင္းပြဲမွာ တူခ်ယ္လ္က” ဘန္ေလ က ဒီပြဲမွာ ကံေကာင္းခဲ့တယ္ ဆိုေပမယ့္ ၊ ဒါက ေဘာလုံးပါပဲ ။ ဒီေန႔ သေရပြဲမတိုင္မီ ေနာက္ဆုံး ၆ပြဲဆက္ ႏိုင္ပြဲ ရခဲ့တုန္းက ဘရန္းဖို႔ဒ္နဲ႔ ပြဲမွာ Clean Sheet နဲ႔ ျပန္လာႏိုင္ခဲ့တုန္းကလည္း ကြၽန္ေတာ္တို႔ ကံေကာင္းခဲ့တယ္ မဟုတ္လား။ အဲဒီလိုပါပဲ ဘန္ေလဟာလည္း ကံေကာင္းခဲ့ပါတယ္ ။ ”

”ပရီးမီးယားလိဂ္ မွာအသင္းႀကီး အသင္းငယ္ဆိုၿပီး ​ရလဒ္က်ိန္း​ေသမရွိပါဘူး။ ဘယ္အသင္းမဆို တစ္သင္းကို တစ္သင္း အႏိုင္ယူႏိုင္ စြမ္းရွိပါတယ္ ။ ဒီပြဲမွာ ကြၽန္ေတာ္တို႔ဟာ တစ္ဖက္သတ္ စိုးမိုး ကစားႏိုင္ခဲ့တယ္ ဆိုတာကို အခ်က္အလက္ေတြက ေဖာ္ျပေနပါတယ္ ။ ”

” ဒီေန႔ပြဲမွာ အသင္းသားေတြရဲ႕ ခံယူခ်က္ ၊ ကစားအားနဲ႔ အာ႐ုံစူးစိုက္မႈေတြကို ကြၽန္ေတာ္ သေဘာက် ႏွစ္သက္မိပါတယ္ ။ ဒါေပမယ့္ ဂိုးသြင္းဖို႔ ေမ့ေနခဲ့သလိုပါပဲ ။ ဒီေန႔မွာ ကြၽန္ေတာ္တို႔ဟာ ေနာက္ဆုံး ၇ပြဲဆက္ ႏိုင္ရမယ့္ပြဲ ျဖစ္ခဲ့ရမွာပါ ။”

”ကံဆိုးစြာနဲ႔ တစ္ခါတေလမွာ ဒီေန႔လို အမွတ္ေလ်ာ့တာမ်ိဳး ႀကဳံခဲ့ရပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔လည္း ဘရန္းဖို႔ဒ္နဲ႔ ပြဲမွာတုန္းကကံေကာင္းခဲ့တာပါပဲ။ ေဘာလုံးမွာ ဒါမ်ိဳးက ျဖစ္တတ္ပါတယ္။ ” လို႔ ေျပာၾကားခဲ့ပါတယ္။