သူ့အသင်းသစ်ထက် ပိုများတဲ့ဆုဖလားအောင်မြင်မှုနဲ့ စပါးကိုရောက်လာတဲ့ မော်ရင်ဟို

photo-gettyimages

photo-tottenham

ပိုချက်တီနိုကိုထုတ်ပြီး မော်ရင်ဟိုကိုခန့်ဖို့ စပါးအတွက် ၁၂ နာရီသာကြာခဲ့တာပါ။ မော်ရင်ဟိုကိုခန့်ပြီးတဲ့နောက် စပါးအသင်းဥက္ကဌဒန်နီလီဗိုင်းရဲ့ကြေညာချက်ထဲမှာလည်း အဲဒီပေါ်တူဂီသားဟာ ကိုင်တွယ်တဲ့အသင်းတိုင်းမှာ ဆုဖလားအောင်မြင်မှုရခဲ့တယ်ဆိုတဲ့ စကားလုံးပါဝင်ပါတယ်။ ဒါကြောင့် ရှင်းပါတယ်။ စပါးဟာ မော်ရင်ဟိုခန့်ခဲ့တာ လက်ရှိကြုံတွေ့နေရတဲ့ပြသနာတွေကိုဖြေရှင်းဖို့အပြင် ဆုဖလားအောင်မြင်မှုရရှိရေးအတွက်လည်း ရည်ရွယ်ပါတယ်။

photo-gettyimages

ပိုချက်တီနိုလက်ထက်မှာ ချန်ပီယံလိဂ်ဝင်ခွင့်တွေဆက်တိုက်ရရှိခဲ့သလို ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်အောင် ဦးမော့ခဲ့တာမှန်ပေမယ့် အဲဒီအာဂျင်တီးနားသားရဲ့ ၅ နှစ်ခွဲကြာ စပါးနည်းပြဘဝမှာ ဘာဆုဖလားအောင်မြင်မှုမှ ရခဲ့တာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း မော်ရင်ဟိုဘက်ကို သူတို့ဦးလှည့်လာခဲ့တာပါ။ မော်ရင်ဟိုရဲ့ CV Form ထဲက ဆုဖလားအောင်မြင်မှုစာရင်းကလည်း မနည်းမနောမဟုတ်လား။ မော်ရင်ဟိုဟာ သူ့နည်းပြဘဝမှာ ဆုဖလားအောင်မြင်မှု ၂၅ ကြိမ်တောင်ရှိခဲ့ပြီး ၂၁ ရာစုထဲမှာ သူ့ထက်ဆုဖလားပိုများတာဆိုလို့ မန်စီးတီးက ဂွါဒီယိုလာတစ်ယောက်ပဲ ရှိပါတော့တယ်။

photo-gettyimages

ဒီအချိန်မှာ စပါးကတော့ အသင်းရဲ့ ၁၃၇ နှစ်ကြာသက်တမ်းတစ်လျှောက်မှာ အဓိကဆုဖလား ၂၄ ခုသာ ရှိခဲ့ပါတယ်။ မော်ရင်ဟိုရဲ့နည်းပြဘဝဆုဖလားအောင်မြင်မှုထက်တောင် ပိုနည်းနေတာပါ။ တကယ်လည်း စပါးဟာ ဆုဖလားအောင်မြင်မှုနဲ့ဝေးကွာနေတာ ၂၀၀၈ ကတည်းကဖြစ်ပြီး သူ့တို့နောက်ဆုံးဗိုလ်စွဲခဲ့တာ အဲဒီနှစ်က စပိန်သားနည်းပြရာမို့စ်လက်ထက် အင်္ဂလန်လိဂ်ဖလားပါ။ သူတို့ရဲ့ကာလရှည်ကြာဆုဖလားဆိတ်သုဉ်းမှုကို အဆုံးသတ်ပေးနိုင်မယ့်တစ်စုံတစ်ယောက်ဆိုရင်တော့ အစဉ်အလာအရ မော်ရင်ဟိုပဲဖြစ်မှာပေါ့။

[Zawgyi]

သူ႔အသင္းသစ္ထက္ ပိုမ်ားတဲ့ဆုဖလားေအာင္ျမင္မႈနဲ႔ စပါးကိုေရာက္လာတဲ့ ေမာ္ရင္ဟို

ပိုခ်က္တီႏိိုကိုထုတ္ၿပီး ေမာ္ရင္ဟိုကိုခန္႔ဖို႔ စပါးအတြက္ ၁၂ နာရီသာၾကာခဲ့တာပါ။ ေမာ္ရင္ဟိုကိုခန္႔ၿပီးတဲ့ေနာက္ စပါးအသင္းဥကၠဌဒန္နီလီဗိုင္းရဲ႕ေၾကညာခ်က္ထဲမွာလည္း အဲဒီေပၚတူဂီသားဟာ ကိုင္တြယ္တဲ့အသင္းတိုင္းမွာ ဆုဖလားေအာင္ျမင္မႈရခဲ့တယ္ဆုိတဲ့ စကားလုံးပါ၀င္ပါတယ္။ ဒါေၾကာင့္ ရွင္းပါတယ္။ စပါးဟာ ေမာ္ရင္ဟိုခန္႔ခဲ့တာ လက္ရွိႀကဳံေတြ႕ေနရတဲ့ျပသနာေတြကိုေျဖရွင္းဖုိ႔အျပင္ ဆုဖလားေအာင္ျမင္မႈရရွိေရးအတြက္လည္း ရည္ရြယ္ပါတယ္။

ပိုခ်က္တီႏိုလက္ထက္မွာ ခ်န္ပီယံလိဂ္၀င္ခြင့္ေတြဆက္တိုက္ရရွိခဲ့သလို ခ်န္ပီယံလိဂ္ဗုိလ္လုပြဲအထိ တက္လွမ္းႏိုင္ေအာင္ ဦးေမာ့ခ့ဲတာမွန္ေပမယ့္ အဲဒီအာဂ်င္တီးနားသားရဲ႕ ၅ ႏွစ္ခြဲၾကာ စပါးနည္းျပဘ၀မွာ ဘာဆုဖလားေအာင္ျမင္မႈမွ ရခဲ့တာ မဟုတ္ပါဘူး။ ဒါေၾကာင့္လည္း ေမာ္ရင္ဟိုဘက္ကို သူတို႔ဦးလွည့္လာခဲ့တာပါ။ ေမာ္ရင္ဟိုရဲ႕ CV Form ထဲက ဆုဖလားေအာင္ျမင္မႈစာရင္းကလည္း မနည္းမေနာမဟုတ္လား။ ေမာ္ရင္ဟိုဟာ သူ႔နည္းျပဘ၀မွာ ဆုဖလားေအာင္ျမင္မႈ ၂၅ ႀကိမ္ေတာင္ရွိခဲ့ၿပီး ၂၁ ရာစုထဲမွာ သူ႔ထက္ဆုဖလားပိုမ်ားတာဆိုလို႔ မန္စီးတီးက ဂြါဒီယိုလာတစ္ေယာက္ပဲ ရွိပါေတာ့တယ္။

ဒီအခ်ိန္မွာ စပါးကေတာ့ အသင္းရဲ႕ ၁၃၇ ႏွစ္ၾကာသက္တမ္းတစ္ေလွ်ာက္မွာ အဓိကဆုဖလား ၂၄ ခုသာ ရွိခဲ့ပါတယ္။ ေမာ္ရင္ဟိုရဲ႕နည္းျပဘ၀ဆုဖလားေအာင္ျမင္မႈထက္ေတာင္ ပိုနည္းေနတာပါ။ တကယ္လည္း စပါးဟာ ဆုဖလားေအာင္ျမင္မႈနဲ႔ေ၀းကြာေနတာ ၂၀၀၈ ကတည္းကျဖစ္ၿပီး သူ႔တို႔ေနာက္ဆုံးဗုိလ္စြဲခဲ့တာ အဲဒီႏွစ္က စပိန္သားနည္းျပရာမို႔စ္လက္ထက္ အဂၤလန္လိဂ္ဖလားပါ။ သူတုိ႔ရဲ႕ကာလရွည္ၾကာဆုဖလားဆိတ္သုဥ္းမႈကို အဆုံးသတ္ေပးႏိုင္မယ့္တစ္စုံတစ္ေယာက္ဆိုရင္ေတာ့ အစဥ္အလာအရ ေမာ္ရင္ဟိုပဲျဖစ္မွာေပါ့။