သူ့အနာဂတ်နဲ့ပတ်သက်ပြီး ဘာမှပြောစရာစကားမရှိဘူးလို့ ဘာစီလိုနာနည်းပြကိုးမန်းဖွင့်ဟ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းနည်းပြရောနယ်လ်ကိုးမန်းက သူ့အနာဂတ်နဲ့ပတ်သက်ပြီး အခုအချိန်မှာ ဘာမှမပြောလိုဘူးလို့ ဂရန်နာဒါနဲ့(၁-၁)ဂိုးစီသရေကျခဲ့တဲ့လာလီဂါပွဲအပြီးမှာ ဖွင့်ဟပြောဆိုလိုက်ပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ကြားရက်တုန်းက ချန်ပီယံလိဂ်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို (၃-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး အသင်းရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်

ပထမဆုံးအဖြစ်တစ်ပွဲလုံးဂိုးပေါက်တည့်မှုတစ်ကြိမ်မရှိမှမရှိတဲ့ မှတ်တမ်းဆိုးပိုင်ဆိုင်ခဲ့ရသလို အခု ဂရန်နာဒါနဲ့ပွဲမှာလည်း ပွဲအစ(၁)မိနစ်ကျော်မှာပဲ ဦးဆောင်ဂိုးပေးလိုက်ရပြီးမှ သရေတစ်မှတ်ရအောင် ပီကေးကိုပါ လုခ်ဒီယွန်းနဲ့အတူ တိုက်စစ်နေရာမှာထားပြီးတော့ အသည်းအသန်ကစားခဲ့ရတာပါ။

ဒီပွဲမှာ ဘာစီလိုနာအသင်းဟာ ပြိုင်ဘက်ဂိုးဧရိယာထဲကို ဖြတ်တင်ဘောအကြိမ်ပေါင်း (၅၄)ကြိမ်အထိပြုလုပ်ခဲ့ပြီး ဒါက ၂၀၁၆၊ နိုဝင်ဘာလတုန်းက မာလာဂါနဲ့ကစားခဲ့တဲ့ပွဲမှာ (၅၅)ကြိမ်ပြီးရင် အများဆုံးအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

ပြိုင်ပွဲစုံ အိမ်ကွင်း(၂)ပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့ပြီးတဲ့နောက် နည်းပြကိုးမန်းကို ဝေဖန်မှုတွေမြင့်တက်နေသလို လာမယ့်ပွဲတွေမှာ ရလဒ်မကောင်းဘူးဆိုရင် ရာထူးအထုတ်ခံရနိုင်တယ်လို့လည်း သတင်းတွေထွက်နေတာဖြစ်ပါတယ်။

ဂရန်နာဒါနဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက ဘာစီလိုနာအသင်းနည်းပြအနာဂတ်နဲ့ပတ်သက်လို့ထင်မြင်ချက်ကို မေးမြန်းခဲ့ချိန်မှာ ကိုးမန်းက “ကျွန်တော့်အနာဂတ်နဲ့ပတ်သက်လို့ နောက်ထပ်ဘာမှမပြောချင်ပါဘူး”လို့ တုံးတိဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် ဂရန်နာဒါအသင်းဟာ ဦးဆောင်ဂိုးရပြီးနောက်ပိုင်း ခံစစ်ကို ပိတ်ဆို့ကစားနေတာကြောင့် တိုက်စစ်ကစားပုံပြောင်းလဲခဲ့ရတယ်လို့ ကိုးမန်းကဖြေရှင်းခဲ့ပါတယ်။ ကိုးမန်းက “ဒီကနေ့ ဘာစီလိုနာအသင်းဟာ လွန်ခဲ့တဲ့(၈)နှစ်လောက်က ဘာစီလိုနာအသင်းမဟုတ်တော့ပါဘူး။

ဘာစီလိုနာအသင်းရဲ့ဟန်အတိုင်းကစားခဲ့ပေမယ့် Wide Areas တွေမှာ မြန်နှုန်းမြင့်ကစားနိုင်မယ့်သူ မရှိပါဘူး။

ကော်တင်ဟိုက အတွင်းထဲဝင်ကစားတတ်တဲ့သူဖြစ်ပြီး ဒေမီယာကလည်း တောင်ပံထွက်ကစားတဲ့အပိုင်းမှာ အားနည်းပါတယ်။

အန်ဆုဖာတီ ဒါမှမဟုတ် ဒမ်ဘီလီတို့တွေ ပြန်ကစားနိုင်ရင်တော့ ကျွန်တော်တို့ကစားပုံပြောင်းလဲသွားနိုင်ပေမယ့် အခုအချိန်မှာ သူတို့နှစ်ယောက်က ကြံ့ခိုင်မှုမရှိတာကြောင့် သင့်တော်မယ့်ကစားဟန်ကို အသုံးပြုခဲ့ရတာပါ။

ဒီပွဲမတိုင်ခင်က အိမ်ကွင်းလည်းဖြစ်နေတာကြောင့် နိုင်ပွဲရဖို့ အားလုံးကမျှော်လင့်ထားပေမယ့် ပွဲအစပိုင်းအထလေးမှုကြောင့် ကျွန်တော်တို့ ရုန်းကန်ခဲ့ရပါတယ်။

ပွဲစကတည်းက အင်တိုက်အားတိုက်မကစားနိုင်ခဲ့တာက ကျွန်တော်တို့ရဲ့အမှားလို့ပြောရမှာပါပဲ”ဆိုပြီး ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သူ႔အနာဂတ္နဲ႔ပတ္သက္ၿပီး ဘာမွေျပာစရာစကားမရွိဘူးလို႔ ဘာစီလိုနာနည္းျပကိုးမန္းဖြင့္ဟ

ဘာစီလိုနာအသင္းနည္းျပေရာနယ္လ္ကိုးမန္းက သူ႔အနာဂတ္နဲ႔ပတ္သက္ၿပီး အခုအခ်ိန္မွာ ဘာမွမေျပာလိုဘူးလို႔ ဂရန္နာဒါနဲ႔(၁-၁)ဂိုးစီသေရက်ခဲ့တဲ့လာလီဂါပြဲအၿပီးမွာ ဖြင့္ဟေျပာဆိုလိုက္ပါတယ္။ ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့ၾကားရက္တုန္းက ခ်န္ပီယံလိဂ္ပြဲမွာ ဘိုင္ယန္ျမဴးနစ္အသင္းကို (၃-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး အသင္းရဲ႕ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအျဖစ္တစ္ပြဲလုံးဂိုးေပါက္တည့္မႈတစ္ႀကိမ္မရွိမွမရွိတဲ့ မွတ္တမ္းဆိုးပိုင္ဆိုင္ခဲ့ရသလို အခု ဂရန္နာဒါနဲ႔ပြဲမွာလည္း ပြဲအစ(၁)မိနစ္ေက်ာ္မွာပဲ ဦးေဆာင္ဂိုးေပးလိုက္ရၿပီးမွ သေရတစ္မွတ္ရေအာင္ ပီေကးကိုပါ လုခ္ဒီယြန္းနဲ႔အတူ တိုက္စစ္ေနရာမွာထားၿပီးေတာ့ အသည္းအသန္ကစားခဲ့ရတာပါ။

ဒီပြဲမွာ ဘာစီလိုနာအသင္းဟာ ၿပိဳင္ဘက္ဂိုးဧရိယာထဲကို ျဖတ္တင္ေဘာအႀကိမ္ေပါင္း (၅၄)ႀကိမ္အထိျပဳလုပ္ခဲ့ၿပီး ဒါက ၂၀၁၆၊ ႏိုဝင္ဘာလတုန္းက မာလာဂါနဲ႔ကစားခဲ့တဲ့ပြဲမွာ (၅၅)ႀကိမ္ၿပီးရင္ အမ်ားဆုံးအျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။ ၿပိဳင္ပြဲစုံ အိမ္ကြင္း(၂)ပြဲဆက္တိုက္ႏိုင္ပြဲေပ်ာက္ခဲ့ၿပီးတဲ့ေနာက္ နည္းျပကိုးမန္းကို ေဝဖန္မႈေတြျမင့္တက္ေနသလို လာမယ့္ပြဲေတြမွာ ရလဒ္မေကာင္းဘူးဆိုရင္ ရာထူးအထုတ္ခံရႏိုင္တယ္လို႔လည္း သတင္းေတြထြက္ေနတာျဖစ္ပါတယ္။

ဂရန္နာဒါနဲ႔ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာ သတင္းေထာက္ေတြက ဘာစီလိုနာအသင္းနည္းျပအနာဂတ္နဲ႔ပတ္သက္လို႔ထင္ျမင္ခ်က္ကို ေမးျမန္းခဲ့ခ်ိန္မွာ ကိုးမန္းက “ကြၽန္ေတာ့္အနာဂတ္နဲ႔ပတ္သက္လို႔ ေနာက္ထပ္ဘာမွမေျပာခ်င္ပါဘူး”လို႔ တုံးတိေျဖၾကားခဲ့ပါတယ္။ ဒါ့အျပင္ ဂရန္နာဒါအသင္းဟာ ဦးေဆာင္ဂိုးရၿပီးေနာက္ပိုင္း ခံစစ္ကို ပိတ္ဆို႔ကစားေနတာေၾကာင့္ တိုက္စစ္ကစားပုံေျပာင္းလဲခဲ့ရတယ္လို႔ ကိုးမန္းကေျဖရွင္းခဲ့ပါတယ္။

ကိုးမန္းက “ဒီကေန႔ ဘာစီလိုနာအသင္းဟာ လြန္ခဲ့တဲ့(၈)ႏွစ္ေလာက္က ဘာစီလိုနာအသင္းမဟုတ္ေတာ့ပါဘူး။ ဘာစီလိုနာအသင္းရဲ႕ဟန္အတိုင္းကစားခဲ့ေပမယ့္ Wide Areas ေတြမွာ ျမန္ႏႈန္းျမင့္ကစားႏိုင္မယ့္သူ မရွိပါဘူး။ ေကာ္တင္ဟိုက အတြင္းထဲဝင္ကစားတတ္တဲ့သူျဖစ္ၿပီး ေဒမီယာကလည္း ေတာင္ပံထြက္ကစားတဲ့အပိုင္းမွာ အားနည္းပါတယ္။ အန္ဆုဖာတီ ဒါမွမဟုတ္ ဒမ္ဘီလီတို႔ေတြ ျပန္ကစားႏိုင္ရင္ေတာ့ ကြၽန္ေတာ္တို႔ကစားပုံေျပာင္းလဲသြားႏိုင္ေပမယ့္ အခုအခ်ိန္မွာ သူတို႔ႏွစ္ေယာက္က ႀကံ့ခိုင္မႈမရွိတာေၾကာင့္ သင့္ေတာ္မယ့္ကစားဟန္ကို အသုံးျပဳခဲ့ရတာပါ။ ဒီပြဲမတိုင္ခင္က အိမ္ကြင္းလည္းျဖစ္ေနတာေၾကာင့္ ႏိုင္ပြဲရဖို႔ အားလုံးကေမွ်ာ္လင့္ထားေပမယ့္ ပြဲအစပိုင္းအထေလးမႈေၾကာင့္ ကြၽန္ေတာ္တို႔ ႐ုန္းကန္ခဲ့ရပါတယ္။ ပြဲစကတည္းက အင္တိုက္အားတိုက္မကစားႏိုင္ခဲ့တာက ကြၽန္ေတာ္တို႔ရဲ႕အမွားလို႔ေျပာရမွာပါပဲ”ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။