သူ့အတွက် အခက်ခဲဆုံးပြိုင်ဘက်မရှိကြောင်း ပီပီ ဖွင့်ဟလိုက်ပြီ

Photo Credit

Photo Credit

အာဆင်နယ်အသင်းရဲ့ပြောင်းရွှေ့ကြေးအများဆုံးကစားသမားဖြစ်တဲ့ နီကိုလပ်စ်ပီပီက သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက် အခက်ခဲဆုံးပြိုင်ဘက်ဆိုလို့ တစ်ယောက်မှမရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အိုင်ဗရီကို့စ်လက်ရွေးစင် ပီပီဟာ ပြီးခဲ့တဲ့နွေရာသီက လိုင်လီကနေ ပေါင် ၇၂သန်းနဲ့ ရောက်ရှိလာပေမယ့် အခုချိန်အထိ မျှော်လင့်ထားသလို ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။

Photo Credit

ဒါပေမဲ့ အသက် ၂၄ နှစ်အရွယ်ရှိ ပီပီကတော့ ယုံကြည်ချက်အပြည့်ရှိနေဆဲဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ YouTube channel အတွက် ဗီဒီယိုရိုက်ကူးစဉ် အသင်းဖော်ကွင်းလယ်လူ ဂွမ်ဒိုဇီရဲ့မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ သူ့အတွက် အခက်ခဲဆုံးပြိုင်ဘက်ရယ်လို့ မရှိသေးကြောင်း ဖြေကြားခဲ့တာဖြစ်ပါတယ်။

Photo Credit

တကယ်လို့များ မက်ဆီဖြစ်ဖြစ် ရော်နယ်ဒိုဖြစ်ဖြစ် ဒီလိုပြောခဲ့ရင် စိတ်ဓာတ်ပိုင်းမာကျောမှုအဖြစ် ပြောနိုင်သေးပေမယ့် အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၇ပွဲမှာ ၅ဂိုးပဲသွင်းယူထားပြီး အဲဒီ ၅ဂိုးထဲမှာ Open Play ကနေ သွင်းယူနိုင်တာ ၂ဂိုးပဲရှိသေးတဲ့ ပီပီအတွက်တော့ ဒီလိုဖြေဖို့က နည်းနည်းတော့ယုံကြည်မှုလွန်ကဲရာရောက်နေတယ်လို့ သတင်းတွေက သုံးသပ်နေပါတယ်။

Photo Credit

ဒီလိုအာဆင်နယ်အသင်းမှာ အဓိကကစားသမားအဖြစ် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပေမယ့် ပီပီကတော့ နည်းပြသစ် အာတီတာရဲ့လက်အောက်မှာ ပုံမှန်ခြေစွမ်းပြနိုင်ဖို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

Photo Credit

”ဖြစ်ရပ်တွေက လုံးဝကို အကောင်းဘက်ရောက်လာပါပြီ။ ကျွန်တော်ကိုယ်တိုင်လည်း အခုချိန်ထိ သင်ယူလေ့လာနေဆဲဖြစ်ပြီး တိုးတက်လာဖို့လည်း အများကြီးကျန်နေသေးပေမယ့် ဖြစ်ရပ်တွေကို နားလည်လာတဲ့အခါ သင်ယူရတာ ပိုလွယ်ကူလာပါတယ်”

Photo Credit

”အာတီတာက ကွင်းအတွင်း ကျွန်တော် ဘယ်လိုကစားရမလဲ၊ ကျွန်တော့်ဆီက သူဘာလိုချင်လဲဆိုတာ အတိအကျပြောပါတယ်။ ပြီးတော့ ဗီဒီယိုတွေလည်း ပြပြီး သင်ပြပါတယ်။ ကစားသမားတစ်ဦးအနေနဲ့ ကျွန်တော် တိုးတက်လာအောင် သူက အများကြီးကူညီပေးနေပါတယ်”လု့ိ ပီပီက ပြောခဲ့ပါတယ်။

Photo Credit

Zawgyi

သူ႕အတြက္ အခက္ခဲဆုံးၿပိဳင္ဘက္မရွိေၾကာင္း ပီပီ ဖြင့္ဟလိုက္ၿပီ

အာဆင္နယ္အသင္းရဲ႕ေျပာင္းေရႊ႕ေၾကးအမ်ားဆုံးကစားသမားျဖစ္တဲ့ နီကိုလပ္စ္ပီပီက သူ႕ရဲ႕ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀တစ္ေလွ်ာက္ အခက္ခဲဆုံးၿပိဳင္ဘက္ဆုိလုိ႔ တစ္ေယာက္မွမရွိေၾကာင္း ထုတ္ေဖာ္ေျပာဆိုလုိက္ပါတယ္။ အုိင္ဗရီကို႔စ္လက္ေရြးစင္ ပီပီဟာ ၿပီးခဲ့တဲ့ေႏြရာသီက လုိင္လီကေန ေပါင္ ၇၂သန္းနဲ႔ ေရာက္ရွိလာေပမယ့္ အခုခ်ိန္အထိ ေမွ်ာ္လင့္ထားသလုိ ေျခစြမ္းျပႏုိင္ဖို႔ ႐ုန္းကန္ေနရပါတယ္။
ဒါေပမဲ့ အသက္ ၂၄ ႏွစ္အရြယ္ရွိ ပီပီကေတာ့ ယုံၾကည္ခ်က္အျပည့္ရွိေနဆဲျဖစ္ၿပီး အာဆင္နယ္အသင္းရဲ႕ YouTube channel အတြက္ ဗီဒီယို႐ိုက္ကူးစဥ္ အသင္းေဖာ္ကြင္းလယ္လူ ဂြမ္ဒိုဇီရဲ႕ေမးခြန္းကို ျပန္လည္ေျဖၾကားရာမွာ သူ႕အတြက္ အခက္ခဲဆုံးၿပိဳင္ဘက္ရယ္လုိ႔ မရွိေသးေၾကာင္း ေျဖၾကားခ့ဲတာျဖစ္ပါတယ္။
တကယ္လုိ႔မ်ား မက္ဆီျဖစ္ျဖစ္ ေရာ္နယ္ဒိုျဖစ္ျဖစ္ ဒီလုိေျပာခဲ့ရင္ စိတ္ဓာတ္ပုိင္းမာေက်ာမႈအျဖစ္ ေျပာႏိုင္ေသးေပမယ့္ အာဆင္နယ္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၂၇ပြဲမွာ ၅ဂိုးပဲသြင္းယူထားၿပီး အဲဒီ ၅ဂိုးထဲမွာ Open Play ကေန သြင္းယူႏိုင္တာ ၂ဂိုးပဲရိွေသးတဲ့ ပီပီအတြက္ေတာ့ ဒီလုိေျဖဖုိ႔က နည္းနည္းေတာ့ယုံၾကည္မႈလြန္ကဲရာေရာက္ေနတယ္လုိ႔ သတင္းေတြက သုံးသပ္ေနပါတယ္။
ဒီလိုအာဆင္နယ္အသင္းမွာ အဓိကကစားသမားအျဖစ္ ေျခစြမ္းျပႏုိင္ဖို႔ ႐ုန္းကန္ေနရေပမယ့္ ပီပီကေတာ့ နည္းျပသစ္ အာတီတာရဲ႕လက္ေအာက္မွာ ပုံမွန္ေျခစြမ္းျပႏိုင္ဖို႔ ယုံၾကည္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
”ျဖစ္ရပ္ေတြက လုံး၀ကို အေကာင္းဘက္ေရာက္လာပါၿပီ။ ကၽြန္ေတာ္ကိုယ္တိုင္လည္း အခုခ်ိန္ထိ သင္ယူေလ့လာေနဆဲျဖစ္ၿပီး တုိးတက္လာဖုိ႔လည္း အမ်ားႀကီးက်န္ေနေသးေပမယ့္ ျဖစ္ရပ္ေတြကို နားလည္လာတဲ့အခါ သင္ယူရတာ ပိုလြယ္ကူလာပါတယ္”
”အာတီတာက ကြင္းအတြင္း ကၽြန္ေတာ္ ဘယ္လုိကစားရမလဲ၊ ကၽြန္ေတာ့္ဆီက သူဘာလုိခ်င္လဲဆိုတာ အတိအက်ေျပာပါတယ္။ ၿပီးေတာ့ ဗီဒီယိုေတြလည္း ျပၿပီး သင္ျပပါတယ္။ ကစားသမားတစ္ဦးအေနနဲ႔ ကၽြန္ေတာ္ တုိးတက္လာေအာင္ သူက အမ်ားႀကီးကူညီေပးေနပါတယ္”လု႔ိ ပီပီက ေျပာခဲ့ပါတယ္။