သူ့ရဲ့အောင်ပွဲခံပုံက ဘယ်သူ့ကိုမှရည်ညွှန်းခဲ့တာမဟုတ်ဘူးလို့ မက်ဂွိုင်းယားတုံ့ပြန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင်နောက်ခံလူမက်ဂွိုင်းယားက အယ်လ်ဘေးနီးယားနဲ့ပွဲမှာ ဂိုးသွင်းအပြီးအောင်ပွဲခံခဲ့တဲ့ပုံစံက ဘယ်သူ့ကိုမှရည်ညွှန်းခဲ့တာမဟုတ်ဘူးလို့ တု့ံပြန်ပြောဆိုလိုက်ပါတယ်။

အယ်လ်ဘေးနီးယားအသင်းကို (၅-၀)ဂိုးပြတ်အနိုင်ရခဲ့တဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပွဲအစ(၉)မိနစ်မှာပဲ မက်ဂွိုင်းယားက အသင်းအတွက်ဦးဆောင်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်သလို

အောင်ပွဲခံချိန်မှာ သူ့နားနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ကာလိုက်ပြီး မကြာခင်မှာပဲ နားထဲကို လက်ညိုးနဲ့ပိတ်လိုက်ပြီးတော့ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

မက်ဂွိုင်းယားရဲ့အောင်ပွဲခံပုံက သူ့ရဲ့ခြေစွမ်းအပေါ်ဝေဖန်သံတွေကို မကြားချင်ဘူးဆိုတဲ့ပုံစံမျိုးပေါက်နေပြီး အဲဒီအပြုအမူနဲ့ပတ်သက်လို့ ယူနိုက်တက်ဂန္ထဝင်အသင်းခေါင်းဆောင်ရွိုင်ကိန်းက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။

ရွိုင်ကိန်းက “ဒါဟာ တကယ့်ကို ရှက်စရာကောင်းတဲ့အပြုအမူပါပဲ။

မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့လတွေကတည်းက ယူနိုက်တက်အသင်းမှာ ရှက်စရာကောင်းတဲ့စွမ်းဆောင်မျိုးပြသနေတာဖြစ်ပါတယ်”လို့ပြစ်တင်ခဲ့ပါတယ်။

ဒါပေမဲ့ မက်ဂွိုင်းယားကတော့ သူ့ရဲ့အောင်ပွဲခံပုံက ဘယ်သူ့ကိုမှရည်ရွယ်ပြီး အောင်ပွဲခံခဲ့တာမဟုတ်ဘူးလို့ ပြန်လည်တု့ံပြန်ခဲ့တာဖြစ်ပါတယ်။

မက်ဂွိုင်းယားက “ကျွန်တော့်ရဲ့အောင်ပွဲခံပုံက ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ပြီးတော့ ပြုမူခဲ့တာမဟုတ်ပါဘူး။

ဒီအတိုင်းပဲ ဒူးနဲ့လျောထိုးအောင်ပွဲခံခဲ့တာဖြစ်ပြီး ကျွန်တော့်နားတွေကို လက်နဲ့ကာလိုက်တာဖြစ်ပါတယ်။

ကျွန်တော်ဟာ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဖြစ်တာကြောင့် အသင်းက ရလဒ်မကောင်းရင် ကျွန်တော့်ကိုဝေဖန်ကြမှာ အသေအချာပဲဖြစ်ပြီး အဲဒါကို အပြည့်အဝနားလည်ပြီးသားပါပဲ။

ဒါပေမဲ့ အခုအပြုအမူက ဘယ်သူ့ကိုမှမရည်ရွယ်တာတော့ အမှန်ပဲဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

မက်ဂွိုင်းယားဟာ ဒဏ်ရာကနေပြန်လာပြီး ပထမဆုံးကစားခဲ့တဲ့ လက်စတာအသင်းနဲ့ပွဲကစလို့ အခုနောက်ပိုင်းပွဲတွေမှာ

စိတ်ပျက်စရာစွမ်းဆောင်ရည်တွေပြသနေတာကြောင့် သူ့ရဲ့ခြေစွမ်းကို ဝေဖန်သံတွေထွက်ပေါ်နေပေမယ့် အင်္ဂလန်အသင်းမှာတော့ ခြေစွမ်းပြကစားနေတာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သူ႔ရဲ႕ေအာင္ပြဲခံပုံက ဘယ္သူ႔ကိုမွရည္ၫႊန္းခဲ့တာမဟုတ္ဘူးလို႔ မက္ဂြိဳင္းယားတုံ႔ျပန္

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အဂၤလန္လက္ေ႐ြးစင္ေနာက္ခံလူမက္ဂြိဳင္းယားက အယ္လ္ေဘးနီးယားနဲ႔ပြဲမွာ ဂိုးသြင္းအၿပီးေအာင္ပြဲခံခဲ့တဲ့ပုံစံက ဘယ္သူ႔ကိုမွရည္ၫႊန္းခဲ့တာမဟုတ္ဘူးလို႔ တု႔ံျပန္ေျပာဆိုလိုက္ပါတယ္။ အယ္လ္ေဘးနီးယားအသင္းကို (၅-၀)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ကမာၻ႔ဖလားေျခစစ္ပြဲမွာ ပြဲအစ(၉)မိနစ္မွာပဲ မက္ဂြိဳင္းယားက အသင္းအတြက္ဦးေဆာင္ဂိုးကို ေခါင္းတိုက္သြင္းယူခဲ့တာျဖစ္သလို ေအာင္ပြဲခံခ်ိန္မွာ သူ႔နားႏွစ္ဖက္ကို လက္ႏွစ္ဖက္နဲ႔ကာလိုက္ၿပီး မၾကာခင္မွာပဲ နားထဲကို လက္ညိဳးနဲ႔ပိတ္လိုက္ၿပီးေတာ့ ေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။ မက္ဂြိဳင္းယားရဲ႕ေအာင္ပြဲခံပုံက သူ႔ရဲ႕ေျခစြမ္းအေပၚေဝဖန္သံေတြကို မၾကားခ်င္ဘူးဆိုတဲ့ပုံစံမ်ိဳးေပါက္ေနၿပီး အဲဒီအျပဳအမူနဲ႔ပတ္သက္လို႔ ယူႏိုက္တက္ဂႏၴဝင္အသင္းေခါင္းေဆာင္႐ြိဳင္ကိန္းက ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့ပါတယ္။ ႐ြိဳင္ကိန္းက “ဒါဟာ တကယ့္ကို ရွက္စရာေကာင္းတဲ့အျပဳအမူပါပဲ။ မက္ဂြိဳင္းယားဟာ ၿပီးခဲ့တဲ့လေတြကတည္းက ယူႏိုက္တက္အသင္းမွာ ရွက္စရာေကာင္းတဲ့စြမ္းေဆာင္မ်ိဳးျပသေနတာျဖစ္ပါတယ္”လို႔ျပစ္တင္ခဲ့ပါတယ္။

ဒါေပမဲ့ မက္ဂြိဳင္းယားကေတာ့ သူ႔ရဲ႕ေအာင္ပြဲခံပုံက ဘယ္သူ႔ကိုမွရည္႐ြယ္ၿပီး ေအာင္ပြဲခံခဲ့တာမဟုတ္ဘူးလို႔ ျပန္လည္တု႔ံျပန္ခဲ့တာျဖစ္ပါတယ္။ မက္ဂြိဳင္းယားက “ကြၽန္ေတာ့္ရဲ႕ေအာင္ပြဲခံပုံက ဘယ္သူတစ္ဦးတစ္ေယာက္ကိုမွ ရည္႐ြယ္ၿပီးေတာ့ ျပဳမူခဲ့တာမဟုတ္ပါဘူး။ ဒီအတိုင္းပဲ ဒူးနဲ႔ေလ်ာထိုးေအာင္ပြဲခံခဲ့တာျဖစ္ၿပီး ကြၽန္ေတာ့္နားေတြကို လက္နဲ႔ကာလိုက္တာျဖစ္ပါတယ္။ ကြၽန္ေတာ္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ျဖစ္တာေၾကာင့္ အသင္းက ရလဒ္မေကာင္းရင္ ကြၽန္ေတာ့္ကိုေဝဖန္ၾကမွာ အေသအခ်ာပဲျဖစ္ၿပီး အဲဒါကို အျပည့္အဝနားလည္ၿပီးသားပါပဲ။ ဒါေပမဲ့ အခုအျပဳအမူက ဘယ္သူ႔ကိုမွမရည္႐ြယ္တာေတာ့ အမွန္ပဲျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။ မက္ဂြိဳင္းယားဟာ ဒဏ္ရာကေနျပန္လာၿပီး ပထမဆုံးကစားခဲ့တဲ့ လက္စတာအသင္းနဲ႔ပြဲကစလို႔ အခုေနာက္ပိုင္းပြဲေတြမွာ စိတ္ပ်က္စရာစြမ္းေဆာင္ရည္ေတြျပသေနတာေၾကာင့္ သူ႔ရဲ႕ေျခစြမ္းကို ေဝဖန္သံေတြထြက္ေပၚေနေပမယ့္ အဂၤလန္အသင္းမွာေတာ့ ေျခစြမ္းျပကစားေနတာလည္းျဖစ္ပါတယ္။