သူ့ရဲ့အကြီးကျယ်ဆုံးအောင်မြင်မှု ၃ ခုထဲမှာ မန်ယူနဲ့ဗိုလ်စွဲတာကို ထည့်ပြောခဲ့တဲ့ တေဗက်ဇ်

photo-the sun

photo-AFP

ဝါရင့်တိုက်စစ်မှုးကားလို့စ်တေဗက်ဇ်ဟာ ဘိုကာဂျူနီယာအသင်းနဲ့အတူ အာဂျင်တီးနားလိဂ်မှာ ပူပူးနွေးနွေးဗိုလ်စွဲထားချိန်ဖြစ်ပြီး သူ့ကစားသမားဘဝရဲ့အကြီးကျယ်ဆုံးအောင်မြင်မှုတွေကို မေးမြန်းတော့ နောက်ဆုံးရရှိထားတဲ့ အာဂျင်တီးနားအမှတေ်ပးချန်ပီယံဆုနဲ့အတူ မန်ယူနဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့တာကိုပါ ထည့်ပြောခဲ့ပါတယ်။ ဒါဟာ ၂၀၁၂ တုန်းက ပရီးမီးယားလိဂ်မှာ မန်စီးတီးနဲ့ဗိုလ်စွဲခဲ့တာဟာ ဘာမှမဟုတ်တဲ့သဘောလည်း ဖြစ်သွားပါတယ်။

photo-gettyimages

”အခြေအနေအကြောင်းကြောင်းအရဆိုရင်တော့ အခုနောက်ဆုံးဗိုလ်စွဲခဲ့တာဟာ ကျွန်တော့်ဘဝရဲ့အရေးပါဆုံးဆုဖလားတွေထဲမှာ တစ်ခုအပါအဝင်ပါ။ ထိပ်ဆုံး ၃ ခုထဲမှာ အပါအဝင်ဖြစ်ပြီး ကျန်တဲ့နှစ်ခုက ဂျပန်က အင်တာကွန်တီနန်တယ်ဖလားမှာ ဗိုလ်စွဲတာနဲ့ ချန်ပီယံလိဂ်မှာ မန်ယူနဲ့အတူဗိုလ်စွဲတာတို့ပါ”လို့ တေဗက်ဇ်က ပြောခဲ့တာပါ။

photo-gettyimages

တေဗက်ဇ်ဟာ ဘိုကာဂျူနီယာကို ဗိုလ်စွဲစေမယ့်ပွဲမှာ ပွဲမတိုင်ခင် ပြိုင်ဘက်နည်းပြအဖြစ် ရောက်လာတဲ့ အသင်းဂန္ထဝင်မာရာဒိုနာကို ကံကောင်းစေဖို့ဆိုပြီး နမ်းခဲ့သလို သူကိုယ်တိုင်လည်း ပြဇတ်ဆန်မယ့်အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ သူဟာ ဘိုကာဂျူနီယာနဲ့အတူ ၂၀၀၃ တုန်းက အခုကလပ်ကမ္ဘာ့ဖလားလို့ဆိုနိုင်တဲ့ အင်တာကွန်တီနန်တယ်ဖလားမှာ ဗိုလ်စွဲခဲ့သေးပြီး အဲဒီအောင်မြင်မှု ၂ ခုဟာ သူ့ကစားသမားဘဝရဲ့အရေးပါဆုံးတွေထဲ ပါဝင်ခဲ့တာပါ။ ၂၀၀၈ ချန်ပီယံလိဂ်မှာ မန်ယူနဲ့ဗိုလ်စွဲခဲ့တာဟာလည်း သူ့ဘဝရဲ့မှတ်မှတ်ရရအဖြစ် ရှိနေဆဲပါ။ ဒါပေမဲ့ ၂၀၁၂က အဂူူရိုရဲ့ပြဇတ်ဆန်တဲ့နောက်ကျအနိုင်ဂိုးနဲ့အတူ ပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်း ပထမဆုံးအကြိမ်ဗိုလ်စွဲနိုင်ခဲ့ရာမှာ သူလည်းပါဝင်ခဲ့ပေမယ့် အရေးပါဆုံးထဲမှာတော့ မထည့်သွင်းခဲ့ပါဘူး။

[Zawgyi]

သူ႔ရဲ႕အႀကီးက်ယ္ဆုံးေအာင္ျမင္မႈ ၃ ခုထဲမွာ မန္ယူနဲ႔ဗုိလ္စြဲတာကို ထည့္ေျပာခဲ့တဲ့ ေတဗက္ဇ္

၀ါရင့္တိုက္စစ္မႈးကားလုိ႔စ္ေတဗက္ဇ္ဟာ ဘုိကာဂ်ဴနီယာအသင္းနဲ႔အတူ အာဂ်င္တီးနားလိဂ္မွာ ပူပူးေႏြးေႏြးဗုိလ္စြဲထားခ်ိန္ျဖစ္ၿပီး သူ႔ကစားသမားဘ၀ရဲ႕အႀကီးက်ယ္ဆုံးေအာင္ျမင္မႈေတြကို ေမးျမန္းေတာ့ ေနာက္ဆုံးရရွိထားတဲ့ အာဂ်င္တီးနားအမွတေ္ပးခ်န္ပီယံဆုနဲ႔အတူ မန္ယူနဲ႔ ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲခဲ့တာကိုပါ ထည့္ေျပာခဲ့ပါတယ္။ ဒါဟာ ၂၀၁၂ တုန္းက ပရီးမီးယားလိဂ္မွာ မန္စီးတီးနဲ႔ဗိုလ္စြဲခဲ့တာဟာ ဘာမွမဟုတ္တဲ့သေဘာလည္း ျဖစ္သြားပါတယ္။

”အေျခအေနအေၾကာင္းေၾကာင္းအရဆုိရင္ေတာ့ အခုေနာက္ဆုံးဗိုလ္စြဲခဲ့တာဟာ ကၽြန္ေတာ့္ဘ၀ရဲ႕အေရးပါဆုံးဆုဖလားေတြထဲမွာ တစ္ခုအပါအ၀င္ပါ။ ထိပ္ဆုံး ၃ ခုထဲမွာ အပါအ၀င္ျဖစ္ၿပီး က်န္တဲ့ႏွစ္ခုက ဂ်ပန္က အင္တာကြန္တီနန္တယ္ဖလားမွာ ဗုိလ္စြဲတာနဲ႔ ခ်န္ပီယံလိဂ္မွာ မန္ယူနဲ႔အတူဗုိလ္စြဲတာတုိ႔ပါ”လို႔ ေတဗက္ဇ္က ေျပာခဲ့တာပါ။

ေတဗက္ဇ္ဟာ ဘိုကာဂ်ဴနီယာကို ဗုိလ္စြဲေစမယ့္ပြဲမွာ ပြဲမတိုင္ခင္ ၿပိဳင္ဘက္နည္းျပအျဖစ္ ေရာက္လာတဲ့ အသင္းဂႏၳ၀င္မာရာဒိုနာကို ကံေကာင္းေစဖို႔ဆိုၿပီး နမ္းခဲ့သလုိ သူကိုယ္တိုင္လည္း ျပဇတ္ဆန္မယ့္အႏိုင္ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။ သူဟာ ဘုိကာဂ်ဴနီယာနဲ႔အတူ ၂၀၀၃ တုန္းက အခုကလပ္ကမာၻ႔ဖလားလုိ႔ဆုိႏိုင္တဲ့ အင္တာကြန္တီနန္တယ္ဖလားမွာ ဗိုလ္စြဲခဲ့ေသးၿပီး အဲဒီေအာင္ျမင္မႈ ၂ ခုဟာ သူ႔ကစားသမားဘ၀ရဲ႕အေရးပါဆုံးေတြထဲ ပါ၀င္ခဲ့တာပါ။ ၂၀၀၈ ခ်န္ပီယံလိဂ္မွာ မန္ယူနဲ႔ဗုိလ္စြဲခဲ့တာဟာလည္း သူ႔ဘ၀ရဲ႕မွတ္မွတ္ရရအျဖစ္ ရွိေနဆဲပါ။ ဒါေပမဲ့ ၂၀၁၂က အဂူူရိုရဲ႕ျပဇတ္ဆန္တဲ့ေနာက္က်အႏိုင္ဂိုးနဲ႔အတူ ပရီးမီးယားလိဂ္မွာ မန္စီးတီးအသင္း ပထမဆုံးအႀကိမ္ဗိုလ္စြဲႏိုင္ခဲ့ရာမွာ သူလည္းပါ၀င္ခဲ့ေပမယ့္ အေရးပါဆုံးထဲမွာေတာ့ မထည့္သြငး္ခဲ့ပါဘူး။