သူ့ရဲ့လက်ရှိကမ္ဘာ့အကောင်းဆုံး ၃ ဦးထဲမှာ စီရော်နယ်ဒိုကို ချန်လှပ်ခဲ့တဲ့ ဂန်ဒိုဂန်

photo-gettyimages

photo-gettyimages

လက်ရှိကမ္ဘာ့အကောင်းဆုံး ၃ ယောက်က ဘာစီလိုနာတိုက်စစ်မှုးမက်ဆီ၊ ကလပ်အသင်းဖော်ဒီဘရူနီနဲ့ ပီအက်စ်ဂျီတိုက်စစ်မှုးအမ်ဘက်ပီတို့သာ ဖြစ်ကြောင်း မန်စီးတီးကွင်းလယ်လူဂန်ဒိုဂန်က သူ့ရဲ့အမြင်ကို ဖော်ပြခဲ့ပါတယ်။ ဒါဟာ Ballon d’Or ၅ ဆုရှင်စီရော်နယ်ဒိုကို ချန်လှပ်ခဲ့တဲ့သဘောလည်း ဖြစ်ပါတယ်။

photo-gettyimages

စီရော်နယ်ဒိုဟာ ဒီရာသီစီးရီးအေ ၂၂ ပွဲမှာ ၂၁ ဂိုးသွင်းထားပြီး နည်းပြဆာရီလက်ထက် ဂျူဗင်တပ်မှာ အဓိကအကျဆုံးကစားသမားအဖြစ် ရပ်တည်နေတာပါ။ ဒီရာသီလိဂ်ပြိုင်ပွဲသွင်းဂိုးအရဆိုရင် မက်ဆီထက်တောင် ၃ ဂိုးပိုများပါတယ်။ ၃၅ နှစ်အရွယ်ရောက်နေတာတောင် ဒီလိုထိပ်တန်းအဆင့်ခြေစွမ်းကို ဆက်ထိန်းထားနိုင်ပေမယ့် ဂန်ဒိုဂန်ကတော့ စီရော်နယ်ဒိုဟာ လက်ရှိအကောင်းဆုံးစာရင်းထဲ မထည့်ခဲ့ပါဘူး။

photo-twitter

အဲဒီဂျာမန်လက်ရွေးစင်က မက်ဆီကသာ အားလုံးထဲမှာ အကောင်းဆုံးလို့ ယုံကြည်နေဆဲဖြစ်တာကြောင့် ထိပ်ဆုံးနေရာမှာ ထားတာကို တွေ့ရပါတယ်။  ဒါ့အပြင် အခုရာသီခြေစွမ်းပြနေတဲ့ မန်စီးတီးအသင်းဖော်ဒီဘရူနီကို သူ့ရဲ့လက်ရှိကမ္ဘာ့အကောင်းဆုံး ၃ ဦးစာရင်းထဲထည့်ခဲ့ပြီး နောင်တစ်ချိန်မှာ Ballon d’Or ဆုရှင်ဖြစ်လာနိုင်တဲ့အမ်ဘက်ပီကိုပါ ထည့်တွက်ခဲ့တာပါ။ ဂန်ဒိုဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်က အမေးအဖြေအစီအစဉ်တစ်ခုမှာ လက်ရှိကမ္ဘာ့အကောင်းဆုံး ၃ ယောက်ကိုမေးတော့ မက်ဆီ၊ ဒီဘရူနီနဲ့ အမ်ဘက်ပီတို့ဆိုပြီး အစီအစဉ်အတိုင်းပြန်ဖြေခဲ့တာပါ။

[Zawgyi]

သူ႔ရဲ႕လက္ရွိကမာၻ႔အေကာင္းဆုံး ၃ ဦးထဲမွာ စီေရာ္နယ္ဒိုကို ခ်န္လွပ္ခဲ့တဲ့ ဂန္ဒိုဂန္

လက္ရွိကမာၻ႔အေကာင္းဆုံး ၃ ေယာက္က ဘာစီလုိနာတိုက္စစ္မႈးမက္ဆီ၊ ကလပ္အသင္းေဖာ္ဒီဘရူနီနဲ႔ ပီအက္စ္ဂ်ီတုိက္စစ္မႈးအမ္ဘက္ပီတုိ႔သာ ျဖစ္ေၾကာင္း မန္စီးတီးကြင္းလယ္လူဂန္ဒိုဂန္က သူ႔ရဲ႕အျမင္ကုိ ေဖာ္ျပခဲ့ပါတယ္။ ဒါဟာ Ballon d’Or ၅ ဆုရွင္စီေရာ္နယ္ဒိုကို ခ်န္လွပ္ခဲ့တဲ့သေဘာလည္း ျဖစ္ပါတယ္။

စီေရာ္နယ္ဒိုဟာ ဒီရာသီစီးရီးေအ ၂၂ ပြဲမွာ ၂၁ ဂိုးသြင္းထားၿပီး နည္းျပဆာရီလက္ထက္ ဂ်ဴဗင္တပ္မွာ အဓိကအက်ဆုံးကစားသမားအျဖစ္ ရပ္တည္ေနတာပါ။ ဒီရာသီလိဂ္ၿပိဳင္ပြဲသြင္းဂိုးအရဆုိရင္ မက္ဆီထက္ေတာင္ ၃ ဂိုးပိုမ်ားပါတယ္။ ၃၅ ႏွစ္အရြယ္ေရာက္ေနတာေတာင္ ဒီလိုထိပ္တန္းအဆင့္ေျခစြမ္းကို ဆက္ထိန္းထားႏုိင္ေပမယ့္ ဂန္ဒိုဂန္ကေတာ့ စီေရာ္နယ္ဒိုဟာ လက္ရွိအေကာင္းဆုံးစာရင္းထဲ မထည့္ခဲ့ပါဘူး။

အဲဒီဂ်ာမန္လက္ေရြးစင္က မက္ဆီကသာ အားလုံးထဲမွာ အေကာင္းဆုံးလို႔ ယုံၾကည္ေနဆဲျဖစ္တာေၾကာင့္ ထိပ္ဆုံးေနရာမွာ ထားတာကို ေတြ႕ရပါတယ္။  ဒါ့အျပင္ အခုရာသီေျခစြမ္းျပေနတဲ့ မန္စီးတီးအသင္းေဖာ္ဒီဘရူနီကို သူ႔ရဲ႕လက္ရွိကမာၻ႔အေကာင္းဆုံး ၃ ဦးစာရင္းထဲထည့္ခဲ့ၿပီး ေနာင္တစ္ခ်ိန္မွာ Ballon d’Or ဆုရွင္ျဖစ္လာႏိုင္တဲ့အမ္ဘက္ပီကိုပါ ထည့္တြက္ခဲ့တာပါ။ ဂန္ဒိုဟာ ဆုိရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter ေပၚက အေမးအေျဖအစီအစဥ္တစ္ခုမွာ လက္ရွိကမာၻ႔အေကာင္းဆုံး ၃ ေယာက္ကိုေမးေတာ့ မက္ဆီ၊ ဒီဘရူနီနဲ႔ အမ္ဘက္ပီတို႔ဆိုၿပီး အစီအစဥ္အတုိင္းျပန္ေျဖခဲ့တာပါ။