သူ့ရဲ့မန်ယူပွဲ ၂၀၀ ပြည့်မှာ ခြေစွမ်းပြသလို ရော်နယ်ဒင်ဟိုလို စကေးမျိုးလည်း ပြသွားခဲ့တဲ့ ရက်ရှ်ဖို့ဒ်

photo-gettyimages

photo-gettyimages

ရက်ရှ်ဖို့ဒ်ဟာ နော်ဝစ်ချ်နဲ့ပွဲမတိုင်ခင်ကတည်းက မန်ယူအတွက် ဒီရာသီ ၂၉ ပွဲမှာ ၁၇ ဂိုးသွင်းထားတာပါ။ မန်ယူအတွက် ရုန်းကန်နေရတဲ့ရာသီတစ်ခုဖြစ်နေပေမယ့်လည်း အဲဒီအင်္ဂလန်သားတိုက်စစ်မှုးအတွက်ကတော့  ခြေစွမ်းပြရာသီတစ်ခု  ဖြစ်နေတာပါ။ မန်ယူအတွက် သူ့ရဲ့ပွဲ ၂၀၀ ပြည့်ဖြစ်တဲ့ နော်ဝစ်ချ်နဲ့ပွဲမှာလည်း ရက်ရှ်ဖို့ဒ်ဟာ ခြေစွမ်းပြ ၂ ဂိုးသွင်းယူခဲ့သလို ပြိုင်ဘက်ဧရိယာအတွင်း မယုံနိုင်စရာစကေးမျိုးပြသ သွားခဲ့ပါတယ်။

photo-social media

အဲဒီပွဲရဲ့ပွဲချိန် ၁၀ မိနစ်ဝန်းကျင်လောက်မှာပါ။ နော်ဝစ်ချ်ပင်နယ်တီဧရိယာထဲမှာ သူထိုးဖောက်မှုလုပ်တော့ ပြိုင်ဘက်နောက်ခံလူနှစ်ယောက်က သူ့ကို ကပ်ထားတာပါ။ အဲဒီထဲက တစ်ယောက်ကို သူ့ရဲ့ဘောလုံးဆွဲထုတ်ကျော်ဖြတ်သွားပုံကတော့ တကယ့်ကို လက်ဖျားခါလောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘောလုံးကို ဝေ့ဝိုက်ဆွဲထုတ်သွားလို့ ဖြစ်ပါတယ်။ တစ်ဖက်ကစားသမားက ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး။ ရက်ရှ်ဖို့ဒ်ဟာ အဲဒီလိုပုံစံမျိုးကို နိုဝင်ဘာလတုန်းက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာလည်း ပြုလုပ်ခဲ့ပါသေးတယ်။

အဲဒါမျိုးစကေးကို အမြဲလိုလုပ်တတ်တာက ဘရာဇီးဂန္ထဝင်ရော်နယ်ဒင်ဟို ဖြစ်ပါတယ်။ ဘယ်လိုပဲပြောပြော ရက်ရှ်ဖို့ဒ်ရဲ့ဘောလုံးစကေးဟာ နောက်ပိုင်းမှာ အတော်လေးကို တိုးတက်လာခဲ့တာပါ။ အဲဒီပွဲက ၂ ဂိုးကြောင့်လည်း ဒီရာသီ သူ့ရဲ့သွင်းဂိုးအရေအတွက်ဟာ ၁၉ ဂိုးရှိသွားခဲ့ပါတယ်။ အသင်းဂန္ထဝင်တွေဖြစ်ကြတဲ့ ဂျော့ဘတ်စ်နဲ့ ရွိုင်ယန်ဂစ်တို့ပြီးရင် မန်ယူအတွက် ပွဲ ၂၀၀ ပြည့်တဲ့ တတိယအသက်အငယ်ဆုံးကစားသမားလည်း ဖြစ်လာပါတယ်။

[Zawgyi]

သူ႔ရဲ႕မန္ယူပြဲ ၂၀၀ ျပည့္မွာ ေျခစြမ္းျပသလို ေရာ္နယ္ဒင္ဟုိလို စေကးမ်ိဳးလည္း ျပသြားခဲ့တဲ့ ရက္ရွ္ဖို႔ဒ္

ရက္ရွ္ဖုိ႔ဒ္ဟာ ေနာ္၀စ္ခ်္န႔ဲပြဲမတိုင္ခင္ကတည္းက မန္ယူအတြက္ ဒီရာသီ ၂၉ ပြဲမွာ ၁၇ ဂိုးသြင္းထားတာပါ။ မန္ယူအတြက္ ရုန္းကန္ေနရတဲ့ရာသီတစ္ခုျဖစ္ေနေပမယ့္လည္း အဲဒီအဂၤလန္သားတုိက္စစ္မႈးအတြက္ကေတာ့  ေျခစြမ္းျပရာသီတစ္ခု  ျဖစ္ေနတာပါ။ မန္ယူအတြက္ သူ႔ရဲ႕ပြဲ ၂၀၀ ျပည့္ျဖစ္တဲ့ ေနာ္၀စ္ခ်္နဲ႔ပြဲမွာလည္း ရက္ရွ္ဖို႔ဒ္ဟာ ေျခစြမ္းျပ ၂ ဂိုးသြင္းယူခဲ့သလို ၿပိဳင္ဘက္ဧရိယာအတြင္း မယုံႏိုင္စရာစေကးမ်ိဳးျပသ သြားခဲ့ပါတယ္။

အဲဒီပြဲရဲ႕ပြဲခ်ိန္ ၁၀ မိနစ္၀န္းက်င္ေလာက္မွာပါ။ ေနာ္၀စ္ခ်္ပင္နယ္တီဧရိယာထဲမွာ သူထိုးေဖာက္မႈလုပ္ေတာ့ ၿပိဳင္ဘက္ေနာက္ခံလူႏွစ္ေယာက္က သူ႔ကို ကပ္ထားတာပါ။ အဲဒီထဲက တစ္ေယာက္ကို သူ႔ရဲ႕ေဘာလုံးဆြဲထုတ္ေက်ာ္ျဖတ္သြားပုံကေတာ့ တကယ့္ကို လက္ဖ်ားခါေလာက္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေဘာလုံးကို ေ၀့၀ိုက္ဆြဲထုတ္သြားလို႔ ျဖစ္ပါတယ္။ တစ္ဖက္ကစားသမားက ဘယ္လုိမွ မတတ္ႏိုင္ခဲ့ပါဘူး။ ရက္ရွ္ဖို႔ဒ္ဟာ အဲဒီလိုပုံစံမ်ိဳးကို ႏို၀င္ဘာလတုနး္က ကစားခဲ့တဲ့ ဘရိုက္တန္နဲ႔ပြဲမွာလည္း ျပဳလုပ္ခဲ့ပါေသးတယ္။

အဲဒါမ်ိဳးစေကးကို အၿမဲလိုလုပ္တတ္တာက ဘရာဇီးဂႏၳ၀င္ေရာ္နယ္ဒင္ဟို ျဖစ္ပါတယ္။ ဘယ္လိုပဲေျပာေျပာ ရက္ရွ္ဖို႔ဒ္ရဲ႕ေဘာလုံးစေကးဟာ ေနာက္ပိုင္းမွာ အေတာ္ေလးကို တုိးတက္လာခဲ့တာပါ။ အဲဒီပြဲက ၂ ဂိုးေၾကာင့္လည္း ဒီရာသီ သူ႔ရဲ႕သြင္းဂိုးအေရအတြက္ဟာ ၁၉ ဂိုးရွိသြားခဲ့ပါတယ္။ အသင္းဂႏၳ၀င္ေတြျဖစ္ၾကတဲ့ ေဂ်ာ့ဘတ္စ္နဲ႔ ရြိဳင္ယန္ဂစ္တို႔ၿပီးရင္ မန္ယူအတြက္ ပြဲ ၂၀၀ ျပည့္တဲ့ တတိယအသက္အငယ္ဆုံးကစားသမားလည္း ျဖစ္လာပါတယ္။