သူ့ရဲ့ပထမဆုံးမန်ယူသွင်းဂိုးနဲ့ ကွယ်လွန်သူအစ်မကို ရည်စူးခဲ့တဲ့ အစ်ဟာလို

photo-daily mail

photo-gettyimages

တိုက်စစ်မှုးအစ်ဟာလိုဟာ အိုးလ်ထရက်ဖို့ဒ်က် ယူရိုပါလိဂ်ဒုတိယအကျော့ပွဲစဉ်မှာ မန်ယူအတွက် သူ့ရဲ့ပထမဆုံးဂိုးကို သွင်းယူပြီးနောက် အဲဒီဂိုးနဲ့ ကွယ်လွန်သွားတဲ့အစ်မဖြစ်သူကို ရည်စူးဂုဏ်ပြုခဲ့ပါတယ်။ ဘရုဂျက်နဲ့ပွဲမှာ အစ်ဟာလိုဟာ မန်ယူအတွက် ဒုတိယဂိုးကို သွင်းယူခဲ့တာဖြစ်ပြီး ဂိုးသွင်းအောင်ပွဲခံချိန်မှာ အစ်မဖြစ်သူ မေရီအတိုလီရဲ့ပုံပါတဲ့ အောက်ခံတီရှပ်ကို လှန်ပြခဲ့တာပါ။

photo-daily mail

အသက် ၃၀ အရွယ် အဲဒီနိုင်ဂျီးရီးယားတိုက်စစ်မှုးဟာ သူ့ရဲ့ဘောကန်ဖိနပ်မှာလည်း အစ်မဖြစ်သူရဲ့နာမည်ကို ရေးထိုးထားပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာမှာ အစ်မဖြစ်သူ ရုတ်တရတ်ကွယ်လွန်သွားပြီးတဲ့နောက် သူဘယ်လောက်ခံစားခဲ့ရတယ်ဆိုတာကို မကြာသေးခင်က The Sun သတင်းစာနဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။ “ကျွန်တော် အရမ်းကို ခံစားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမကို ဘယ်တော့မှ ထပ်တွေ့ရမှာ မဟုတ်တော့ပါဘူး။ ကျွန်တော်တစ်ယောက်တည်းရှိနေတဲ့ တစ်ခါတစ်ရံမှာ သူမကို သတိရမိပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့်နှလုံးသားထဲမှာ စူးစူးနစ်နစ်ကို နာကျင်ခံစားရပါတယ်။ တစ်ယောက်တည်း ငိုရတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ အရမ်းကိုနာကျင်ရတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ပေမယ့် ယောကျ်ားတစ်ယောက်လို ကြံ့ခိုင်နေအောင် ကျွန်တော်ကြိုးစားသွားမှာပါ”လို့ အဲဒီတုန်းက အစ်ဟာလိုက ပြောခဲ့တာပါ။

photo-daily mail

အစ်ဟာလိုရဲ့အစ်မဖြစ်တဲ့ ၄၃ နှစ်အရွယ် မေရီအတိုလီဟာ ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၂ တုန်းက ကနေဒါနိုင်ငံမှာရှိတဲ့ သူမရဲ့နေအိမ်မှာ ရုတ်တရတ်ကွယ်လွန်သွားခဲ့တာပါ။ သူ့ရဲ့ကွယ်လွန်သူအစ်မဟာလည်း အစ်ဟာလိုလိုပဲ မန်ယူရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်ပြီး သူမရဲ့နေအိမ်မှာ အသင်းဂျာစီအင်္ကျီဝတ်ဆင်ထားတဲ့ မှန်ဘောင်ခတ်ထားတဲ့ပုံတောင် ရှိပါတယ်။ ဒါကြောင့်လည်း အစ်ဟာလိုက”အခုချိန်ကနေ ကျွန်တော့်ကစားသမားဘ၀ အဆုံးသတ်ချိန်အထိ ကျွန်တော်သွင်းတဲ့ဂိုးတိုင်းဟာ ဘုရားသခင်နဲ့ သူမကို ရည်စူးပါတယ်”လို့ ပြောခဲ့တာပါ။

[Zawgyi]

သူ႔ရဲ႕ပထမဆုံးမန္ယူသြင္းဂိုးနဲ႔ ကြယ္လြန္သူအစ္မကို ရည္စူးခဲ့တဲ့ အစ္ဟာလို

တုိက္စစ္မႈးအစ္ဟာလိုဟာ အုိးလ္ထရက္ဖို႔ဒ္က္ ယူရိုပါလိဂ္ဒုတိယအေက်ာ့ပြဲစဥ္မွာ မန္ယူအတြက္ သူ႔ရဲ႕ပထမဆုံးဂိုးကို သြင္းယူၿပီးေနာက္ အဲဒီဂိုးနဲ႔ ကြယ္လြန္သြားတဲ့အစ္မျဖစ္သူကို ရည္စူးဂုဏ္ျပဳခဲ့ပါတယ္။ ဘရုဂ်က္နဲ႔ပြဲမွာ အစ္ဟာလိုဟာ မန္ယူအတြက္ ဒုတိယဂိုးကို သြင္းယူခဲ့တာျဖစ္ၿပီး ဂိုးသြင္းေအာင္ပြဲခံခ်ိန္မွာ အစ္မျဖစ္သူ ေမရီအတိုလီရဲ႕ပုံပါတဲ့ ေအာက္ခံတီရွပ္ကို လွန္ျပခဲ့တာပါ။

အသက္ ၃၀ အရြယ္ အဲဒီႏိုင္ဂ်ီးရီးယားတိုက္စစ္မႈးဟာ သူ႔ရဲ႕ေဘာကန္ဖိနပ္မွာလည္း အစ္မျဖစ္သူရဲ႕နာမည္ကို ေရးထုိးထားပါတယ္။ ၿပီးခဲ့တဲ့ဒီဇင္ဘာမွာ အစ္မျဖစ္သူ ရုတ္တရတ္ကြယ္လြန္သြားၿပီးတဲ့ေနာက္ သူဘယ္ေလာက္ခံစားခဲ့ရတယ္ဆုိတာကို မၾကာေသးခင္က The Sun သတင္းစာနဲ႔ အင္တာဗ်ဴးမွာ ဖြင့္ဟခဲ့ပါတယ္။ “ကၽြန္ေတာ္ အရမ္းကို ခံစားခဲ့ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူမကို ဘယ္ေတာ့မွ ထပ္ေတြ႕ရမွာ မဟုတ္ေတာ့ပါဘူး။ ကၽြန္ေတာ္တစ္ေယာက္တည္းရွိေနတဲ့ တစ္ခါတစ္ရံမွာ သူမကို သတိရမိပါတယ္။ အဲဒီအခ်ိန္မွာ ကၽြန္ေတာ့္ႏွလုံးသားထဲမွာ စူးစူးနစ္နစ္ကို နာက်င္ခံစားရပါတယ္။ တစ္ေယာက္တည္း ငိုရတဲ့ အခ်ိန္ေတြလည္း ရွိခဲ့ပါတယ္။ အရမး္ကိုနာက်င္ရတဲ့ဆုံးရႈံးမႈတစ္ခုျဖစ္ေပမယ့္ ေယာက်္ားတစ္ေယာက္လို ႀကံ႕ခိုင္ေနေအာင္ ကၽြန္ေတာ္ႀကိဳးစားသြားမွာပါ”လို႔ အဲဒီတုန္းက အစ္ဟာလုိက ေျပာခဲ့တာပါ။

အစ္ဟာလိုရဲ႕အစ္မျဖစ္တဲ့ ၄၃ ႏွစ္အရြယ္ ေမရီအတိုလီဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာ ၁၂ တုန္းက ကေနဒါႏိုင္ငံမွာရွိတဲ့ သူမရဲ႕ေနအိမ္မွာ ရုတ္တရတ္ကြယ္လြန္သြားခဲ့တာပါ။ သူ႔ရဲ႕ကြယ္လြန္သူအစ္မဟာလည္း အစ္ဟာလိုလိုပဲ မန္ယူရဲ႕အမာခံပရိသတ္တစ္ေယာက္ျဖစ္ၿပီး သူမရဲ႕ေနအိမ္မွာ အသင္းဂ်ာစီအက်ၤီ၀တ္ဆင္ထားတဲ့ မွန္ေဘာင္ခတ္ထားတဲ့ပုံေတာင္ ရွိပါတယ္။ ဒါေၾကာင့္လည္း အစ္ဟာလုိက”အခုခ်ိန္ကေန ကၽြန္ေတာ့္ကစားသမားဘ၀ အဆုံးသတ္ခ်ိန္အထိ ကၽြန္ေတာ္သြင္းတဲ့ဂိုးတိုင္းဟာ ဘုရားသခင္နဲ႔ သူမကို ရည္စူးပါတယ္”လို႔ ေျပာခဲ့တာပါ။