သူ့ရဲ့ပထမဆုံးစီးရီးအေအိမ်ကွင်းရှုံးပွဲကြုံအပြီး မီဒီယာတာဝန်တွေကနေထွက်သွားတဲ့မော်ရင်ဟို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အေစီမီလန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဒေါသထွက်နေတဲ့မော်ရင်ဟိုဟာ မီဒီယာတွေနဲ့ အမေးအဖြေအနည်းအကျဉ်းသာလုပ်ပြီး ထွက်သွားခဲ့ကြောင်း သိရပါတယ်။

အဲဒီပေါ်တူဂီသားနည်းပြဟာ သူ့ရဲ့စီးရီးအေနည်းပြဘဝမှာ ပထမဆုံးအိမ်ကွင်းရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

အဲဒီပွဲမှာ မော်ရင်ဟိုဟာ ဒိုင်တွေအပေါ်မှာ ဒေါသထွက်ခဲ့ပြီး အထူးသဖြင့် ကွင်းလယ်ဒိုင်မာရက်စ်ကာကိုဖြစ်ပါတယ်။

အိုလံပီကိုကွင်းကစားခဲ့တဲ့ အဲဒီပွဲမှာ ရိုးမားဟာ ၂ ဂိုးပြတ်ဦးဆောင်ခြင်းခံခဲ့ရပေမယ့် ၆၆ မိနစ်မှာ တစ်ယောက်အသာရခဲ့ပြီး နာကျင်အချိန်ပိုရောက်မှ ချေပဂိုးတစ်ဂိုးသာ ပြန်သွင်းနိုင်ခဲ့တာပါ။

”အေစီမီလန်ကို ချီးကျူးပါတယ်။

ကျွန်တော် တခြားဘာမှ မပြောချင်ပါဘူး။ နို့မိုဆို လာမယ့်အပတ်ပွဲကျရင် ကျွန်တော်မပါနိုင် ဖြစ်လိမ့်မယ်။

ရိုးမားပရိသတ်တွေအပေါ် လေးစားမှုကင်းမဲ့သလိုဖြစ်လို့ ကျွန်တော် ဒေါသထွက်မိပါတယ်။

ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။

ဒါပေမဲ့ ကွင်းထဲမှာ ကျွန်တော်တို့အရာအားလုံးလုပ်ခဲ့တာပါ။

ကျွန်တော်တို့က လေးစားသမှုရှိပေမယ့် တခြားသူတွေက အဲဒီလိုမဟုတ်ဘူးလေ။

အဲဒါကပဲ ကျွန်တော့်ကို ဒေါသထွက်စေတာပါ။ ဒါပါပဲ”လို့ ပွဲသိမ်းခရာမှုတ်အပြီးမှာ မော်ရင်ဟိုက DAZN ရုပ်သံကို ပြောခဲ့တာပါ။

၅၈ နှစ်အရွယ် အဲဒီပေါ်တူဂီနည်းပြဟာ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာလည်း ”ဒိုင်လူကြီးကိုတော့ ကျွန်တော်စောင့်နေမှာ မဟုတ်ဘူး”လို့ တိုတိုတုတ်တုတ်ပဲ ပြောခဲ့ပါတယ်။

အဝါကတ်တွေများခဲ့တဲ့ ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်ဟာ ပွဲထိန်းနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

မော်ရင်ဟိုဘက်ကလည်း တချို့ဖြစ်ရပ်တွေမှာ ဒိုင်လူကြီးဟာ သူ့အသင်းနဲ့ပတ်သက်လို့ မမျှတဘူးလို့ ခံစားနေရတာပါ။

ဒါကြောင့်လည်း နိုင်ငံတကာကြားဖြတ်မတိုင်ခင် ရိုးမားရဲ့နောက်ဆုံးပွဲမှာ သူ့အသင်းကို ကြီးကြပ်နိုင်ရေးအတွက် အငြင်းပွားဖွာပြောကြားမှုမျိုးမလုပ်ဖို့ ရှောင်ရှားခဲ့တာပါ။

သူ့ရဲ့ရိုးမားအသင်းဟာ လာမယ့်အပတ်စီးရီးအေမှာ တန်းတက်ဗီနီဇီယာကို အဝေးကွင်းသွားရောက်ရင်ဆိုင်ရဖို့ ရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သူ႔ရဲ႕ပထမဆုံးစီးရီးေအအိမ္ကြင္းရႈံးပြဲႀကဳံအၿပီး မီဒီယာတာဝန္ေတြကေနထြက္သြားတဲ့ေမာ္ရင္ဟို

ေအစီမီလန္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာ ေဒါသထြက္ေနတဲ့ေမာ္ရင္ဟိုဟာ မီဒီယာေတြနဲ႔ အေမးအေျဖအနည္းအက်ဥ္းသာလုပ္ၿပီး ထြက္သြားခဲ့ေၾကာင္း သိရပါတယ္။ အဲဒီေပၚတူဂီသားနည္းျပဟာ သူ႔ရဲ႕စီးရီးေအနည္းျပဘဝမွာ ပထမဆုံးအိမ္ကြင္းရႈံးပြဲနဲ႔ ႀကဳံေတြ႕ခဲ့ရတာလည္း ျဖစ္ပါတယ္။ အဲဒီပြဲမွာ ေမာ္ရင္ဟိုဟာ ဒိုင္ေတြအေပၚမွာ ေဒါသထြက္ခဲ့ၿပီး အထူးသျဖင့္ ကြင္းလယ္ဒိုင္မာရက္စ္ကာကိုျဖစ္ပါတယ္။

အိုလံပီကိုကြင္းကစားခဲ့တဲ့ အဲဒီပြဲမွာ ႐ိုးမားဟာ ၂ ဂိုးျပတ္ဦးေဆာင္ျခင္းခံခဲ့ရေပမယ့္ ၆၆ မိနစ္မွာ တစ္ေယာက္အသာရခဲ့ၿပီး နာက်င္အခ်ိန္ပိုေရာက္မွ ေခ်ပဂိုးတစ္ဂိုးသာ ျပန္သြင္းႏိုင္ခဲ့တာပါ။

”ေအစီမီလန္ကို ခ်ီးက်ဴးပါတယ္။ ကြၽန္ေတာ္ တျခားဘာမွ မေျပာခ်င္ပါဘူး။ ႏို႔မိုဆို လာမယ့္အပတ္ပြဲက်ရင္ ကြၽန္ေတာ္မပါႏိုင္ ျဖစ္လိမ့္မယ္။ ႐ိုးမားပရိသတ္ေတြအေပၚ ေလးစားမႈကင္းမဲ့သလိုျဖစ္လို႔ ကြၽန္ေတာ္ ေဒါသထြက္မိပါတယ္။ ကြၽန္ေတာ္တို႔ ေကာင္းေကာင္းမကစားႏိုင္ခဲ့ပါဘူး။ ဒါေပမဲ့ ကြင္းထဲမွာ ကြၽန္ေတာ္တို႔အရာအားလုံးလုပ္ခဲ့တာပါ။

ကြၽန္ေတာ္တို႔က ေလးစားသမႈရွိေပမယ့္ တျခားသူေတြက အဲဒီလိုမဟုတ္ဘူးေလ။ အဲဒါကပဲ ကြၽန္ေတာ့္ကို ေဒါသထြက္ေစတာပါ။ ဒါပါပဲ”လို႔ ပြဲသိမ္းခရာမႈတ္အၿပီးမွာ ေမာ္ရင္ဟိုက DAZN ႐ုပ္သံကို ေျပာခဲ့တာပါ။

၅၈ ႏွစ္အ႐ြယ္ အဲဒီေပၚတူဂီနည္းျပဟာ ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာလည္း ”ဒိုင္လူႀကီးကိုေတာ့ ကြၽန္ေတာ္ေစာင့္ေနမွာ မဟုတ္ဘူး”လို႔ တိုတိုတုတ္တုတ္ပဲ ေျပာခဲ့ပါတယ္။

အဝါကတ္ေတြမ်ားခဲ့တဲ့ ပြဲၾကမ္းတစ္ပြဲျဖစ္ခဲ့တာေၾကာင့္ ကြင္းလယ္ဒိုင္ဟာ ပြဲထိန္းႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။ ေမာ္ရင္ဟိုဘက္ကလည္း တခ်ိဳ႕ျဖစ္ရပ္ေတြမွာ ဒိုင္လူႀကီးဟာ သူ႔အသင္းနဲ႔ပတ္သက္လို႔ မမွ်တဘူးလို႔ ခံစားေနရတာပါ။

ဒါေၾကာင့္လည္း ႏိုင္ငံတကာၾကားျဖတ္မတိုင္ခင္ ႐ိုးမားရဲ႕ေနာက္ဆုံးပြဲမွာ သူ႔အသင္းကို ႀကီးၾကပ္ႏိုင္ေရးအတြက္ အျငင္းပြားဖြာေျပာၾကားမႈမ်ိဳးမလုပ္ဖို႔ ေရွာင္ရွားခဲ့တာပါ။ သူ႔ရဲ႕႐ိုးမားအသင္းဟာ လာမယ့္အပတ္စီးရီးေအမွာ တန္းတက္ဗီနီဇီယာကို အေဝးကြင္းသြားေရာက္ရင္ဆိုင္ရဖို႔ ရွိပါတယ္။