
photo-sport bible
photo-gettyimages
စပါးနည်းပြမော်ရင်ဟိုက ဆောက်သမ်တန်နဲ့ပွဲမှာ သူဟာ မျှတဲ့အဝါကတ်တစ်ခုရဖို့အတွက် မိုက်မဲသူတစ်ယောက်ကို ရိုင်းစိုင်းခဲ့တာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဆောက်သမ်တန်ကို ၁-၀ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ အဲဒီပွဲမှာ မော်ရင်ဟိုဟာ ပြိုင်ဘက်အသင်းက နည်းပြအဖွဲ့ဝင်တစ်ယောက်နဲ့ စကားများခဲ့ပုံရပါတယ်။ တစ်ဖက်အသင်းရဲ့အချိန်ဆွဲတဲ့ဗျူဟာကို စိတ်ရှုပ်သွားခဲ့ပုံရတဲ့မော်ရင်ဟိုဟာ ဆောက်သမ်တန်ခုံတန်းဘက်ကိုသွားပြီး နည်းစနစ်ပိုင်းအပြောင်းအလဲလုပ်နေတာကို သွားကြည့်ခဲ့လို့ အဝါတက်ပြခံခဲ့ရတာပါ။ မော်ရင်ဟိုအနေနဲ့ တမင်သက်သက်လုပ်ခဲ့ပုံရပါတယ်။
photo-gettyimages
”ကျွန်တော် ရိုင်းခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ရိုင်းခဲ့တာဟာ မိုက်မဲသူတစ်ယောက်ကိုပါ။ ဒီအဝါကတ်နဲ့ ကျွန်တော် သိပ်ထိုက်တန်တာပေါ့ဗျာ။ အဲဒီကောင်နဲ့ စကားရိုင်းရိုင်းတွေလည်း ပြောခဲ့ရတယ်။ အဲဒီအတွက် အကြောင်းပြချက်တစ်ခု သိပ်ရှိခဲ့တာပေါ့။ အဲဒါကိုတော့ ပြောပြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် အဲဒီလိုလုပ်ခဲ့တာဟာ အကြောင်းရှိပါတယ်”လို့ ပွဲအပြီးမှာ မော်ရင်ဟိုက ပြောသွားခဲ့တာပါ။
photo-gettyimages
အဲဒီရှုံးပွဲကြောင့် စပါးဟာ အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၆ မှတ်ကွာဟသွားကာ သူတို့ရဲ့အထက်က မန်ယူကိုလည်း ပြန်လည်ကျော်တက်နိုင်ခြင်း မရှိသေးလို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်နေရတဲ့အခြေအနေကို ရောက်ရှိနေပါတယ်။ မော်ရင်ဟိုရဲ့စပါးဟာ ပြီးခဲ့တဲ့အပတ်တုန်းကလည်း တန်းဆင်းဇုန်ထဲက နော်ဝစ်ချ်ကို နိုင်ဖို့နေနေသာသာ မရှုံးအောင်တောင် နောက်ကနေ နှစ်ကြိမ်တိုင်လိုက်ကစားခဲ့ရပါတယ်။
[Zawgyi]
သူ႔ရဲ႕ထူးျခားဆန္းၾကယ္တဲ့အ၀ါကတ္နဲ႔ပတ္သက္လို႔ ရွင္းျပလိုက္တဲ့ ေမာ္ရင္ဟို
စပါးနည္းျပေမာ္ရင္ဟိုက ေဆာက္သမ္တန္နဲ႔ပြဲမွာ သူဟာ မွ်တဲ့အ၀ါကတ္တစ္ခုရဖို႔အတြက္ မိုက္မဲသူတစ္ေယာက္ကို ရုိင္းစုိင္းခဲ့တာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ေဆာက္သမ္တန္ကို ၁-၀ ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ အဲဒီပြဲမွာ ေမာ္ရင္ဟိုဟာ ၿပိဳင္ဘက္အသင္းက နည္းျပအဖြဲ႕၀င္တစ္ေယာက္နဲ႔ စကားမ်ားခဲ့ပုံရပါတယ္။ တစ္ဖက္အသင္းရဲ႕အခ်ိိန္ဆြဲတဲ့ဗ်ဴဟာကို စိတ္ရႈပ္သြားခဲ့ပုံရတဲ့ေမာ္ရင္ဟိုဟာ ေဆာက္သမ္တန္ခုံတန္းဘက္ကိုသြားၿပီး နည္းစနစ္ပိုင္းအေျပာင္းအလဲလုပ္ေနတာကို သြားၾကည့္ခဲ့လုိ႔ အ၀ါတက္ျပခံခဲ့ရတာပါ။ ေမာ္ရင္ဟုိအေနနဲ႔ တမင္သက္သက္လုပ္ခဲ့ပုံရပါတယ္။
”ကၽြန္ေတာ္ ရိုင္းခဲ့ပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္ရိုင္းခ့ဲတာဟာ မိုက္မဲသူတစ္ေယာက္ကိုပါ။ ဒီအ၀ါကတ္နဲ႔ ကၽြန္ေတာ္ သိပ္ထိုက္တန္တာေပါ့ဗ်ာ။ အဲဒီေကာင္နဲ႔ စကားရုိင္းရိုင္းေတြလည္း ေျပာခဲ့ရတယ္။ အဲဒီအတြက္ အေၾကာင္းျပခ်က္တစ္ခု သိပ္ရွိခဲ့တာေပါ့။ အဲဒါကိုေတာ့ ေျပာျပမွာ မဟုတ္ပါဘူး။ ဒါေပမဲ့ ကၽြန္ေတာ္ အဲဒီလိုလုပ္ခဲ့တာဟာ အေၾကာင္းရွိပါတယ္”လို႔ ပြဲအၿပီးမွာ ေမာ္ရင္ဟိုက ေျပာသြားခဲ့တာပါ။
အဲဒီရႈံးပြဲေၾကာင့္ စပါးဟာ အဆင့္ ၄ ေနရာက ခ်ဲလ္ဆီးနဲ႔ ၆ မွတ္ကြာဟသြားကာ သူတို႔ရဲ႕အထက္က မန္ယူကုိလည္း ျပန္လည္ေက်ာ္တက္ႏိုင္ျခင္း မရွိေသးလို႔ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ ရုန္းကန္ေနရတဲ့အေျခအေနကို ေရာက္ရွိေနပါတယ္။ ေမာ္ရင္ဟိုရဲ႕စပါးဟာ ၿပီးခဲ့တဲ့အပတ္တုန္းကလည္း တန္းဆင္းဇုန္ထဲက ေနာ္၀စ္ခ်္ကို ႏိုင္ဖုိ႔ေနေနသာသာ မရႈံးေအာင္ေတာင္ ေနာက္ကေန ႏွစ္ႀကိမ္တိုင္လိုက္ကစားခဲ့ရပါတယ္။