သူ့ရဲ့ညစ်ညမ်းဗီဒီယို အွန်လိုင်းပေါ်ရောက်သွားလို့ ဆိုင်းငံ့ခံလိုက်ရတဲ့ မာလာဂါနည်းပြ

photo-gettyimages

photo-gettyimages

ဆိုရှယ်မီဒီယာပေါ်မှာ သူ့ရဲ့ညစ်ညမ်းဗီဒီယိုပေါ်ထွက်လာပြီးတဲ့နောက် မာလာဂါအသင်းဟာ နည်းပြဗစ်တာဆန်းချက်ဇ်ကို ရာထူးက ဆိုင်းငံ့လိုက်ပါတယ်။ မာလာဂါနည်းပြဆန်းချက်ဇ်ကတော့ အဲဒီဗီဒီယိုဖိုင်ကို အွန်လိုင်းပေါ်မတင်ခင် သူဟာ ခြိမ်းခြောက်အကျပ်ကိုင်ခြင်းခံခဲ့ရကြောင်း ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်မှာ ရှင်းပြခဲ့ပါတယ်။ ဆန်းချက်ဇ်ရဲ့အဲဒီညစ်ညမ်းဗီဒီယိုဖိုင်ဟာ Twitter ပေါ်ကနေပဲ ပျံ့နှံ့သွားခဲ့တာပါ။

photo-gettyimages

ဒီ့အတွက်လည်း မာလာဂါအသင်းဟာ စုံစမ်းစစ်ဆေးမှုမပြုလုပ်ခင် အချိန်အထိ ဗစ်တာဆန်းချက်ဇ်ကို နည်းပြရာထူးက ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မာလာဂါဟာ လာလီဂါပြိုင်ပွဲမှာ ၁၀ ရာသီဆက်တိုက်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့အသင်းဖြစ်ပြီး ငွေကြေးဆိုင်ရာအကျပ်အတည်းတွေနဲ့အတူ ၂၀၁၇-၁၈ ရာသီကုန်ကမှ ဆီဂန်ဒါကို တန်းဆင်းသွားခဲ့တာပါ။ ဒီရာသီဆီဂန်ဒါမှာလည်း မာလာဂါဟာ ကစားပြီးခဲ့တဲ့ ၂၂ ပွဲမှာ ၄ ပွဲသာ အနိုင်ရထားကာ တန်းဆင်းဇုန်ရဲ့အထက်နား ရပ်တည်နေတာပါ။

photo-gettyimages

ဗစ်တာဆန်းချက်ဇ်ဟာ ၂၀၁၇ မှာ ဘက်တစ်ကနေ ထုတ်ပယ်ခံရပြီး ၂ နှစ်နီးပါးအကြာဖြစ်တဲ့ ၂၀၁၉ ရောက်မှ မာလာဂါကို စတင်ကိုင်တွယ်ခဲ့တာပါ။ သူဟာ ဂရိကလပ်အိုလံပီယာကော့စ်နဲ့ ဒီပို့တီဗိုအသင်းတို့ကိုလည်း ကိုင်တွယ်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ၄၃ နှစ်အရွယ် ဆန်းချက်ဇ်ဟာ ရီးရဲလ်နဲ့ စပိန်လက်ရွေးစင်ကစားသမားဟောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။

[Zawgyi]

သူ႔ရဲ႕ညစ္ညမ္းဗီဒီယို အြန္လိုင္းေပၚေရာက္သြားလို႔ ဆိုင္းငံ့ခံလိုက္ရတဲ့ မာလာဂါနည္းျပ

ဆိုရွယ္မီဒီယာေပၚမွာ သူ႔ရဲ႕ညစ္ညမ္းဗီဒီယိုေပၚထြက္လာၿပီးတဲ့ေနာက္ မာလာဂါအသင္းဟာ နည္းျပဗစ္တာဆန္းခ်က္ဇ္ကို ရာထူးက ဆိုင္းငံ့လိုက္ပါတယ္။ မာလာဂါနည္းျပဆန္းခ်က္ဇ္ကေတာ့ အဲဒီဗီဒီယိုဖိုင္ကို အြန္လိုင္းေပၚမတင္ခင္ သူဟာ ၿခိမ္းေျခာက္အက်ပ္ကိုင္ျခင္းခံခဲ့ရေၾကာင္း ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter ေပၚမွာ ရွင္းျပခဲ့ပါတယ္။ ဆန္းခ်က္ဇ္ရဲ႕အဲဒီညစ္ညမ္းဗီဒီယိုဖိုင္ဟာ Twitter ေပၚကေနပဲ ပ်ံ႕ႏွံ႔သြားခဲ့တာပါ။

ဒီ့အတြက္လည္း မာလာဂါအသင္းဟာ စုံစမ္းစစ္ေဆးမႈမျပဳလုပ္ခင္ အခ်ိန္အထိ ဗစ္တာဆန္းခ်က္ဇ္ကို နည္းျပရာထူးက ဆိုင္းငံ့ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ မာလာဂါဟာ လာလီဂါၿပိဳင္ပြဲမွာ ၁၀ ရာသီဆက္တုိက္ယွဥ္ၿပိဳင္ခြင့္ရခဲ့တဲ့အသင္းျဖစ္ၿပီး ေငြေၾကးဆိုင္ရာအက်ပ္အတည္းေတြနဲ႔အတူ ၂၀၁၇-၁၈ ရာသီကုန္ကမွ ဆီဂန္ဒါကုိ တန္းဆင္းသြားခဲ့တာပါ။ ဒီရာသီဆီဂန္ဒါမွာလည္း မာလာဂါဟာ ကစားၿပီးခဲ့တဲ့ ၂၂ ပြဲမွာ ၄ ပြဲသာ အႏိုင္ရထားကာ တန္းဆင္းဇုန္ရဲ႕အထက္နား ရပ္တည္ေနတာပါ။

ဗစ္တာဆန္းခ်က္ဇ္ဟာ ၂၀၁၇ မွာ ဘက္တစ္ကေန ထုတ္ပယ္ခံရၿပီး ၂ ႏွစ္နီးပါးအၾကာျဖစ္တဲ့ ၂၀၁၉ ေရာက္မွ မာလာဂါကို စတင္ကိုင္တြယ္ခဲ့တာပါ။ သူဟာ ဂရိကလပ္အိုလံပီယာေကာ့စ္နဲ႔ ဒီပို႔တီဗုိအသင္းတုိ႔ကိုလည္း ကိုင္တြယ္ခဲ့ဖူးပါတယ္။ ဒါ့အျပင္ ၄၃ ႏွစ္အရြယ္ ဆန္းခ်က္ဇ္ဟာ ရီးရဲလ္နဲ႔ စပိန္လက္ေရြးစင္ကစားသမားေဟာင္း တစ္ေယာက္လည္း ျဖစ္ပါတယ္။