သူ့ရဲ့ကစားသမားဘဝအများစုမှာ ဒေးဗစ်ဘက်ခမ်းကိုစံနမူနာထားခဲ့ကြောင်း ဖွင့်ဟလိုက်တဲ့နေမာ

photo-gettyimages

photo-gettyimages

ဘရာဇီးကြယ်ပွင့်တိုက်စစ်မှုးနေမာက သူ့ကစားသမားဘဝရဲ့အတော်များများမှာ မန်ယူဂန္ထဝင်ဒေးဗစ်ဘက်ခမ်းကို စံနမူနာထားခဲ့ကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ အဲဒီပီအက်စ်ဂျီတိုက်စစ်မှုးဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ထိပ်တန်းတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံထားရတာပါ။ ဒါပေမဲ့ သူဟာ ဘက်ခမ်းလိုပဲ ကွင်းပြင်ပ ဖက်ရှင်ကျကျနေထိုင်တတ်တဲ့စတိုင်နဲ့လည်း နာမည်ကြီးပါတယ်။ ဒါပေမဲ့လည်း ဘက်ခမ်းရဲ့ဘောလုံးအရည်အသွေးကို လေ့လာရင်းနဲ့ ကြီးပြင်းလာတာလို့ နေမာက ဖွင့်ဟခဲ့ပါတယ်။

photo-OTRO

”ကျွန်တော်ဟာ ဘက်ခမ်းရဲ့အမာခံပရိသတ်တစ်ယောက်ပါ။ ကျွန်တော်ငယ်ငယ်တုန်းက ဘယ်နာမည်ကြီကစားသမားမဆို အားပေးလာခဲ့တာကို မှတ်မိပါသေးတယ်။ သူ့ရဲ့ဘောလုံးကန်ပုံနည်းလမ်းရယ်၊ သူပေးတဲ့ အံ့အားသင့်စရာပေးပို့မှုတွေရယ်၊ သူ့သွင်းဂိုးတွေရယ်နဲ့ ကွင်းထဲက သူ့ရဲ့စိတ်ဓာတ်ပိုင်းရယ်တို့ကြောင့် ဘက်ခမ်းကို ကျွန်တော်အမြဲအားပေးဖြစ်ခဲ့ပါတယ်”လို့ နေမာက ပြောခဲ့တာပါ။

photo-daily star

ဒါ့အပြင် ဘက်ခမ်းကြောင့်လည်း ဖက်ရှင်ကိုကြိုက်နှစ်သက်လာတာဖြစ်ကြောင်း နေမာက ဆက်လက်ပြောကြားခဲ့ပါတယ်။ ”သူ့ရဲ့ဆံပင်ပုံစံအနည်းငယ်ကို ကျွန်တော် ပုံတူကူးခဲ့ပါတယ်။ သူဟာ ကမ္ဘာပေါ်မှာ စတိုင်အကျဆုံးလူတွေထဲက တစ်ယောက်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သူ့ကို ပုံတူးကူးဖို့လိုပါတယ်။ ကျွန်တော်တို့ဟာ သူ့လောက်ရုပ်ရည်မခန့်ညားပေမယ့် သူ့ကိုကော်ပီကူးဖို့ ကြိုးစားကြပါတယ်။ မတူညီတဲ့ဆံပင်ပုံစံတွေ၊ မတူညီတဲ့အဝတ်အစားတွေနဲ့ပတ်သက်လို့ ကျွန်တော်ဟာ ဝေဖန်ခံရလေ့ရှိပါတယ်။ အဲဒါတွေက ဘယ်တော့မှလည်း အဆုံးသတ်မှာ မဟုတ်ပါဘူး။ ဘာမှ အမှားလုပ်တယ်လို့တော့ မထင်ပါဘူး။ ဒါကြောင့် ဖက်ရှင်ကမ္ဘာကိုတံခါးဖွင့်ပေးခဲ့တဲ့ ရှေ့ဆောင်လမ်းပြအဖြစ် ဘက်ခမ်းကိုကျေးဇူးတင်ပါတယ်”လို့ နေမာက ဆိုခဲ့ပါတယ်။

[Zawgyi]

သူ႔ရဲ႕ကစားသမားဘ၀အမ်ားစုမွာ ေဒးဗစ္ဘက္ခမ္းကိုစံနမူနာထားခဲ့ေၾကာင္း ဖြင့္ဟလိုက္တဲ့ေနမာ

ဘရာဇီးၾကယ္ပြင့္တိုက္စစ္မႈးေနမာက သူ႔ကစားသမားဘ၀ရဲ႕အေတာ္မ်ားမ်ားမွာ မန္ယူဂႏၳ၀င္ေဒးဗစ္ဘက္ခမ္းကို စံနမူနာထားခဲ့ေၾကာင္း ဖြင့္ဟေျပာၾကားလုိက္ပါတယ္။ အဲဒီပီအက္စ္ဂ်ီတုိက္စစ္မႈးဟာ ကမာၻ႔ေဘာလုံးေလာကရဲ႕ထိပ္တန္းေတြထဲက တစ္ေယာက္အျဖစ္ သတ္မွတ္ခံထားရတာပါ။ ဒါေပမဲ့ သူဟာ ဘက္ခမ္းလုိပဲ ကြင္းျပင္ပ ဖက္ရွင္က်က်ေနထုိင္တတ္တဲ့စတိုင္နဲ႔လည္း နာမည္ႀကီးပါတယ္။ ဒါေပမဲ့လည္း ဘက္ခမ္းရဲ႕ေဘာလုံးအရည္အေသြးကို ေလ့လာရင္းနဲ႔ ႀကီးျပင္းလာတာလုိ႔ ေနမာက ဖြင့္ဟခဲ့ပါတယ္။

”ကၽြန္ေတာ္ဟာ ဘက္ခမ္းရဲ႕အမာခံပရိသတ္တစ္ေယာက္ပါ။ ကၽြန္ေတာ္ငယ္ငယ္တုနး္က ဘယ္နာမည္ႀကီကစားသမားမဆုိ အားေပးလာခဲ့တာကို မွတ္မိပါေသးတယ္။ သူ႔ရဲ႕ေဘာလုံးကန္ပုံနည္းလမ္းရယ္၊ သူေပးတဲ့ အံ့အားသင့္စရာေပးပို႔မႈေတြရယ္၊ သူ႔သြင္းဂိုးေတြရယ္နဲ႔ ကြင္းထဲက သူ႔ရဲ႕စိတ္ဓာတ္ပိုင္းရယ္တုိ႔ေၾကာင့္ ဘက္ခမ္းကို ကၽြန္ေတာ္အၿမဲအားေပးျဖစ္ခဲ့ပါတယ္”လို႔ ေနမာက ေျပာခဲ့တာပါ။

ဒါ့အျပင္ ဘက္ခမး္ေၾကာင့္လည္း ဖက္ရွင္ကိုႀကိဳက္ႏွစ္သက္လာတာျဖစ္ေၾကာင္း ေနမာက ဆက္လက္ေျပာၾကားခဲ့ပါတယ္။ ”သူ႔ရဲ႕ဆံပင္ပုံစံအနည္းငယ္ကို ကၽြန္ေတာ္ ပုံတူကူးခဲ့ပါတယ္။ သူဟာ ကမာၻေပၚမွာ စတုိင္အက်ဆုံးလူေတြထဲက တစ္ေယာက္လုိ႔ ထင္ပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တုိ႔ သူ႔ကို ပုံတူးကူးဖို႔လိုပါတယ္။ ကၽြန္ေတာ္တို႔ဟာ သူ႔ေလာက္ရုပ္ရည္မခန္႔ညားေပမယ့္ သူ႔ကိုေကာ္ပီကူးဖုိ႔ ႀကိဳးစားၾကပါတယ္။ မတူညီတဲ့ဆံပင္ပုံစံေတြ၊ မတူညီတဲ့အ၀တ္အစားေတြနဲ႔ပတ္သက္လို႔ ကၽြန္ေတာ္ဟာ ေ၀ဖန္ခံရေလ့ရွိပါတယ္။ အဲဒါေတြက ဘယ္ေတာ့မွလည္း အဆုံးသတ္မွာ မဟုတ္ပါဘူး။ ဘာမွ အမွားလုပ္တယ္လုိ႔ေတာ့ မထင္ပါဘူး။ ဒါေၾကာင့္ ဖက္ရွင္ကမာၻကိုတံခါးဖြင့္ေပးခဲ့တဲ့ ေရွ႕ေဆာင္လမ္းျပအျဖစ္ ဘက္ခမ္းကိုေက်းဇူးတင္ပါတယ္”လို႔ ေနမာက ဆုိခဲ့ပါတယ္။