သူ့မှာ ရှိသေးတယ်ဆိုတာကိုပြလိုက်တဲ့ ဒါဘီအတွက် ရွန်နီရဲ့ဖရီးကစ်အနိုင်ဂိုး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ပြီးခဲ့တဲ့စနေညကတော့ ချန်ပီယံရှစ်ကလပ်ဒါဘီအသင်းအတွက် ရွန်နီဟာ သူရဲကောင်းပါပဲ။ သူတို့ဟာ ပရီးမီးယားလိဂ်က တန်းဆင်းလာတဲ့ နော်ဝစ်ချ်နဲ့ အဝေးကွင်းပွဲစဉ်မှာ တစ်ချိန်လုံးအဖိခံနေရာကနေ မန်ယူအသင်းခေါင်းဆောင်ဟောင်းဝိန်းရွန်နီရဲ့နောက်ကျဖရီးကစ်သွင်းဂိုးနဲ့အနိုင်ရသွားခဲ့တာပါ။

အဲဒါဟာ ရာသီသစ်ချန်ပီယံရှစ်မှာ ရုန်းကန်နေရတဲ့ဒါဘီအတွက် ပထမဆုံးနိုင်ပွဲဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ရွန်နီအတွက်ကလည်း ရာသီသစ်မှာ သူ့ရဲ့ပထမဆုံးဂိုးဖြစ်ခဲ့တာပါ။ ရွန်နီဟာ ပြီးခဲ့တဲ့ဇူလိုင်တုန်းက ပရက်စတန်ဘက်ကိုအနိုင်ဂိုးသွင်းယူပြီးနောက်ပိုင်း ၁၀ ပွဲဆက်ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ မနေ့ည နော်ဝစ်ချ်နဲ့ပွဲကျမှ ဂိုးပြန်သွင်းနိုင်ခဲ့တာပါ။

သွင်းမယ့်သွင်းတော့လည်း စပါယ်ရှယ်ဂိုးတစ်ဂိုးဖြစ်ခဲ့ပါတယ်။ ဘီးကုပ်စက်ဝိုင်းနားမှာ ရတဲ့ဖရီးကစ်ကို သူက ဝေ့ဝိုက်ကန်သွင်းရာမှာ တစ်ဖက်ဂိုးသမားလှမ်းဒိုက်ဗင်ပစ်ပေမယ့် ဘယ်လိုမှ မတတ်နိုင်ခဲ့ဘဲ လှလှပပဂိုးဝင်သွားခဲ့တာပါ။

ရွန်နီရဲ့အဲဒီဖရီးကစ်သွင်းဂိုးဟာ သူ့ရဲ့အိုးလ်ထရက်ဖို့ဒ်နေ့ရက်တွေကို ပြန်လည်အမှတ်ရစေခဲ့ပါတယ်။ ဒါ့အပြင် ကစားသမားဘဝရဲ့နေဝင်ချိန်ကိုရောက်နေပမယ့် သူ့မှာရှိသေးတယ်ဆိုတာကို ရွန်နီက အဲဒီလှလှပပဖရီးကစ်ဂိုးနဲ့ ပြနိုင်ခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

သူ႔မွာ ရွိေသးတယ္ဆိုတာကိုျပလိုက္တဲ့ ဒါဘီအတြက္ ရြန္နီရဲ႕ဖရီးကစ္အႏိုင္ဂိုး

ၿပီးခဲ့တဲ့စေနညကေတာ့ ခ်န္ပီယံရွစ္ကလပ္ဒါဘီအသင္းအတြက္ ရြန္နီဟာ သူရဲေကာင္းပါပဲ။ သူတုိ႔ဟာ ပရီးမီးယားလိဂ္က တန္းဆင္းလာတဲ့ ေနာ္၀စ္ခ်္နဲ႔ အေ၀းကြင္းပြဲစဥ္မွာ တစ္ခ်ိန္လုံးအဖိခံေနရာကေန မန္ယူအသင္းေခါင္းေဆာင္ေဟာင္း၀ိန္းရြန္နီရဲ႕ေနာက္က်ဖရီးကစ္သြင္းဂိုးနဲ႔အႏိုင္ရသြားခဲ့တာပါ။

အဲဒါဟာ ရာသီသစ္ခ်န္ပီယံရွစ္မွာ ရုန္းကန္ေနရတဲ့ဒါဘီအတြက္ ပထမဆံုးႏိုင္ပြဲျဖစ္လာခဲ့ပါတယ္။ ဒါ့အျပင္ ရြန္နီအတြက္ကလည္း ရာသီသစ္မွာ သူ႔ရဲ႕ပထမဆုံးဂိုးျဖစ္ခဲ့တာပါ။ ရြန္နီဟာ ၿပီးခဲ့တဲ့ဇူလိုင္တုန္းက ပရက္စတန္ဘက္ကိုအႏုိင္ဂိုးသြင္းယူၿပီးေနာက္ပိုင္း ၁၀ ပြဲဆက္ဂိုးသြင္းယူႏိုင္ျခင္းမရွိခ့ဲဘဲ မေန႔ည ေနာ္၀စ္ခ်္နဲ႔ပြဲက်မွ ဂိုးျပန္သြင္းႏိုင္ခဲ့တာပါ။

သြင္းမယ့္သြင္းေတာ့လည္း စပါယ္ရွယ္ဂိုးတစ္ဂိုးျဖစ္ခဲ့ပါတယ္။ ဘီးကုပ္စက္၀ိုင္းနားမွာ ရတဲ့ဖရီးကစ္ကို သူက ေ၀့၀ိုက္ကန္သြင္းရာမွာ တစ္ဖက္ဂိုးသမားလွမ္းဒိုက္ဗင္ပစ္ေပမယ့္ ဘယ္လုိမွ မတတ္ႏိုင္ခဲ့ဘဲ လွလွပပဂိုး၀င္သြားခဲ့တာပါ။

ရြန္နီရဲ႕အဲဒီဖရီးကစ္သြင္းဂိုးဟာ သူ႔ရဲ႕အုိးလ္ထရက္ဖို႔ဒ္ေန႔ရက္ေတြကို ျပန္လည္အမွတ္ရေစခဲ့ပါတယ္။ ဒါ့အျပင္ ကစားသမားဘ၀ရဲ႕ေန၀င္ခ်ိန္ကိုေရာက္ေနပမယ့္ သူ႔မွာရွိေသးတယ္ဆိုတာကို ရြန္နီက အဲဒီလွလွပပဖရီးကစ္ဂုိးနဲ႔ ျပႏိုင္ခဲ့တာပါ။