
photo-BT Sport
photo-gettyimages
အသင်းဟောင်းမန်ယူနဲ့ပြန်တွေ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ရွန်နီရဲ့ဒါဘီအသင်းဟာ သက်သောင့်သက်သာနဲ့ပဲ ဧည့်သည်အသင်းကြီးရဲ့အနိုင်ယူကျော်ဖြတ်ခြင်းခံခဲ့ရပါတယ်။ မန်ယူက ၃ ဂိုးပြတ်နဲ့အနိုင်ရသွားတဲ့အဲဒီပွဲမှာ ရွန်နီဟာ ဒါဘီအတွက် ကမောက်ကမအနိုင်ရလဒ်ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ သူ့ကိုစောင့်ကြည့်နေကြတဲ့ပရိသတ်တွေ အံ့သြမင်သက်သွားအောင်တော့ လုပ်ပြနိုင်ခဲ့ပါတယ်။
https://twitter.com/i/status/1235681254865022976
ဒါဘီဂိုးပြတ်ရှုံးသွားခဲ့ပေမယ့် ရွန်နီကတော့ ခြေစွမ်းမရှုံးခဲ့ပါဘူး။ သူဟာ ကွင်းလယ်မှာ တည်တည်ငြိမ်ငြိမ်နဲ့ သြဇာအပြည့်ရှိခဲ့ပါတယ်။ အဲဒီပွဲက သူ့ရဲ့ဖရီးကစ်ကန်သွင်းချက်တွေကလည်း မန်ယူဂိုးသမားရိုမီရိုကို လက်စွမ်ပြကာကွယ်ရတဲ့အထိကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပိုပြီးအထင်ကြီးစရာကောင်းတာက ရွန်နီရဲ့အဝေးပေးပို့မှုတွေပါပဲ။
https://twitter.com/i/status/1235702464285835264
ဒုတိယပိုင်းမှာဆိုရင် သူ့ရဲ့အံ့သြလောက်ဖွယ်ပေးပို့မှုတစ်ခုကနေ ဒါဘီအသင်းဟာ ဂိုးရမလိုတောင် ဖြစ်ခဲ့တာပါ။ ရွန်နီဟာ သူ့ကွင်းဘက်ခြမ်းတစ်ဝက်လောက်ကနေ တိုက်စစ်က ဒါဘီကစားသမားတစ်ယောက်ဆီကို အမြင့်ဘောပေးပို့ခဲ့တာဖြစ်ပြီး အဲဒီဒါဘီကစားသမားကပြေးထွက်ဆွဲယူပြီး ထောင့်ဖြတ်ကန်သွင်းရာမှာ ဂိုးတိုင်ဘေးနားကနေ ကပ်ထွက်သွားခဲ့တာပါ။ ၃၄ နှစ်ရှိနေပြီဖြစ်ပေမယ့် သူ့မှာ ကျန်နေသေးတယ်ဆိုတာကို အဲဒီရူးလောက်ဖွယ်ပေးပို့မှုနဲ့ ရွန်နီက သက်သေပြခဲ့တာပါ။ သူဟာ အရင်က တိုက်စစ်မှာ ဂိုးသွင်းစက်ဖြစ်ခဲ့ပေမယ့်လည်း အသက်အရွယ်ကြောင့် အခုတော့ ဒါဘီမှာ ကွင်းလယ်ခံစစ်နေရာက ကစားနေပြီး အဝေးပေးပို့မှုကောင်းတွေပြုလုပ်နေကာ မန်ယူနဲ့ပွဲမှာ ကွင်းထဲက ဘယ်သူထက်မဆို အခွင့်အရေး ပိုဖန်တီးနိုင်ခဲ့ပါတယ်။
[Zawgyi]
သူ႔မွာ က်န္ေနေသးတယ္ဆုိတာကို အံ့ၾသေလာက္ဖြယ္ေပးပို႔မႈနဲ႔ သက္ေသျပသြားတဲ့ရြန္နီ
အသင္းေဟာင္းမန္ယူနဲ႔ျပန္ေတြ႕တဲ့ အက္ဖ္ေအဖလားပြဲစဥ္မွာ ရြန္နီရဲ႕ဒါဘီအသင္းဟာ သက္ေသာင့္သက္သာနဲ႔ပဲ ဧည့္သည္အသင္းႀကီးရဲ႕အႏိုင္ယူေက်ာ္ျဖတ္ျခင္းခံခဲ့ရပါတယ္။ မန္ယူက ၃ ဂိုးျပတ္နဲ႔အႏုိင္ရသြားတဲ့အဲဒီပြဲမွာ ရြန္နီဟာ ဒါဘီအတြက္ ကေမာက္ကမအႏိုင္ရလဒ္ျဖစ္ေအာင္ စြမး္ေဆာင္ေပးႏိုင္ျခင္း မရွိခဲ့ပါဘူး။ ဒါေပမဲ့ သူ႔ကိုေစာင့္ၾကည့္ေနၾကတဲ့ပရိသတ္ေတြ အံ့ၾသမင္သက္သြားေအာင္ေတာ့ လုပ္ျပႏိုင္ခဲ့ပါတယ္။
ဒါဘီဂိုးျပတ္ရႈံးသြားခဲ့ေပမယ့္ ရြန္နီကေတာ့ ေျခစြမ္းမရႈံးခဲ့ပါဘူး။ သူဟာ ကြငး္လယ္မွာ တည္တည္ၿငိမ္ၿငိမ္နဲ႔ ၾသဇာအျပည့္ရွိခဲ့ပါတယ္။ အဲဒီပြဲက သူ႔ရဲ႕ဖရီးကစ္ကန္သြင္းခ်က္ေတြကလည္း မန္ယူဂိုးသမားရိုမီရိုကို လက္စြမ္ျပကာကြယ္ရတဲ့အထိကို ၿခိမ္းေျခာက္ႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ပိုၿပီးအထင္ႀကီးစရာေကာငး္တာက ရြန္နီရဲ႕အေ၀းေပးပို႔မႈေတြပါပဲ။
ဒုတိယပိုင္းမွာဆုိရင္ သူ႔ရဲ႕အံ့ၾသေလာက္ဖြယ္ေပးပို႔မႈတစ္ခုကေန ဒါဘီအသင္းဟာ ဂိုးရမလိုေတာင္ ျဖစ္ခဲ့တာပါ။ ရြန္နီဟာ သူ႔ကြင္းဘက္ျခမ္းတစ္၀က္ေလာက္ကေန တိုက္စစ္က ဒါဘီကစားသမားတစ္ေယာက္ဆီကို အျမင့္ေဘာေပးပို႔ခဲ့တာျဖစ္ၿပီး အဲဒီဒါဘီကစားသမားကေျပးထြက္ဆြဲယူၿပီး ေထာင့္ျဖတ္ကန္သြင္းရာမွာ ဂိုးတိုင္ေဘးနားကေန ကပ္ထြက္သြားခဲ့တာပါ။ ၃၄ ႏွစ္္ရွိေနၿပီျဖစ္ေပမယ့္ သူ႔မွာ က်န္ေနေသးတယ္ဆိုတာကို အဲဒီရူးေလာက္ဖြယ္ေပးပို႔မႈနဲ႔ ရြန္နီက သက္ေသျပခဲ့တာပါ။ သူဟာ အရင္က တိုက္စစ္မွာ ဂိုးသြင္းစက္ျဖစ္ခဲ့ေပမယ့္လည္း အသက္အရြယ္ေၾကာင့္ အခုေတာ့ ဒါဘီမွာ ကြင္းလယ္ခံစစ္ေနရာက ကစားေနၿပီး အေ၀းေပးပို႔မႈေကာင္းေတြျပဳလုပ္ေနကာ မန္ယူနဲ႔႔ပြဲမွာ ကြင္းထဲက ဘယ္သူထက္မဆို အခြင့္အေရး ပိုဖန္တီးႏိုင္ခဲ့ပါတယ္။