သူ့နည်းစနစ်တွေကို ကစားသမားတွေသိပ်နားမလည်သေးဘူးလို့ ဆီတီယန်ပြော

Photo-Internet
Photo-Internet

ဘာစီလိုနာအသင်းနည်းပြ ဆီတီယန်က သူ့ရဲ့နည်းစနစ်တွေကို ကစားသမားတွေကသေချနားမလည်သေးဘူးလို့ ဗလင်စီယာကိုရှုံးခဲ့တဲ့ပွဲအပြီးမှာပြောကြားလိုက်ပါတယ်။ ဘာစီလိုနာဟာအဝေးကွင်းကစားခဲ့ရပြီး အိမ်ရှင်ဗလင်စီယာကို ၂-၀ နဲ့ရှုံးခဲ့တာဖြစ်ပါတယ်။

ဆီတီယန်ဟာပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ မှာဘာစီလိုနာကိုစတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ၃ ပွဲမြောက်မှာ ရှုံးပွဲစတွေ့ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ဗလင်စီယာဘက်က မက်ဆီဂိုမက်ဇ်ကခြေစွမ်းပြခဲ့ပြီး ၂ ဂိုးစလုံးကိုသွင်းယူပေးခဲ့ပါတယ်။ ဒါဟာ ၃ နှစ်ကျော်အတွင်းမှာဘာစီလိုနာကို လာလီဂါမှာပထမဆုံးအကြိမ်အနိုင်ရရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။

Photo-Internet

ပွဲအပြီးမှာဆီတီယန်က”အမှတ်တရားကတော့ ကျွန်တော်တို့ ကစားပုံမကောင်းခဲ့ပါဘူး။ အထူးသဖြင့် ပထမပိုင်းမှာပေါ့။ ပြိုင်ဘက်ကိုဖြိုခွဲနိုင်စွမ်းလည်း မရှိခဲ့ပါဘူး။ ကစားသမားတွေဟာ သူတို့နားမလည်နိုင်သေးတဲ့အရာတွေရှိနေပြီး ဗလင်စီယာကလည်း ကျွန်တော်တို့ရဲ့အမှားကနေတစ်ဆင့် အခွင့်အရေးတွေယူသွားခဲ့ပါတယ်။

Photo-Internet

အသင်းမှာအာရုံစူးစိုက်မှုပြဿသ  နာတော့မရှိပါဘူး။ ဒါပေမယ့် သူတို့တွေနေရာယူပုံမတိကျခဲ့ပါဘူး။ ဒါကြောင့်လည်း ဦးတည်ချက်မပါတဲ့ ပေးပို့မှုတွေပြုလုပ်ခဲ့ကြတာပေါ့။ ဒါဟာကျွန်တော့်ရဲ့နည်းစနစ်ပိုင်းညွှန်ကြားမှုကို သူတို့သိပ်နားမလည်သေးတာဖြစ်မှာပါ။ ကျွန်တော့်ဘက်ကလည်း သေချာမရှင်းပြနိုင်ခဲ့တာလည်း ဖြစ်နိုင်တာပေါ့” လို့ပြောသွားပါတယ်။

Photo-Internet

ဘာစီလိုနာနောက်ခံလူ ဘက်စကွက်စ်ကလည်း သူတို့ဟာဆီတီယန်ရဲ့နည်းစနစ်တွေနဲ့အံဝင်ဖို့ အချိန်ယူရဦးမယ်လို့ ပွဲအပြီးမှာဝန်ခံသွားပါတယ်။ ဘာစီလိုနာဟာ တကယ်တမ်းမှာလည်း ဆီတီယန်ရဲ့ပုံစံနဲ့အသားမကျသေးပါဘူး။ အရင်တစ်ပတ်က ဂရန်နာဒါနဲ့ပွဲမှာဆိုရင် ဘောလုံးပေးပို့အကြိမ်ရေ ၁၀၀၀ ကျော်ရှိခဲ့ပေမယ့် အခွင့်အရေး ၆ ကြိမ်သာရရှိခဲ့တာဖြစ်ပါတယ်

Photo-Internet

Zawgyi

သူ႔နည္းစနစ္ေတြကို ကစားသမားေတြသိပ္နားမလည္ေသးဘူးလို႔ ဆီတီယန္ေျပာ

ဘာစီလိုနာအသင္းနည္းျပ ဆီတီယန္က သူ႔ရဲ႕နည္းစနစ္ေတြကို ကစားသမားေတြကေသခ်နားမလည္ေသးဘူးလို႔ ဗလင္စီယာကိုရႈံးခဲ့တဲ႔ပြဲအၿပီးမွာေျပာၾကားလိုက္ပါတယ္။ ဘာစီလိုနာဟာအေ၀းကြင္းကစားခဲ့ရၿပီး အိမ္ရွင္ဗလင္စီယာကို ၂-၀ နဲ႔ရႈံးခဲ့တာျဖစ္ပါတယ္။

ဆီတီယန္ဟာၿပီးခဲ့တဲ႔ ဇန္န၀ါရီ ၁၃ မွာဘာစီလိုနာကိုစတင္ကိုင္တြယ္ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ ၃ ပြဲေျမာက္မွာ ရႈံးပြဲစေတြ႔ခဲ့တာျဖစ္ပါတယ္။ ဒီပြဲမွာ ဗလင္စီယာဘက္က မက္ဆီဂိုမက္ဇ္ကေျခစြမ္းျပခဲ့ၿပီး ၂ ဂိုးစလုံးကိုသြင္းယူေပးခဲ့ပါတယ္။ ဒါဟာ ၃ ႏွစ္ေက်ာ္အတြင္းမွာဘာစီလိုနာကို လာလီဂါမွာပထမဆုံးအႀကိမ္အႏိုင္ရရွိခဲ့ျခင္းလည္းျဖစ္ပါတယ္။

ပြဲအၿပီးမွာဆီတီယန္က”အမွတ္တရားကေတာ႔ က်ြန္ေတာ္တို႔ ကစားပုံမေကာင္းခဲ့ပါဘူး။ အထူးသျဖင့္ ပထမပိုင္းမွာေပါ့။ ၿပိဳင္ဘက္ကိုၿဖိဳခြဲႏိုင္စြမ္းလည္း မရွိခဲ့ပါဘူး။ ကစားသမားေတြဟာ သူတို႔နားမလည္ႏိုင္ေသးတဲ႔အရာေတြရွိေနၿပီး ဗလင္စီယာကလည္း က်ြန္ေတာ္တို႔ရဲ႕အမွားကေနတစ္ဆင့္ အခြင့္အေရးေတြယူသြားခဲ့ပါတယ္။

အသင္းမွာအာရုံစူးစိုက္မႈျပႆသ  နာေတာ႔မရွိပါဘူး။ ဒါေပမယ္႔ သူတို႔ေတြေနရာယူပုံမတိက်ခဲ့ပါဘူး။ ဒါေၾကာင့္လည္း ဦးတည္ခ်က္မပါတဲ႔ ေပးပို႔မႈေတြျပဳလုပ္ခဲ့ၾကတာေပါ့။ ဒါဟာက်ြန္ေတာ္႔ရဲ႕နည္းစနစ္ပိုင္းညႊန္ၾကားမႈကို သူတို႔သိပ္နားမလည္ေသးတာျဖစ္မွာပါ။ က်ြန္ေတာ္႔ဘက္ကလည္း ေသခ်ာမရွင္းျပႏိုင္ခဲ့တာလည္း ျဖစ္ႏိုင္တာေပါ့” လို႔ေျပာသြားပါတယ္။

ဘာစီလိုနာေနာက္ခံလူ ဘက္စကြက္စ္ကလည္း သူတို႔ဟာဆီတီယန္ရဲ႕နည္းစနစ္ေတြနဲ႔အံ၀င္ဖို႔ အခ်ိန္ယူရဦးမယ္လို႔ ပြဲအၿပီးမွာ၀န္ခံသြားပါတယ္။ ဘာစီလိုနာဟာ တကယ္တမ္းမွာလည္း ဆီတီယန္ရဲ႕ပုံစံနဲ႔အသားမက်ေသးပါဘူး။ အရင္တစ္ပတ္က ဂရန္နာဒါနဲ႔ပြဲမွာဆိုရင္ ေဘာလုံးေပးပို႔အႀကိမ္ေရ ၁၀၀၀ ေက်ာ္ရွိခဲ့ေပမယ္႔ အခြင့္အေရး ၆ ႀကိမ္သာရရွိခဲ့တာျဖစ္ပါတယ္။