သူ့ဆီကနေ ဝန်ဒါကို လုယူသွားပေမယ့် အီကာဒီကို ခွင့်လွှတ်လိုက်ပြီဖြစ်တဲ့ မက်ဆီလိုပက်ဇ်

Photo Credit

Photo Credit

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီလိုပက်ဇ်က သူ့ဇနီးဖြစ်သူ ဝန်ဒါနာရာကို လုယူသွားတယ်လို့ စွပ်စွဲခံနေရတဲ့ ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး အီကာဒီအပေါ် ခွင့်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း အခိုင်အမာပြောကြားလိုက်ခြင်းဖြင့် သူတို့နှစ်ယောက်ကြား ငြိမ်းချမ်းရေးတံတား ထိုးလိုက်ကပါတယ်။

Photo Credit

အင်တာမီလန်အသင်းကနေ ပီအက်စ်ဂျီကို တစ်ရာသီအငှားနဲ့ လာရောက်ကစားနေတဲ့အသက် ၂၆နှစ်အရွယ်ရှိ အီကာဒီဟာ ၂၀၀၄ ခုနှစ်ကတည်းက အာဂျင်တိုင်းအလှအပလေးနဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး နာရာက သူ့ရဲ့အေးဂျင့်အဖြစ်လည်း ဆောင်ရွက်နေပါတယ်။

Photo Credit

လိုပက်ဇ်နဲ့ ဝန်ဒါတို့ရဲ့ အိမ်ထောင်ရေးအရှုပ်တော်ပုံဟာ အီကာဒီဝင်ရောက်လာပြီးနောက် သုံးပွင့်ဆိုင် အချစ်ဇတ်လမ်းဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဘာစီလိုနာနဲ့ ရေးဗားပလိတ် ကစားသမားဟောင်းလိုပက်ဇ်က သူဟာအင်တာမီလန်အသင်းခေါင်းဆောင်ဟောင်းအီကာဒီအပေါ် သူ့ရဲ့သဘောထားတွေကို ခဝါချလိုက်ပြီဖြစ်ကြောင်း အခိုင်အမာဆိုပါတယ်။

Photo Credit

အာဂျင်တိုင်းသားကို ခွင့်လွှတ်ခဲ့သလားလို့ အာဂျင်တီးနားရေဒီယို FM 94.7 Club Octubre က မေးမြန်းခဲ့ရာမှာတော့ “ဟုတ်ပါတယ်၊ ကျွန်တော် ဘယ်သူနဲ့မှ ပြဿနာမဖြစ်ချင်ပါဘူး၊ လူသားဆန်တဲ့စကားကိုပြောရမယ်ဆိုရင်တော့ ကျွန်တော့်ကလေးတွေ ပျော်ရွှင်စေမယ့်နည်းလမ်းကိုပဲရှာဖွေချင်ပါတယ်၊ ဒါက ကျွန်တော်ပိုင်ဆိုင်တဲ့ တစ်ခုတည်းသောရွေးချယ်ခွင့်ပါ”

Photo Credit

”ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ပါ၊ ဖြစ်ပြီးတာတွေက ပြီးသွားခဲ့ပါပြီ၊ ကျွန်တော် နောက်ကြောင်းတွေ ပြန်မလှန်ချင်တော့ပါဘူး၊ ဒါက ကျွန်တော့်ကိုဘယ်လိုသက်ရောက်မှုမျိုးမှ မဖြစ်စေပါဘူး“လို့ ဖြေကြားသွားခဲ့ပါတယ်။

Photo Credit

လိုပက်ဇ်ဟာ လက်ရှိမှာအီတလီကလပ်ခရိုတိုနီအသင်းအတွက် ကစားနေပြီး ဝန်ဒါနဲ့အတူကလေး ၃ ယောက် ရခဲ့ပါတယ်၊ သူတို့ကတော့ ဗယ်လန်တီနိုဂတ်စတွန်၊ ကွန်စတန်တီနိုနဲ့ ဘီနီဒစ်တိုတို့ ဖြစ်ပြီး မကြာသေးခင်က အီကာဒီကို ကလေးတွေနဲ့ ဆက်ဆံရေးမပြေလည်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုထားသေးတာ ဖြစ်ပါတယ်။

Photo Credit

ဝန်ဒါနဲ့ အိမ်ထောင်ရေး ပြိုကွဲသွားခဲ့ပေမယ့် လိုပက်ဇ်ဟာ ကလေးတွေရဲ့ အဖေအဖြစ်တော့ ဆက်ရှိနေတုန်းပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီးလိုပက်ဇ်က“ လူတိုင်းမှာ ပြဿနာတွေနဲ့ အရှုပ်တော်ပုံတွေ ရှိကြပါတယ်၊ ခင်ဗျားတို့ဘဝမှာအပြောင်းအလဲမျိုးစုံနဲ့ ရင်ဆိုင်တွေ့ရမှာပါ”

Photo Credit

”ကျွန်တော်ထပ်ပြောပါမယ်၊ ကျွန်တော့်ကလေးတွေပျော်ရွှင်ဖို့ကိုပဲရွေးချယ်မှာပါ၊ ဘာတွေပဲပြောင်းလဲသွားသွား ကျွန်တော်က ဝန်ဒါရဲ့ ခင်ပွန်းသည်တစ်ယောက် မဟုတ်တော့ရင်တောင် ကျွန်တော့်ကလေးတွေရဲ့ ဖခင်ဖြစ်နေဆဲပါပဲ“လို့ ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။

Photo Credit

၂၀၁၄ ခုနှစ်က ပွဲစဉ်တစ်ပွဲမှာ လိုပက်ဇ်နဲ့ အီကာဒီတို့ ပြိုင်ဘက်ကစားသမားတွေအဖြစ် ထိပ်တိုက်တွေ့ဆုံခဲ့ကြပါတယ်။ အဆိုပါပွဲစဉ်မှာ လိုပက်ဇ်က ဆမ်ဒိုးရီးယားအသင်းကစားသမားအဖြစ် ပါဝင်ကစားခဲ့ပြီး အီကာဒီကိုလက်ဆွဲမနှုတ်ဆက်ဘဲ ခပ်တည်တည်နေခဲ့တာကြောင့် မီဒီယာတွေက “ဝန်ဒါဒါဘီပွဲစဉ်”လို့ ရေးသားခဲ့ကြပါတယ်။

Photo Credit

Zawgyi

သူ႕ဆီကေန ၀န္ဒါကို လုယူသြားေပမယ့္ အီကာဒီကို ခြင့္လႊတ္လုိက္ၿပီျဖစ္တဲ့ မက္ဆီလိုပက္ဇ္

အာဂ်င္တီးနားတုိက္စစ္မွဴး မက္ဆီလိုပက္ဇ္က သူ႕ဇနီးျဖစ္သူ ၀န္ဒါနာရာကို လုယူသြားတယ္လုိ႔ စြပ္စြဲခံေနရတဲ့ ပီအက္စ္ဂ်ီအသင္းတုိက္စစ္မွဴး အီကာဒီအေပၚ ခြင့္လႊတ္ေပးလုိက္ၿပီျဖစ္ေၾကာင္း အခုိင္အမာေျပာၾကားလုိက္ျခင္းျဖင့္ သူတုိ႔ႏွစ္ေယာက္ၾကား ၿငိမ္းခ်မ္းေရးတံတား ထိုးလုိက္ကပါတယ္။
အင္တာမီလန္အသင္းကေန ပီအက္စ္ဂ်ီကို တစ္ရာသီအငွားနဲ႔ လာေရာက္ကစားေနတဲ့အသက္ ၂၆ႏွစ္အရြယ္ရွိ အီကာဒီဟာ ၂၀၀၄ ခုႏွစ္ကတည္းက အာဂ်င္တုိင္းအလွအပေလးနဲ႔ လက္ထပ္ခဲ့တာျဖစ္ၿပီး နာရာက သူ႕ရဲ႕ေအးဂ်င့္အျဖစ္လည္း ေဆာင္ရြက္ေနပါတယ္။
လိုပက္ဇ္နဲ႔ ၀န္ဒါတို႔ရဲ႕ အိမ္ေထာင္ေရးအရႈပ္ေတာ္ပံုဟာ အီကာဒီဝင္ေရာက္လာၿပီးေနာက္ သံုးပြင့္ဆိုင္ အခ်စ္ဇတ္လမ္းျဖစ္လာခဲ့ပါတယ္။ ဒါေပမဲ့ ဘာစီလိုနာနဲ႔ ေရးဗားပလိတ္ ကစားသမားေဟာင္းလိုပက္ဇ္က သူဟာအင္တာမီလန္အသင္းေခါင္းေဆာင္ေဟာင္းအီကာဒီအေပၚ သူ႕ရဲ႕သေဘာထားေတြကို ခ၀ါခ်လုိက္ၿပီျဖစ္ေၾကာင္း အခုိင္အမာဆုိပါတယ္။
အာဂ်င္တိုင္းသားကို ခြင့္လႊတ္ခဲ့သလားလို႔ အာဂ်င္တီးနားေရဒီယို FM 94.7 Club Octubre က ေမးျမန္းခဲ့ရာမွာေတာ့ “ဟုတ္ပါတယ္၊ ကၽြန္ေတာ္ ဘယ္သူနဲ႔မွ ျပႆနာမျဖစ္ခ်င္ပါဘူး၊ လူသားဆန္တဲ့စကားကိုေျပာရမယ္ဆိုရင္ေတာ့ ကၽြန္ေတာ့္ကေလးေတြ ေပ်ာ္ရႊင္ေစမယ့္နည္းလမ္းကိုပဲရွာေဖြခ်င္ပါတယ္၊ ဒါက ကၽြန္ေတာ္ပိုင္ဆိုင္တဲ့ တစ္ခုတည္းေသာေရြးခ်ယ္ခြင့္ပါ”
”ဘာေတြပဲ ျဖစ္ခဲ့ျဖစ္ခဲ့ပါ၊ ျဖစ္ၿပီးတာေတြက ၿပီးသြားခဲ့ပါၿပီ၊ ကၽြန္ေတာ္ ေနာက္ေၾကာင္းေတြ ျပန္မလွန္ခ်င္ေတာ့ပါဘူး၊ ဒါက ကၽြန္ေတာ့္ကိုဘယ္လိုသက္ေရာက္မႈမ်ိဳးမွ မျဖစ္ေစပါဘူး“လို႔ ေျဖၾကားသြားခဲ့ပါတယ္။
လိုပက္ဇ္ဟာ လက္ရွိမွာအီတလီကလပ္ခ႐ိုတိုနီအသင္းအတြက္ ကစားေနၿပီး ၀န္ဒါနဲ႔အတူကေလး ၃ ေယာက္ ရခဲ့ပါတယ္၊ သူတို႔ကေတာ့ ဗယ္လန္တီႏိုဂတ္စတြန္၊ ကြန္စတန္တီႏိုနဲ႔ ဘီနီဒစ္တိုတို႔ ျဖစ္ၿပီး မၾကာေသးခင္က အီကာဒီကို ကေလးေတြနဲ႔ ဆက္ဆံေရးမေျပလည္လို႔ ျပင္းျပင္းထန္ထန္ ေဝဖန္ေျပာဆိုထားေသးတာ ျဖစ္ပါတယ္။
၀န္ဒါနဲ႔ အိမ္ေထာင္ေရး ၿပိဳကြဲသြားခဲ့ေပမယ့္ လိုပက္ဇ္ဟာ ကေလးေတြရဲ႕ အေဖအျဖစ္ေတာ့ ဆက္ရွိေနတုန္းပဲ ျဖစ္ပါတယ္။ ဆက္လက္ၿပီးလိုပက္ဇ္က“ လူတိုင္းမွာ ျပႆနာေတြနဲ႔ အရႈပ္ေတာ္ပံုေတြ ရွိၾကပါတယ္၊ ခင္ဗ်ားတို႔ဘဝမွာအေျပာင္းအလဲမ်ိဳးစံုနဲ႔ ရင္ဆိုင္ေတြ႔ရမွာပါ”
”ကၽြန္ေတာ္ထပ္ေျပာပါမယ္၊ ကၽြန္ေတာ့္ကေလးေတြေပ်ာ္ရႊင္ဖို႔ကိုပဲေရြးခ်ယ္မွာပါ၊ ဘာေတြပဲေျပာင္းလဲသြားသြား ကၽြန္ေတာ္က ၀န္ဒါရဲ႕ ခင္ပြန္းသည္တစ္ေယာက္ မဟုတ္ေတာ့ရင္ေတာင္ ကၽြန္ေတာ့္ကေလးေတြရဲ႕ ဖခင္ျဖစ္ေနဆဲပါပဲ“လို႔ ထပ္ေလာင္းေျပာၾကားသြားခဲ့ပါတယ္။
၂၀၁၄ ခုႏွစ္က ပြဲစဥ္တစ္ပြဲမွာ လုိပက္ဇ္နဲ႔ အီကာဒီတို႔ ၿပိဳင္ဘက္ကစားသမားေတြအျဖစ္ ထိပ္တိုက္ေတြ႔ဆံုခဲ့ၾကပါတယ္။ အဆိုပါပြဲစဥ္မွာ လိုပက္ဇ္က ဆမ္ဒိုးရီးယားအသင္းကစားသမားအျဖစ္ ပါဝင္ကစားခဲ့ၿပီး အီကာဒီကိုလက္ဆြဲမႏႈတ္ဆက္ဘဲ ခပ္တည္တည္ေနခဲ့တာေၾကာင့္ မီဒီယာေတြက “ဝန္ဒါဒါဘီပြဲစဥ္”လို႔ ေရးသားခဲ့ၾကပါတယ္။