

ဘာစီလိုနာအသင်းတိုက်စစ်မှူ း မက်ဆီဟာ အင်တာမီလန်ကိုအိမ်ကွင်းမှာ ၂-၁ နဲ့အနိုင်ရခဲ့တဲ့ ပွဲမှာခြေစွမ်းပြပြီးတဲ့နောက် သူ့ခြေစွမ်းဟာ အခုမှစတင်ကာစဘဲရှိသေးတယ်လို့ ဥရောပပြိုင်ဘက်တွေကို သတိပေးလိုက်ပါတယ်။
မက်ဆီဟာ ရာသီအစပိုင်းကာလမှာ ဒဏ်ရာပြဿ နာတွေနဲ့ရင်ဆိုင်ခဲ့ရလို့ သူ့ရဲ့ခြေစွမ်းကိုလည်း ထိခိုက်ခဲ့ရပါတယ်။ဒီပွဲမှာ အင်တာမီလန်ကပွဲစပြီးသိပ်မကြာခင်မှာ ဂိုးစတင်သွင်းယူခဲ့ပေမယ့် ဆွာရက်ဇ်ရဲ့ဂိုးတွေနဲ့ ဘာစီလိုနာက ၂-၁ နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဂီတာဖေးနဲ့ ပွဲမှာမပါနိုင်ခဲ့တဲ့ မက်ဆီဟာ ဒီပွဲမှာတော့ပွဲထွက်စာရင်းကနေပါဝင်လာခဲ့ပြီး ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဆွာရက်ဇ်ရဲ့အနိုင်ဂိုးအတွက် လှပစွာဖန်တီးပေးနိုင်ခဲ့သူဖြစ်ပါတယ်။

သူဟာ အင်တာမီလန်ဘက်ကိုသူ့ရဲ့ပြေးအားနဲ့ဘောလုံးစွမ်းရည်ကိုအသုံးပြုကာ ဖန်တီးပေးခဲ့မှုကနေ ဆွာရက်ဇ်က ၈၄ မိနစ်မှာအနိုင်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ မက်ဆီဟာသူကြံခိုင်မှုပြည့်ဝနေတဲ့အကြောင်းကို မိနစ် ၉၀ ပြည့်ကစားပြီးပြသသွားခဲ့တာပါ။ ဒါဟာ ဒီရာသီမှာပထမဆုံးအကြိမ်အဖြစ် မိနစ် ၉၀ ပြည့်ကစားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မက်ဆီက”ကျွန်တော့်ရဲ့ခြေစွမ်းက အခုမှစတင်ကာစဖြစ်ပါတယ်။ ဒီရာသီမှာပထမဆုံးအကြိမ်အဖြစ် ပွဲချိန်ပြည့်ကစားခဲ့တာလည်းဖြစ်ပါတယ်။ ရာသီစတင်ကာစမှာဒဏ်ရာပြဿ နာတွေနဲ့အတူခြေစွမ်း ထင်သလိုမဖြစ်ခဲ့ပေမယ့် ပြန်လည်ခြေစွမ်းပြဖို့ အဆင်သင့်ရှိနေပါပြီ” လို့ပြောသွားပါတယ်။

ဒါ့အပြင် မက်ဆီက သူနဲ့ဂရစ်ဇ်မန်းအကြားမှာ စကားအပြောအဆိုသိပ်မရှိလို့ အသင်းရဲ့အဝတ်လဲခန်းထဲမှာထိခိုက်မှုတွေရှိနေတယ် ဆိုတာကိုလည်းငြင်းပယ်ခဲ့ပြီး အားလုံးနဲ့ဆက်ဆံရေးကောင်းမွန်နေတဲ့အပြင် အဝတ်လဲခန်းထဲမှာလည်း စုစည်းညီညွတ်မှုရှိကြပါတယ် လို့ ဆက်လက်ပြောကြားသွားပါတယ်။

Zawgyi
သူ႔ေျခစြမ္းက စတင္ကာစဘဲရွိေသးတယ္လို႔ ဥေရာပၿပိဳင္ဘက္ေတြကို မက္ဆီသတိေပး
ဘာစီလိုနာအသင္းတိုက္စစ္မွဴ း မက္ဆီဟာ အင္တာမီလန္ကိုအိမ္ကြင္းမွာ ၂-၁ နဲ႔အႏိုင္ရခဲ့တဲ႔ ပြဲမွာေျခစြမ္းျပၿပီးတဲ႔ေနာက္ သူ႔ေျခစြမ္းဟာ အခုမွစတင္ကာစဘဲရွိေသးတယ္လို႔ ဥေရာပၿပိဳင္ဘက္ေတြကို သတိေပးလိုက္ပါတယ္။ မက္ဆီဟာ ရာသီအစပိုင္းကာလမွာ ဒဏ္ရာျပႆ နာေတြနဲ႔ရင္ဆိုင္ခဲ့ရလို႔ သူ႔ရဲ႕ေျခစြမ္းကိုလည္း ထိခိုက္ခဲ့ရပါတယ္။
ဒီပြဲမွာ အင္တာမီလန္ကပြဲစၿပီးသိပ္မၾကာခင္မွာ ဂိုးစတင္သြင္းယူခဲ့ေပမယ္႔ ဆြာရက္ဇ္ရဲ႕ဂိုးေတြနဲ႔ ဘာစီလိုနာက ၂-၁ နဲ႔အႏိုင္ရခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ႔ ဂီတာေဖးနဲ႔ ပြဲမွာမပါႏိုင္ခဲ့တဲ႔ မက္ဆီဟာ ဒီပြဲမွာေတာ႔ပြဲထြက္စာရင္းကေနပါ၀င္လာခဲ့ၿပီး ဂိုးမသြင္းႏိုင္ခဲ့ေပမယ္႔ ဆြာရက္ဇ္ရဲ႕အႏိုင္ဂိုးအတြက္ လွပစြာဖန္တီးေပးႏိုင္ခဲ့သူျဖစ္ပါတယ္။
သူဟာ အင္တာမီလန္ဘက္ကိုသူ႔ရဲ႕ေျပးအားနဲ႔ေဘာလုံးစြမ္းရည္ကိုအသုံးျပဳကာ ဖန္တီးေပးခဲ့မႈကေန ဆြာရက္ဇ္က ၈၄ မိနစ္မွာအႏိုင္ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။ ဒီပြဲမွာ မက္ဆီဟာသူႀကံခိုင္မႈျပည့္၀ေနတဲ႔အေၾကာင္းကို မိနစ္ ၉၀ ျပည့္ကစားၿပီးျပသသြားခဲ့တာပါ။ ဒါဟာ ဒီရာသီမွာပထမဆုံးအႀကိမ္အျဖစ္ မိနစ္ ၉၀ ျပည့္ကစားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။
မက္ဆီက”က်ြန္ေတာ္႔ရဲ႕ေျခစြမ္းက အခုမွစတင္ကာစျဖစ္ပါတယ္။ ဒီရာသီမွာပထမဆုံးအႀကိမ္အျဖစ္ ပြဲခ်ိန္ျပည့္ကစားခဲ့တာလည္းျဖစ္ပါတယ္။ ရာသီစတင္ကာစမွာဒဏ္ရာျပႆ နာေတြနဲ႔အတူေျခစြမ္း ထင္သလိုမျဖစ္ခဲ့ေပမယ္႔ ျပန္လည္ေျခစြမ္းျပဖို႔ အဆင္သင့္ရွိေနပါၿပီ” လို႔ေျပာသြားပါတယ္။
ဒါ့အျပင္ မက္ဆီက သူနဲ႔ဂရစ္ဇ္မန္းအၾကားမွာ စကားအေျပာအဆိုသိပ္မရွိလို႔ အသင္းရဲ႕အ၀တ္လဲခန္းထဲမွာထိခုိက္မႈေတြရွိေနတယ္ ဆိုတာကိုလည္းျငင္းပယ္ခဲ့ၿပီး အားလုံးနဲ႔ဆက္ဆံေရးေကာင္းမြန္ေနတဲ႔အျပင္ အ၀တ္လဲခန္းထဲမွာလည္း စုစည္းညီညြတ္မႈရွိၾကပါတယ္ လို႔ ဆက္လက္ေျပာၾကားသြားပါတယ္။