သူ့ချစ်သူနဲ့အသင်းဖော်ဗာတွန်ဂန်တို့ ဖောက်ပြန်နေတယ်ဆိုတဲ့သတင်းတွေကို အဲရစ်ဆင် ခါးခါးသီးသီးငြင်းဆန်

Photo Credit

Photo Credit

တော့တင်ဟမ်အသင်းကွင်းလယ်လူ အဲရစ်ဆင်က သူ့ချစ်သူနဲ့ အသင်းဖော် ဗာတွန်ဂန်ကို ဖောက်ပြန်နေတယ်လို့ သတင်းတွေထွက်ပေါ်နေမှုကို ခါးခါးသီးသီးငြင်းဆန်သွားပြီး အဆိုပါသတင်းတွေက အလိမ်အညာသတင်းတွေသာဖြစ်ကြောင်း ဖြေရှင်းသွားပါတယ်။

Photo Credit ; Getty Images

အင်တာနက်အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့သတင်းတွေအရ ဘယ်လ်ဂျီယံလက်ရွေးစင် ဗာတွန်ဂန်ဟာ အဲရစ်ဆင်ရဲ့အတူနေချစ်သူဖြစ်သူ ဆာဘရီနာကဗစ်နဲ့ ငြိစွန်းနေတယ်လို့ သိရပြီး အသင်းဖော်ရဲ့ချစ်သူနဲ့ ပတ်သက်နေတဲ့ ဗာတွန်ဂန်နဲ့လည်း အဝတ်လဲခန်းအတွင်း တိုက်စစ်မှူးဟယ်ရီကိန်းတို့ အချင်းများခဲ့ကြောင်း သိရပါတယ်။

Photo Credit

ဒါပေမဲ့ အင်္ဂါနေ့က ချန်ပီယံလိဂ်အုပ်စုပွဲအဖြစ် ဘိုင်ယန်မြူးနစ်အသင်းကို အိမ်ကွင်းမှာ တော့တင်ဟမ်အသင်း ၂-၇ ဂိုးနဲ့အရေးနိမ့်ခဲ့ပြီးနောက် တစ်ရက်အကြာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အဲဒီသတင်းတွေနဲ့ပတ်သက်လို့ အဲရစ်ဆင်က ပြင်းပြင်းထန်ထန်ငြင်းချက်ထုတ်သွားပြီး တွစ်တာကနေ ပြန်လည်ဖြေရှင်းသွားပါတယ်။

Photo Credit

အဲရစ်ဆင်ဟာ အဲဒီသတင်းရေးသားထားတဲ့တွစ်တာက ပို့စ်တစ်ခုကို ပြန်ရှဲထားပြီး အဲဒီရှဲထားတဲ့ပို့စ်မှာ အရေးမပါတဲ့အလိမ်အညာတွေဆိုတဲ့စာရေးသားခဲ့သလို အိပ်နေတဲ့အီမိုဂျီလည်း ထည့်သွင်းခဲ့ပါတယ်။ ဗာတွန်ဂန်ကလည်း အဲရစ်ဆင်ရဲ့ပို့စ်ကို ထပ်ဆင့်ပြန်ရှဲထားပြီး အဲရစ်ဆင်ရဲ့သဘောထားအတိုင်းရှိနေတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ အီမိုဂျီတွေအပြင် အသည်းပုံပါ ထည့်သွင်းခဲ့ပါတယ်။

Photo Credit

အဲရစ်ဆင်နဲ့ ကဗစ်တို့ဟာ ၂၀၁၂ ခုနှစ်ကတည်းက တွဲလာတာဖြစ်ပြီး ၂၀၁၈ ခုနှစ်က ပထမဆုံးရင်သွေးလေး ပိုင်ဆိုင်ထားပါတယ်။ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့သတင်းတွေအရ ”ဗာတွန်ဂန်နဲ့ အဲရစ်ဆင်ရဲ့မိန်းမတို့ အတူနေအိပ်နေတာကို မိသွားတာပါ။ ဟယ်ရီကိန်းလည်း အဲဒီဖြစ်ရပ်မှာ ပါဝင်ခဲ့ပြီး အဝတ်လဲခန်းထဲမှာ အကြီးအကျယ်စကားများကြပါတယ်”‘

Photo Credit

”အသင်းကလည်း ဗာတွန်ဂန်ကို စာချုပ်သစ်ကမ်းလှမ်းဖို့ ငြင်းဆန်ထားပါတယ်။ အဲရစ်ဆင်က ရီးရဲလ်ကို ပြောင်းဖို့ရှိခဲ့ပေမယ့် ပုဂ္ဂိုလ်ရေးကိစ္စတွေကြောင့် မပြောင်းဖြစ်ခဲ့ပါဘူး။ အဲဒီမှာ အသင်းသားတစ်ဝက်လောက်က တစ်ယောက်နဲ့တစ်ယောက် စကားမပြောကြပါဘူး”လို့ သိရပါတယ်။

Photo Credit

Zawgyi

သူ႕ခ်စ္သူနဲ႔အသင္းေဖာ္ဗာတြန္ဂန္တုိ႔ ေဖာက္ျပန္ေနတယ္ဆိုတဲ့သတင္းေတြကို အဲရစ္ဆင္ ခါးခါးသီးသီးျငင္းဆန္

ေတာ့တင္ဟမ္အသင္းကြင္းလယ္လူ အဲရစ္ဆင္က သူ႕ခ်စ္သူနဲ႔ အသင္းေဖာ္ ဗာတြန္ဂန္ကို ေဖာက္ျပန္ေနတယ္လုိ႔ သတင္းေတြထြက္ေပၚေနမႈကို ခါးခါးသီးသီးျငင္းဆန္သြားၿပီး အဆုိပါသတင္းေတြက အလိမ္အညာသတင္းေတြသာျဖစ္ေၾကာင္း ေျဖရွင္းသြားပါတယ္။
အင္တာနက္အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ေနတဲ့သတင္းေတြအရ ဘယ္လ္ဂ်ီယံလက္ေရြးစင္ ဗာတြန္ဂန္ဟာ အဲရစ္ဆင္ရဲ႕အတူေနခ်စ္သူျဖစ္သူ ဆာဘရီနာကဗစ္နဲ႔ ၿငိစြန္းေနတယ္လုိ႔ သိရၿပီး အသင္းေဖာ္ရဲ႕ခ်စ္သူနဲ႔ ပတ္သက္ေနတဲ့ ဗာတြန္ဂန္နဲ႔လည္း အ၀တ္လဲခန္းအတြင္း တုိက္စစ္မွဴးဟယ္ရီကိန္းတုိ႔ အခ်င္းမ်ားခဲ့ေၾကာင္း သိရပါတယ္။
ဒါေပမဲ့ အဂၤါေန႔က ခ်န္ပီယံလိဂ္အုပ္စုပဲြအျဖစ္ ဘုိင္ယန္ျမဴးနစ္အသင္းကို အိမ္ကြင္းမွာ ေတာ့တင္ဟမ္အသင္း ၂-၇ ဂိုးနဲ႔အေရးနိမ့္ခဲ့ၿပီးေနာက္ တစ္ရက္အၾကာ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔က အဲဒီသတင္းေတြနဲ႔ပတ္သက္လုိ႔ အဲရစ္ဆင္က ျပင္းျပင္းထန္ထန္ျငင္းခ်က္ထုတ္သြားၿပီး တြစ္တာကေန ျပန္လည္ေျဖရွင္းသြားပါတယ္။
အဲရစ္ဆင္ဟာ အဲဒီသတင္းေရးသားထားတဲ့တြစ္တာက ပို႔စ္တစ္ခုကို ျပန္ရွဲထားၿပီး အဲဒီရွဲထားတဲ့ပုိ႔စ္မွာ အေရးမပါတဲ့အလိမ္အညာေတြဆုိတဲ့စာေရးသားခဲ့သလို အိပ္ေနတဲ့အီမိုဂ်ီလည္း ထည့္သြင္းခဲ့ပါတယ္။ ဗာတြန္ဂန္ကလည္း အဲရစ္ဆင္ရဲ႕ပုိ႔စ္ကို ထပ္ဆင့္ျပန္ရွဲထားၿပီး အဲရစ္ဆင္ရဲ႕သေဘာထားအတုိင္းရိွေနတယ္ဆုိတဲ့အဓိပၸာယ္နဲ႔ အီမိုဂ်ီေတြအျပင္ အသည္းပုံပါ ထည့္သြင္းခဲ့ပါတယ္။
အဲရစ္ဆင္နဲ႔ ကဗစ္တုိ႔ဟာ ၂၀၁၂ ခုႏွစ္ကတည္းက တြဲလာတာျဖစ္ၿပီး ၂၀၁၈ ခုႏွစ္က ပထမဆုံးရင္ေသြးေလး ပိုင္ဆုိင္ထားပါတယ္။ အြန္လုိင္းမွာ ပ်ံ႕ႏွံ႔ေနတဲ့သတင္းေတြအရ ”ဗာတြန္ဂန္နဲ႔ အဲရစ္ဆင္ရဲ႕မိန္းမတုိ႔ အတူေနအိပ္ေနတာကို မိသြားတာပါ။ ဟယ္ရီကိန္းလည္း အဲဒီျဖစ္ရပ္မွာ ပါ၀င္ခဲ့ၿပီး အ၀တ္လဲခန္းထဲမွာ အႀကီးအက်ယ္စကားမ်ားၾကပါတယ္”‘
”အသင္းကလည္း ဗာတြန္ဂန္ကို စာခ်ဳပ္သစ္ကမ္းလွမ္းဖို႔ ျငင္းဆန္ထားပါတယ္။ အဲရစ္ဆင္က ရီးရဲလ္ကို ေျပာင္းဖို႔ရွိခဲ့ေပမယ့္ ပုဂၢိဳလ္ေရးကိစၥေတြေၾကာင့္ မေျပာင္းျဖစ္ခဲ့ပါဘူး။ အဲဒီမွာ အသင္းသားတစ္၀က္ေလာက္က တစ္ေယာက္နဲ႔တစ္ေယာက္ စကားမေျပာၾကပါဘူး”လုိ႔ သိရပါတယ္။