သူ့ကို ဝေဖန်နေတဲ့သူတွေမှားယွင်းကြောင်း သက်သေပြသွားမယ်လို့ ဟာဇက်ကြုံးဝါး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးယဲလ်အသင်းတောင်ပံတိုက်စစ်ကစားသမားဟာဇက်က သူဟာအမြဲတမ်းဒဏ်ရာရနေတာပဲလို့ ဝေဖန်မှုတွေထွက်ပေါ်နေတာကို ပြန်လည်တုံ့ပြန်ခဲ့ပြီး သူ့ရဲ့အရည်အသွေးကို ထုတ်ပြန်သွားမယ်လို့ကြုံးဝါးပြောဆိုခဲ့ပါတယ်။

အသက်(၃၀)နှစ်အရွယ်ရှိပြီဖြစ်သူ ဟာဇက်ဟာ ၂၀၁၉ ခုနှစ်တုန်းက ချယ်လ်ဆီးအသင်းကနေ ရီးယဲလ်အသင်းကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်(၈၉)သန်းနဲ့ရောက်ရှိခဲ့ပြီး

စီရော်နယ်လ်ဒိုရဲ့နေရာမှာအစားထိုးနိုင်မယ့်သူအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့်လည်း ဒဏ်ရာပြဿနာတွေနဲ့သာရုန်းကန်ခဲ့ရသလို ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက သူ့ကိုရောင်းချဖို့ ရီးယဲလ်အသင်းစီစဉ်နေပြီဆိုတဲ့ သတင်းတွေထွက်ခဲ့ဖူးပါတယ်။

ဟာဇက်ကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်အသင်းက စိတ်ဝင်စားခဲ့ပေမယ့် အပြောင်းအရွှေ့နောက်ဆုံးရက်အထိ တရားဝင်ကမ်းလှမ်းမှုမရှိတာကြောင့် ဟာဇက်ဟာ ရီးယဲလ်အသင်းမှာပဲ ဆက်ရှိနေတာဖြစ်ပါတယ်။

ရီးယဲလ်အသင်းမှာ ဆက်ရှိဖို့သေချာသွားတဲ့နောက် ဟာဇက်က ပွဲထွက်ခွင့်တစ်နေရာရဖို့ ထိုက်တန်မှုရှိတာကို သက်သေပြသွားဖို့ဆုံးဖြတ်ထားတာပါ။

ဟာဇက်က “ကျွန်တော်ဟာ ရီးယဲလ်အသင်းနဲ့ (၅)နှစ်စာချုပ်ချုပ်ဆိုထားတာဖြစ်ပါတယ်။

ပထမ(၂)ရာသီက ဒဏ်ရာပြဿနာတွေကြောင့် စိတ်ပျက်စရာဖြစ်ခဲ့ရပေမယ့် ကျွန်တော့်ရဲ့အရည်အသွေးကိုပြသဖို့ နောက်ထပ်(၃)နှစ်အချိန်ရပါသေးတယ်။

ကျွန်တော့်ရဲ့တန်ဖိုးကို ပြသနိုင်မယ့်အချိန်ရောက်လာအောင် စောင့်စားနေပါတယ်။

ရီးယဲလ်အသင်းဟာ ကျွန်တော့်အတွက် ငွေတွေအများကြီးအကုန်အကျခံအသုံးပြုခဲ့ရတာကြောင့် ဒီအသင်းအတွက် တစ်ခုခုပြန်ပေးဆပ်နိုင်ဖို့ ကျွန်တော်ကြိုးစားသွားမှာပါ”လို့ပြောကြားခဲ့ပါတယ်။

ဟာဇက်ဟာ ရီးယဲလ်ကစားသမားဘဝ ပထမဆုံး(၂)ရာသီမှာ ဒဏ်ရာတွေကြောင့်မကြာခဏအနားယူခဲ့ရပြီး (၄၃)ပွဲသာကစားနိုင်ခဲ့သလို အဲဒီထဲက (၃၁)ပွဲသာ ပွဲထွက်ကစားခဲ့တာဖြစ်ပါတယ်။

ဟာဇက်က “လူတွေက ကျွန်တော် အမြဲတမ်းဒဏ်ရာပဲရနေတာပဲလို့ထင်နေကြပါတယ်။

ဒါက မှန်တော့မှန်ပါတယ်။

ဒါပေမဲ့ ကျွန်တော့်ကစားသမားဘဝတစ်လျှောက် ကစားခဲ့တဲ့ပွဲအရေအတွက်ကို ပြန်ကြည့်ရင် ပြီးခဲ့တဲ့(၁၀)နှစ်အတွင်း ကျွန်တော့်ထက် ပွဲပိုကစားခဲ့တဲ့သူတစ်ယောက်မှ မရှိပါဘူး။

အခုအချိန်မှာ ကျွန်တော်ရဲ့ကြံ့ခိုင်မှုက (၁၀၀%)အပြည့်အဝမရှိသေးပေမယ့် အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်နေပါတယ်”လို့ ထပ်မံပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သူ႔ကို ေဝဖန္ေနတဲ့သူေတြမွားယြင္းေၾကာင္း သက္ေသျပသြားမယ္လို႔ ဟာဇက္ႀကဳံးဝါး

ရီးယဲလ္အသင္းေတာင္ပံတိုက္စစ္ကစားသမားဟာဇက္က သူဟာအၿမဲတမ္းဒဏ္ရာရေနတာပဲလို႔ ေဝဖန္မႈေတြထြက္ေပၚေနတာကို ျပန္လည္တုံ႔ျပန္ခဲ့ၿပီး သူ႔ရဲ႕အရည္အေသြးကို ထုတ္ျပန္သြားမယ္လို႔ႀကဳံးဝါးေျပာဆိုခဲ့ပါတယ္။ အသက္(၃၀)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဟာဇက္ဟာ ၂၀၁၉ ခုႏွစ္တုန္းက ခ်ယ္လ္ဆီးအသင္းကေန ရီးယဲလ္အသင္းကို ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္(၈၉)သန္းနဲ႔ေရာက္ရွိခဲ့ၿပီး စီေရာ္နယ္လ္ဒိုရဲ႕ေနရာမွာအစားထိုးႏိုင္မယ့္သူအျဖစ္ သတ္မွတ္ခံခဲ့ရေပမယ့္လည္း ဒဏ္ရာျပႆနာေတြနဲ႔သာ႐ုန္းကန္ခဲ့ရသလို ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕တုန္းက သူ႔ကိုေရာင္းခ်ဖို႔ ရီးယဲလ္အသင္းစီစဥ္ေနၿပီဆိုတဲ့ သတင္းေတြထြက္ခဲ့ဖူးပါတယ္။

ဟာဇက္ကို ေခၚယူဖို႔ ဂ်ဴဗင္တပ္စ္အသင္းက စိတ္ဝင္စားခဲ့ေပမယ့္ အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္အထိ တရားဝင္ကမ္းလွမ္းမႈမရွိတာေၾကာင့္ ဟာဇက္ဟာ ရီးယဲလ္အသင္းမွာပဲ ဆက္ရွိေနတာျဖစ္ပါတယ္။ ရီးယဲလ္အသင္းမွာ ဆက္ရွိဖို႔ေသခ်ာသြားတဲ့ေနာက္ ဟာဇက္က ပြဲထြက္ခြင့္တစ္ေနရာရဖို႔ ထိုက္တန္မႈရွိတာကို သက္ေသျပသြားဖို႔ဆုံးျဖတ္ထားတာပါ။

ဟာဇက္က “ကြၽန္ေတာ္ဟာ ရီးယဲလ္အသင္းနဲ႔ (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုထားတာျဖစ္ပါတယ္။ ပထမ(၂)ရာသီက ဒဏ္ရာျပႆနာေတြေၾကာင့္ စိတ္ပ်က္စရာျဖစ္ခဲ့ရေပမယ့္ ကြၽန္ေတာ့္ရဲ႕အရည္အေသြးကိုျပသဖို႔ ေနာက္ထပ္(၃)ႏွစ္အခ်ိန္ရပါေသးတယ္။ ကြၽန္ေတာ့္ရဲ႕တန္ဖိုးကို ျပသႏိုင္မယ့္အခ်ိန္ေရာက္လာေအာင္ ေစာင့္စားေနပါတယ္။ ရီးယဲလ္အသင္းဟာ ကြၽန္ေတာ့္အတြက္ ေငြေတြအမ်ားႀကီးအကုန္အက်ခံအသုံးျပဳခဲ့ရတာေၾကာင့္ ဒီအသင္းအတြက္ တစ္ခုခုျပန္ေပးဆပ္ႏိုင္ဖို႔ ကြၽန္ေတာ္ႀကိဳးစားသြားမွာပါ”လို႔ေျပာၾကားခဲ့ပါတယ္။

ဟာဇက္ဟာ ရီးယဲလ္ကစားသမားဘဝ ပထမဆုံး(၂)ရာသီမွာ ဒဏ္ရာေတြေၾကာင့္မၾကာခဏအနားယူခဲ့ရၿပီး (၄၃)ပြဲသာကစားႏိုင္ခဲ့သလို အဲဒီထဲက (၃၁)ပြဲသာ ပြဲထြက္ကစားခဲ့တာျဖစ္ပါတယ္။ ဟာဇက္က “လူေတြက ကြၽန္ေတာ္ အၿမဲတမ္းဒဏ္ရာပဲရေနတာပဲလို႔ထင္ေနၾကပါတယ္။ ဒါက မွန္ေတာ့မွန္ပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ့္ကစားသမားဘဝတစ္ေလွ်ာက္ ကစားခဲ့တဲ့ပြဲအေရအတြက္ကို ျပန္ၾကည့္ရင္ ၿပီးခဲ့တဲ့(၁၀)ႏွစ္အတြင္း ကြၽန္ေတာ့္ထက္ ပြဲပိုကစားခဲ့တဲ့သူတစ္ေယာက္မွ မရွိပါဘူး။ အခုအခ်ိန္မွာ ကြၽန္ေတာ္ရဲ႕ႀကံ့ခိုင္မႈက (၁၀၀%)အျပည့္အဝမရွိေသးေပမယ့္ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားလုပ္ေဆာင္ေနပါတယ္”လို႔ ထပ္မံေျပာၾကားခဲ့ပါတယ္။