
Photo Credit
Photo Credit
ဘာစီလိုနာအသင်းကွင်းလယ်လူ ဖရန်ကီဒီဂျောင်ဟာ ယခုနှစ်ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ သူ့အသင်းဟောင်း အေဂျက်စ် ထွက်ခဲ့ရပြီးနောက် စိတ်ထိခိုက်နာကျင်သွားခဲ့ရပါတယ်။ သူဟာ အေဂျက်စ်အသင်းနဲ့အတူ ကမ္ဘာ့ဘောလုံးစင်မြင့်ထက် ထွက်ပေါ်လာသူဖြစ်ပြီး ၂၀၁၉ နွေရာသီအတွင်း ဘာစီလိုနာအသင်းကို ပေါင် ၆၅သန်းနဲ့ ပြောင်းရွှေ့ဖို့ ဇန်နဝါရီလကတည်းက အကြိုသဘောတူညီခဲ့တာပါ။
Photo Credit
အသက် ၂၂နှစ်အရွယ်ရှိ ဒီဂျောင်ဟာ ပြီးခဲ့တဲ့ရာသီက အေဂျက်စ်အသင်းနဲ့အတူ အထူးခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းကလည်း ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့သလို နယ်သာလန်ပြည်တွင်းမှာလည်း အမှတ်ပေးချန်ပီယံနဲ့ ရှုံးထွက်ဖလားချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။
Photo Credit
နယ်သာလန်လက်ရွေးစင် ဒီဂျောင်ရဲ့လက်ရှိကလပ် ဘာစီလိုနာအသင်းက ရှုံးထွက်အဆင့်ကို အုပ်စုပထမအဖြစ် အမှားအယွင်းမရှိတက်ရောက်နိုင်ခဲ့ပြီး အင်တာမီလန်ကို အနိုင်ရခဲ့တဲ့ပွဲမတိုင်ခင်ကတည်းက အုပ်စုပထမရဖို့ သေချာပြီးသားဖြစ်ပေမယ့် ပွဲသိမ်းခရာမှုတ်အပြီးမှာ အသင်းဟောင်းရဲ့ရလဒ်ကို သိလိုက်ရချိန်မှာတော့ သူလည်း ဝမ်းနည်းပက်လက်ဖြစ်သွားပါတယ်။
Photo Credit
ဘာစီလိုနာအသင်းဖော်တွေက တစ်ဦးနဲ့တစ်ဦး ဂုဏ်ပြုနေကြတုန်း ဒီဂျောင်ကတော့ ကွင်းထဲမှာ ခါးပေါ် လက်နှစ်ဘက်ထောက်ကာ အပေါ်မော့ကြည့်ရင်း မချိတင်ကဲဖြစ်သွားပြီး ခေါင်းငိုက်စိုက်ကျကာ အတော်လေးခံစားသွားခဲ့ရပါတယ်။
အေဂျက်စ်ဟာ ဒီဂျောင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူဖြစ်ပြီး ဘာစီလိုနာကို ဒီဂျောင်ပြောင်းသွားလို့ ဂုဏ်ပြုတဲ့အနေနဲပ စပိန်သတင်းစာတစ်စောင်မှာ စာမျက်နှာအပြည့် ဂုဏ်ယူဝမ်းမြောက်စာ ထည့်သွင်းခဲ့ပါတယ်။
Photo Credit
အေဂျက်စ်ဟာ ဒီနှစ်မှာလည်း ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ နီးစပ်ခဲ့ပေမယ့် အုပ်စုနောက်ဆုံးပွဲမှာ ဗလန်စီယာကို ဝ-၁ ဂိုးနဲ့အရေးနိမ့်ခဲ့လို့ တတိယသာရရှိခဲ့ပြီး ဗလန်စီယာ၊ ချဲလ်ဆီးတို့ထက် ၁မှတ်လျော့နည်းခဲ့ရကာ ယူရိုပါလိဂ် ၃၂သင်းရှုံးထွက်အဆင့်ကို ကူးပြောင်းကစားရတော့မှာဖြစ်ပါတယ်။
Photo Credit
Zawgyi
သူ႕ကို ေမြးထုတ္ေပးလုိက္တဲ့အသင္းေဟာင္းနဲ႔ပတ္သက္လို႔ ခံစားခ်က္မေျပာင္းလဲေသးတဲ့ ဒီေဂ်ာင္
ဘာစီလုိနာအသင္းကြင္းလယ္လူ ဖရန္ကီဒီေဂ်ာင္ဟာ ယခုႏွစ္ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေန သူ႕အသင္းေဟာင္း ေအဂ်က္စ္ ထြက္ခဲ့ရၿပီးေနာက္ စိတ္ထိခိုက္နာက်င္သြားခဲ့ရပါတယ္။ သူဟာ ေအဂ်က္စ္အသင္းနဲ႔အတူ ကမၻာ့ေဘာလုံးစင္ျမင့္ထက္ ထြက္ေပၚလာသူျဖစ္ၿပီး ၂၀၁၉ ေႏြရာသီအတြင္း ဘာစီလုိနာအသင္းကို ေပါင္ ၆၅သန္းနဲ႔ ေျပာင္းေရႊ႕ဖို႔ ဇန္န၀ါရီလကတည္းက အႀကိဳသေဘာတူညီခဲ့တာပါ။
အသက္ ၂၂ႏွစ္အရြယ္ရွိ ဒီေဂ်ာင္ဟာ ၿပီးခဲ့တဲ့ရာသီက ေအဂ်က္စ္အသင္းနဲ႔အတူ အထူးေျခစြမ္းျပႏိုင္ခဲ့ၿပီး အသင္းကလည္း ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အထိ တက္ေရာက္ႏိုင္ခဲ့သလို နယ္သာလန္ျပည္တြင္းမွာလည္း အမွတ္ေပးခ်န္ပီယံနဲ႔ ႐ံႈးထြက္ဖလားခ်န္ပီယံအျဖစ္ ေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။
နယ္သာလန္လက္ေရြးစင္ ဒီေဂ်ာင္ရဲ႕လက္ရွိကလပ္ ဘာစီလုိနာအသင္းက ႐ံႈးထြက္အဆင့္ကို အုပ္စုပထမအျဖစ္ အမွားအယြင္းမရွိတက္ေရာက္ႏိုင္ခဲ့ၿပီး အင္တာမီလန္ကို အႏိုင္ရခဲ့တဲ့ပြဲမတုိင္ခင္ကတည္းက အုပ္စုပထမရဖုိ႔ ေသခ်ာၿပီးသားျဖစ္ေပမယ့္ ပြဲသိမ္းခရာမႈတ္အၿပီးမွာ အသင္းေဟာင္းရဲ႕ရလဒ္ကို သိလုိက္ရခ်ိန္မွာေတာ့ သူလည္း ၀မ္းနည္းပက္လက္ျဖစ္သြားပါတယ္။
ဘာစီလုိနာအသင္းေဖာ္ေတြက တစ္ဦးနဲ႔တစ္ဦး ဂုဏ္ျပဳေနၾကတုန္း ဒီေဂ်ာင္ကေတာ့ ကြင္းထဲမွာ ခါးေပၚ လက္ႏွစ္ဘက္ေထာက္ကာ အေပၚေမာ့ၾကည့္ရင္း မခ်ိတင္ကဲျဖစ္သြားၿပီး ေခါင္းငိုက္စုိက္က်ကာ အေတာ္ေလးခံစားသြားခဲ့ရပါတယ္။
ေအဂ်က္စ္ဟာ ဒီေဂ်ာင္နဲ႔ ရင္းႏွီးတဲ့ဆက္ဆံေရးရွိသူျဖစ္ၿပီး ဘာစီလုိနာကို ဒီေဂ်ာင္ေျပာင္းသြားလုိ႔ ဂုဏ္ျပဳတဲ့အေနနဲပ စပိန္သတင္းစာတစ္ေစာင္မွာ စာမ်က္ႏွာအျပည့္ ဂုဏ္ယူ၀မ္းေျမာက္စာ ထည့္သြင္းခဲ့ပါတယ္။
ေအဂ်က္စ္ဟာ ဒီႏွစ္မွာလည္း ခ်န္ပီယံလိဂ္႐ံႈးထြက္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္ အုပ္စုေနာက္ဆုံးပြဲမွာ ဗလန္စီယာကို ၀-၁ ဂိုးနဲ႔အေရးနိမ့္ခဲ့လုိ႔ တတိယသာရရွိခဲ့ၿပီး ဗလန္စီယာ၊ ခ်ဲလ္ဆီးတို႔ထက္ ၁မွတ္ေလ်ာ့နည္းခဲ့ရကာ ယူ႐ိုပါလိဂ္ ၃၂သင္း႐ႈံးထြက္အဆင့္ကို ကူးေျပာင္းကစားရေတာ့မွာျဖစ္ပါတယ္။