သူ့ကို တန်ဖိုးနှိမ့်သတ်မှတ်တဲ့ ဝက်ဘ်ဆိုဒ်ကို block လိုက်တဲ့ စီရော်နယ်ဒို

photo-the sun

photo-gettyimages

ဂျူဗင်တပ်တိုက်စစ်မှုးစီရော်နယ်ဒိုဟာ မန်ယူတိုက်စစ်မှုးဟောင်းလူကာကူနဲ့ တူညီစွာတန်ဖိုးထားသတ်မှတ်ခံခဲ့ရပြီးနောက် သူ့ကို အဲဒီလိုတန်ဖိုးနှိမ့်ခဲ့တဲ့ Transfermarkt ဝက်ဘ်ဆိုဒ်ရဲ့ဆိုရှယ်မီဒီယာအကောင့်ကို block လိုက်ပါတယ်။ Transfermarkt က စီရော်နယ်ဒိုရဲ့လက်ရှိတန်ကြေးကို ယူရို ၇၅ သန်းအထိ လျှော့ချသတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီပေါ်တူဂီစူပါစတားဟာ လွန်ခဲ့တဲ့ ၂ နှစ်မပြည့်ခင် ရီးရဲလ်ကနေ ဂျူဗင်တပ်ကိုပြောင်းတုန်းက သူ့တန်ကြေးဟာ ယူရိုသန်း ၁၀၀ ရှိခဲ့တာပါ။

photo-social media

အသက် ၃၅ နှစ်အထိရောက်လာပြီဖြစ်ပေမယ့်လည်း စီရော်နယ်ဒိုဟာ အခုချိန်ထိလည်း ဂိုးသွင်းအားမကျသေးဘဲ ဒီရာသီစီးရီးအေ ၂၁ ပွဲမှာ ၂၁ ဂိုးသွင်းထားပါတယ်။ ဒါပေမဲ့ အသက်အရွယ်ကြောင့် သူ့ရဲ့တန်ကြေးသတ်မှတ်ခံရမှုဟာ တစ်နှစ်ပြီးတစ်နှ်စ် လျော့ကျလာပါတယ်။ ဒါ့အပြင် သူဟာ အီတလီကိုရောက်လာပြီးနောက် စပိန်မှာတုန်းကလို ဂိုးသွင်းအား အရမ်းမကောင်းတော့ပါဘူး။ ဒါကြောင့်လည်း Transfermarkt က Instagram ပို့စ်မှာ အေးဂျင့်ဂျော့မန်ဒက်စ်ရဲ့နေရာအလိုက်အကောင်းဆုံး ၁၁ ယောက်ကို လက်ရှိဈေးကွက်တန်ကြေးတွေနဲ့ ဖော်ပြတဲ့နေရာမှာ စီရော်နယ်ဒိုရဲ့တန်ကြေးက ယူရို ၇၅ သန်းဖြစ်နေတာပါ။

photo-transfermarkt

လူကာကူရဲ့လက်ရှိတန်ကြေးနဲ့အတူတူဖြစ်နေတာကြောင့် စီရော်နယ်ဒိုအတွက်က အနာကို ဆားနဲ့တို့သလိုဖြစ်စေမှာပါ။ အဲဒီဈေးကွက်တန်ဖိုးနဲ့ပတ်သက်လို့ စီရော်နယ်ဒိုဘက်က မကျေနပ်တာကြောင့် ဆိုရှယ်မီဒီယာအကောင့်တွေမှာ သူတို့ကို block သွားကြောင်း အခုတော့ Transfermarkt က ဖွင့်ဟလိုက်ပါတယ်။

[Zawgyi]

သူ႔ကို တန္ဖိုးႏွိမ့္သတ္မွတ္တဲ့ ၀က္ဘ္ဆိုဒ္ကို block လုိက္တဲ့ စီေရာ္နယ္ဒို

ဂ်ဴဗင္တပ္တိုက္စစ္မႈးစီေရာ္နယ္ဒိုဟာ မန္ယူတိုက္စစ္မႈးေဟာင္းလူကာကူနဲ႔ တူညီစြာတန္ဖိုးထားသတ္မွတ္ခံခဲ့ရၿပီးေနာက္ သူ႔ကုိ အဲဒီလိုတန္ဖိုးႏွိမ့္ခဲ့တဲ့ Transfermarkt ၀က္ဘ္ဆိုဒ္ရဲ႕ဆိုရွယ္မီဒီယာအေကာင့္ကို block လိုက္ပါတယ္။ Transfermarkt က စီေရာ္နယ္ဒိုရဲ႕လက္ရွိတန္ေၾကးကို ယူရို ၇၅ သန္းအထိ ေလွ်ာ့ခ်သတ္မွတ္လိုက္တာ ျဖစ္ပါတယ္။ အဲဒီေပၚတူဂီစူပါစတားဟာ လြန္ခဲ့တဲ့ ၂ ႏွစ္မျပည့္ခင္ ရီးရဲလ္ကေန ဂ်ဴဗင္တပ္ကိုေျပာင္းတုန္းက သူ႔တန္ေၾကးဟာ ယူရိုသန္း ၁၀၀ ရွိခဲ့တာပါ။

အသက္ ၃၅ ႏွစ္အထိေရာက္လာၿပီျဖစ္ေပမယ့္လည္း စီေရာ္နယ္ဒိုဟာ အခုခ်ိန္ထိလည္း ဂိုးသြင္းအားမက်ေသးဘဲ ဒီရာသီစီးရီးေအ ၂၁ ပြဲမွာ ၂၁ ဂိုးသြင္းထားပါတယ္။ ဒါေပမဲ့ အသက္အရြယ္ေၾကာင့္ သူ႔ရဲ႕တန္ေၾကးသတ္မွတ္ခံရမႈဟာ တစ္ႏွစ္ၿပီးတစ္ႏွ္စ္ ေလ်ာ့က်လာပါတယ္။ ဒါ့အျပင္ သူဟာ အီတလီကိုေရာက္လာၿပီးေနာက္ စပိန္မွာတုန္းကလို ဂိုးသြင္းအား အရမ္းမေကာင္းေတာ့ပါဘူး။ ဒါေၾကာင့္လည္း Transfermarkt က Instagram ပုိ႔စ္မွာ ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ရဲ႕ေနရာအလိုက္အေကာင္းဆုံး ၁၁ ေယာက္ကို လက္ရွိေစ်းကြက္တန္ေၾကးေတြနဲ႔ ေဖာ္ျပတဲ့ေနရာမွာ စီေရာ္နယ္ဒိုရဲ႕တန္ေၾကးက ယူရုိ ၇၅ သန္းျဖစ္ေနတာပါ။

လူကာကူရဲ႕လက္ရွိတန္ေၾကးနဲ႔အတူတူျဖစ္ေနတာေၾကာင့္ စီေရာ္နယ္ဒိုအတြက္က အနာကို ဆားနဲ႔တို႔သလိုျဖစ္ေစမွာပါ။ အဲဒီေစ်းကြက္တန္ဖိုးနဲ႔ပတ္သက္လို႔ စီေရာ္နယ္ဒိုဘက္္က မေက်နပ္တာေၾကာင့္ ဆိုရွယ္မီဒီယာအေကာင့္ေတြမွာ သူတို႔ကို block သြားေၾကာင္း အခုေတာ့ Transfermarkt က ဖြင့္ဟလုိက္ပါတယ္။