
photo-sport bible
photo-gettyimages
မန်ယူကွင်းလယ်လူပါရဲရားဟာ ကိုယ့်အသင်းပရိသတ်တွေရဲ့ဝေဖန်မှုနဲ့တောင် ရင်ဆိုင်နေရတဲ့ သူ့ကစားသမားဘဝရဲ့ခက်ခဲတဲ့ကာလတစ်ရပ်ကို ဖြတ်သန်းနေရပါတယ်။ အသက် ၂၄ နှစ်အရွယ် အဲဒီဘရာဇီးသားဟာ ဆယ်ကျော်သက်ဘဝကတည်းက ရောက်လာခဲ့တာဖြစ်လို့ မန်ယူမှာရှိနေခဲ့တာ ၉ နှစ်တိုင်ပြီဖြစ်ပေမယ့် ပထမအသင်းမှာ ပုံမှန်ပါဝင်နိုင်တာက ဒါနဲ့မှ သူ့ရဲ့ဒုတိယမြောက်ရာသီသာ ရှိပါသေးတယ်။
photo-gettyimages
ဒါပေမဲ့လည်း သူဟာ ခြေစွမ်းနဲ့ပက်သက်လို့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပြီး အဲဒီမှာ သူ့နည်းပြဆိုးလ်ရှားရဲ့စက်ကွင်းနဲ့တောင် မလွတ်ခဲ့ပါဘူး။ မကြာသေးခင်က သူ့ရဲ့ Facebook ပို့စ်တစ်ခုမှာလည်း မန်ယူပရိသတ်တစ်ယောက်က ပါရဲရားကို အသင်းသစ်ရှာတော့လို့ လာမန့်သွားပါတယ်။ အဲဒါကို ပါရဲရားက ပြန်လည်တုံ့ပြန်ခဲ့ပေမယ့် အတတ်နိုင်ဆုံးအဖြစ် အဆင့်အတန်းအရှိဆုံးနည်းလမ်းကိုသာ ရွေးခဲ့ပါတယ်။
photo-social media
”ကျွန်တော့်ရဲ့နေရာအတွက် ဆက်နေပြီး တိုက်ပွဲဝင်သွားမှာပါ။ ကျွန်တော့်ရဲ့နေရာက မန်ချက်စတာယူနိုက်ကတ်မှာပါ”လို့ ပါရဲရားက ပြန်မန့်ခဲ့တာပါ။ ပါရဲရားဟာ ဒီရာသီမှာ ဆိုးလ်ရှားရဲ့အသင်းအတွက် ၁၈ ပွဲ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ၁ ဂိုးသာသွင်းနိုင်ခဲ့ပြီး ၃ ဂိုးသာဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဘရုဂျက်နဲ့ ၁-၁ သရေကျခဲ့တဲ့ ယူရိုပါလိဂ်ပထမအကျော့က ခြေစွမ်းနဲ့ပတ်သက်ပြီး ဝေဖန်ခံခဲ့ရပြီးနောက် ပါရဲရားဟာ ပြီးခဲ့တဲ့တနင်္ဂနွေ ဝက်ဖို့ဒ်နိုင်ပွဲရဲ့အသင်းလူစာရင်းမှာတောင် ပါဝင်ခြင်း မရှိခဲ့ပါဘူး။ ဆိုးလ်ရှားဟာ လာမယ့်နွေမှာ အသင်းကို အပြောင်းအလဲများစွာပြုလုပ်သွားဖို့ ရှိနေတာကြောင့် ပါရဲရားရဲ့အိုးလ်ထရက်ဖို့ဒ်အနာဂါတ်ဟာ မရေရာ ဖြစ်နေပါတယ်။
[Zawgyi]
သူ႔ကိုအသင္းသစ္ရွာေတာ့လို႔ေျပာတဲ့ မန္ယူပရိသတ္ကို တုံ႔ျပန္လိုက္တဲ့ ပါရဲရား
မန္ယူကြင္းလယ္လူပါရဲရားဟာ ကိုယ့္အသင္းပရိသတ္ေတြရဲ႕ေ၀ဖန္မႈနဲ႔ေတာင္ ရင္ဆိုင္ေနရတဲ့ သူ႔ကစားသမားဘ၀ရဲ႕ခက္ခဲတဲ့ကာလတစ္ရပ္ကို ျဖတ္သန္းေနရပါတယ္။ အသက္ ၂၄ ႏွစ္အရြယ္ အဲဒီဘရာဇီးသားဟာ ဆယ္ေက်ာ္သက္ဘ၀ကတည္းက ေရာက္လာခဲ့တာျဖစ္လို႔ မန္ယူမွာရွိေနခဲ့တာ ၉ ႏွစ္တိုင္ၿပီျဖစ္ေပမယ့္ ပထမအသင္းမွာ ပုံမွန္ပါ၀င္ႏိုင္တာက ဒါနဲ႔မွ သူ႔ရဲ႕ဒုတိယေျမာက္ရာသီသာ ရွိပါေသးတယ္။
ဒါေပမဲ့လည္း သူဟာ ေျခစြမ္းနဲ႔ပက္သက္လို႔ ေ၀ဖန္မႈေတြနဲ႔ရင္ဆုိင္ေနရၿပီး အဲဒီမွာ သူ႔နည္းျပဆိုးလ္ရွားရဲ႕စက္ကြင္းနဲ႔ေတာင္ မလြတ္ခဲ့ပါဘူး။ မၾကာေသးခင္က သူ႔ရဲ႕ Facebook ပုိ႔စ္တစ္ခုမွာလည္း မန္ယူပရိသတ္တစ္ေယာက္က ပါရဲရားကို အသင္းသစ္ရွာေတာ့လုိ႔ လာမန္႔သြားပါတယ္။ အဲဒါကို ပါရဲရားက ျပန္လည္တုံ႔ျပန္ခဲ့ေပမယ့္ အတတ္ႏိုင္ဆုံးအျဖစ္ အဆင့္အတန္းအရွိဆုံးနည္းလမ္းကိုသာ ေရြးခဲ့ပါတယ္။
”ကၽြန္ေတာ့္ရဲ႕ေနရာအတြက္ ဆက္ေနၿပီး တိုက္ပြဲ၀င္သြားမွာပါ။ ကၽြန္ေတာ့္ရဲ႕ေနရာက မန္ခ်က္စတာယူႏိုက္ကတ္မွာပါ”လုိ႔ ပါရဲရားက ျပန္မန္႔ခဲ့တာပါ။ ပါရဲရားဟာ ဒီရာသီမွာ ဆုိးလ္ရွားရဲ႕အသင္းအတြက္ ၁၈ ပြဲ ပြဲထြက္ခြင့္ရခဲ့ပါတယ္။ ဒါေပမဲ့ သူဟာ ၁ ဂိုးသာသြင္းႏိုင္ခဲ့ၿပီး ၃ ဂိုးသာဖန္တီးေပးႏိုင္ခဲ့ပါတယ္။ ဘရုဂ်က္နဲ႔ ၁-၁ သေရက်ခဲ့တဲ့ ယူရိုပါလိဂ္ပထမအေက်ာ့က ေျခစြမ္းနဲ႔ပတ္သက္ၿပီး ေ၀ဖန္ခံခဲ့ရၿပီးေနာက္ ပါရဲရားဟာ ၿပီးခဲ့တဲ့တနဂၤေႏြ ၀က္ဖို႔ဒ္ႏိုင္ပြဲရဲ႕အသင္းလူစာရင္းမွာေတာင္ ပါ၀င္ျခင္း မရွိခဲ့ပါဘူး။ ဆိုးလ္ရွားဟာ လာမယ့္ေႏြမွာ အသငး္ကို အေျပာင္းအလဲမ်ားစြာျပဳလုပ္သြားဖို႔ ရွိေနတာေၾကာင့္ ပါရဲရားရဲ႕အုိးလ္ထရက္ဖို႔ဒ္အနာဂါတ္ဟာ မေရရာ ျဖစ္ေနပါတယ္။