သူ့ကိုယ်သူ အကောင်းဆုံးနံပါတ် ၁၀ လို့ ယုံကြည်နေပေမယ့် ရောင်းထုတ်ခံရတော့မယ့်လင်ဂတ်

photo-REX

photo-reuters

နည်းပြဆိုးလ်ရှားရဲ့ယုံကြည်မှုကို မရရှိတော့တဲ့အတွက် ကွင်းလယ်လူလင်ဂတ်ဟာ လာမယ့်နွေရာသီမှာ မန်ယူူကနေ ရောင်းထုတ်ခံရတော့မယ်လို့ သတင်းတစ်ရပ်က ဆိုပါတယ်။ ဖိအားတွေအောက်ရောက်နေတဲ့ ၂၇ နှစ်အရွယ် အဲဒီအင်္ဂလန်သားကွင်းလယ်လူဟာ ဒီရာသီမှာလည်း ခြေစွမ်းမပြနိုင်ဖြစ်နေပြီး ပြီးခဲ့တဲ့ဇန်နဝါရီမှာ ဖာနန်ဒက်စ်ရောက်ရှိလာပြီးတဲ့နောက် အလိုအလျောက်ပဲ အရန်ဖြစ်သွားပါတယ်။ ဒါကြောင့်လည်း သူ့အေးဂျင့်ဖြစ်တဲ့ ရွိုင်အိုလာဟာ ကစားသမားကို အသင်းသစ်ရှာဖွေပေးရတော့မှာပါ။

photo-gettyimages

လင်ဂတ်ဟာ ဒီရာသီမှာ ယူရိုပါလိဂ်နဲ့အက်ဖ်အေဖလားပြိုင်ပွဲတွေမှာပဲ အဓိကဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတော့တာပါ။ ဒါ့အပြင် လင်ဂတ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ၃၅ ပွဲမှာ ၂ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့စာချုပ်သက်တမ်းက ၂၀၂၁ အထိရှိနေသေးပေမယ့် ခြေစွမ်းတိုးတက်မှုမရှိတော့လို့ ရောင်းချပြီး အဲဒီကငွေနဲ့ ဆန်ချို၊ဂရီယာလစ်ရှ်နဲ့မက်ဆီဆန်တို့ကို ခေါ်ယူရာမှာ အသုံးချဖွယ်ရှိပါတယ်။

photo-gettyimages

သူ့ရဲ့အိုးလ်ထရက်ဖို့ဒ်အနာဂါတ်က မသေချာတော့ပေမယ့် လင်ဂတ်ကတော့ သူဟာ ဥရောပဘောလုံးရဲ့အကောင်းဆုံးနံပါတ် ၁၀ ကစားသမားတွေထဲက တစ်ယောက်အဖြစ် ယုံကြည်နေဆဲဖြစ်ကြောင်း Goal ရဲ့ဖော်ပြချက်အရ သိရပါတယ်။ တစ်ဖက်မှာတော့ လင်ဂတ်ကို ခေါ်ယူလိုတဲ့အသင်းမရှိသေးဘူးလို့ ယုံကြည်ရပါတယ်။ လင်ဂတ်ဟာ မကြာသေးခင်ကလည်း ဒါဘီနဲ့အက်ဖ်အေဖလားပွဲအပြီး အသင်းဘတ်စ်ကားပေါ်တက်ရောက်စဉ် မန်ယူပရိသတ်အချို့ရဲ့ဆဲဆိုမှုနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။

[Zawgyi]

သူ႔ကိုယ္သူ အေကာင္းဆုံးနံပါတ္ ၁၀ လို႔ ယံုၾကည္ေနေပမယ့္ ေရာင္းထုတ္ခံရေတာ့မယ့္လင္ဂတ္

နည္းျပဆုိးလ္ရွားရဲ႕ယုံၾကည္မႈကို မရရွိေတာ့တဲ့အတြက္ ကြင္းလယ္လူလင္ဂတ္ဟာ လာမယ့္ေႏြရာသီမွာ မန္ယူူကေန ေရာင္းထုတ္ခံရေတာ့မယ္လုိ႔ သတင္းတစ္ရပ္က ဆိုပါတယ္။ ဖိအားေတြေအာက္ေရာက္ေနတဲ့ ၂၇ ႏွစ္အရြယ္ အဲဒီအဂၤလန္သားကြငး္လယ္လူဟာ ဒီရာသီမွာလည္း ေျခစြမ္းမျပႏိုင္ျဖစ္ေနၿပီး ၿပီးခဲ့တဲ့ဇန္န၀ါရီမွာ ဖာနန္ဒက္္စ္ေရာက္ရွိလာၿပီးတဲ့ေနာက္ အလုိအေလ်ာက္ပဲ အရန္ျဖစ္သြားပါတယ္။ ဒါေၾကာင့္လည္း သူ႔ေအးဂ်င့္ျဖစ္တဲ့ ရြိဳင္အိုလာဟာ ကစားသမားကို အသင္းသစ္ရွာေဖြေပးရေတာ့မွာပါ။

လင္ဂတ္ဟာ ဒီရာသီမွာ ယူရိုပါလိဂ္နဲ႔အက္ဖ္ေအဖလားၿပိဳင္ပြဲေတြမွာပဲ အဓိက၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ရေတာ့တာပါ။ ဒါ့အျပင္ လင္ဂတ္ဟာ ေနာက္ဆံုးကစားခဲ့တဲ့ ၃၅ ပြဲမွာ ၂ ဂိုးသာသြင္းယူႏိုင္ခဲ့ပါတယ္။ သူ႔ရဲ႕စာခ်ဳပ္သက္တမ္းက ၂၀၂၁ အထိရွိေနေသးေပမယ့္ ေျခစြမ္းတုိးတက္မႈမရွိေတာ့လို႔ ေရာင္းခ်ၿပီး အဲဒီကေငြနဲ႔ ဆန္ခ်ိဳ၊ဂရီယာလစ္ရွ္နဲ႔မက္ဆီဆန္တို႔ကုိ ေခၚယူရာမွာ အသုံးခ်ဖြယ္ရွိပါတယ္။

သူ႔ရဲ႕အုိးလ္ထရက္ဖုိ႔ဒ္အနာဂါတ္က မေသခ်ာေတာ့ေပမယ့္ လင္ဂတ္ကေတာ့ သူဟာ ဥေရာပေဘာလုံးရဲ႕အေကာင္းဆုံးနံပါတ္ ၁၀ ကစားသမားေတြထဲက တစ္ေယာက္အျဖစ္ ယုံၾကည္ေနဆဲျဖစ္ေၾကာင္း Goal ရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ တစ္ဖက္မွာေတာ့ လင္ဂတ္ကို ေခၚယူလိုတဲ့အသင္းမရွိေသးဘူးလို႔ ယုံၾကည္ရပါတယ္။ လင္ဂတ္ဟာ မၾကာေသးခင္ကလည္း ဒါဘီနဲ႔အက္ဖ္ေအဖလားပြဲအၿပီး အသင္းဘတ္စ္ကားေပၚတက္ေရာက္စဥ္ မန္ယူပရိသတ္အခ်ိဳ႕ရဲ႕ဆဲဆိုမႈနဲ႔ ရင္ဆိုင္ခဲ့ရပါေသးတယ္။