သူ့ကိုမသိကျိုးကျွန်ပြုခဲ့တဲ့ မာရှယ်ရဲ့ဆုံးဖြတ်ချက်မှန်တယ်လို့ မာတာဖွင့်ဟ

PC ; Internet

ပါတီဇန်ဘဲလ်ဂရိတ်ကို ၃ဂိုးပြတ်အနိုင်ရတဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ သူ့ကိုမသိကျိုးကျွန်ပြုခဲ့တဲ့ မာရှယ်ရဲ့ဆုံးဖြတ်ချက် မှန်ကန်ခဲ့တယ်လို့ မန်ယူကွင်းလယ်လူမာတာက ပြောဆိုလိုက်ပါတယ်။နံပါတ် ၉ ဂျာစီဝတ် တိုက်စစ်မှူးတစ်ယောက်အတွက် ဘောလုံးပေးပို့မှုတွေ၊ဖန်တီးမှုတွေ ပြုလုပ်ပေးရမှာက မာတာလို ကွင်းလယ်ကစားသမားတွေရဲ့တာဝန်ပါ။ဒါပေမဲ့ ပါတီဇန်နဲ့ပွဲမှာ မာရှယ်ဟာ မာတာဆီက ဖန်တီးမှုတစ်ကြိမ်မှ မရယူခဲ့ဘဲ သူ့ကိုစိန်ခေါ်တားဆီးလာသူတွေကို တစ်ကိုယ်တော်ခြေစွမ်းနဲ့ထိုးဖောက်ကစားသွားခဲ့ပါတယ်။

PC ; Internet

“ပွဲကစားနေစဉ်အတွင်းမှာ ဘောလုံးပေးရမလားလို့ တစ်ချိန်လုံး ကျွန်တော်မေးခဲ့ပါတယ်။ဒါပေမဲ့ သူကတော့ ဆုံးဖြတ်ချက်မှန်ကန်စွာနဲ့ပဲ ကိုယ်တိုင်ကြိုးစားလုပ်ဆောင်သွားခဲ့ပါတယ်။မာရှယ်ဟာ တကယ်ကောင်းတဲ့ ကစားသမားပါ။သူ့ရဲ့ ဂိုးကလည်း ထူးကဲကောင်းမွန်ပါတယ်။သူနဲ့တွဲကစားရတာ ကျွန်တော်ကျေနပ်ပါတယ်။သူက ဘောလုံးပေးမယ်၊ပြီးရင် နေရာလွတ်ဆီသွားမယ်။တကယ့် ထိပ်တန်းကစားသမားပါပဲ။

PC ; Internet

တကယ်လို့ သူသာ အကောင်းဆုံးအနေအထားရောက်နေခဲ့ရင် ကျွန်တော်တို့အတွက် သိပ်ကိုအရေးပါတဲ့သူဖြစ်နေမှာပါ။ပြီးတော့ ရက်ရှ်ဖို့ဒ်၊မာရှယ်၊ဂရင်းဝုဒ်နဲ့ဒန်နီရယ်ဂျိမ်းစ်တို့ ဂိုးတွေသွင်းနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ကျွန်တော်တို့ကွင်းလယ်လူတွေကတော့ ဖန်တီးမှုတွေနဲ့ကူညီဖို့ကြိုးစားရမယ့်အလုပ်ပါပဲ” လို့ စပိန်ကွင်းလယ်ကြယ်ပွင့်က ပြောဆိုလိုက်ပါတယ်။

PC ; Internet

ပါတီဇန်နဲ့ပွဲမှာ မန်ယူအတွက် တိုက်စစ်မှူး ၃ဦးလုံးက ဂိုးသွင်းပေးနိုင်ခဲ့ကြပါတယ်။လက်ရှိခြေစွမ်းကို ဘရိုက်တန်နဲ့ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဆက်လက်ပြသနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း မာတာက ပြောဆိုသွားခဲ့ပါတယ်။

(zawgyi)

ပါတီဇန္ဘဲလ္ဂရိတ္ကို ၃ဂိုးျပတ္အႏိုင္ရတဲ့ ယူရိုပါလိဂ္ပြဲစဥ္မွာ သူ႔ကိုမသိက်ိဳးကၽြန္ျပဳခဲ့တဲ့ မာရွယ္ရဲ႕ဆံုးျဖတ္ခ်က္ မွန္ကန္ခဲ့တယ္လို႔ မန္ယူကြင္းလယ္လူမာတာက ေျပာဆိုလိုက္ပါတယ္။နံပါတ္ ၉ ဂ်ာစီ၀တ္ တိုက္စစ္မွဴးတစ္ေယာက္အတြက္ ေဘာလံုးေပးပို႔မႈေတြ၊ဖန္တီးမႈေတြ ျပဳလုပ္ေပးရမွာက မာတာလို ကြင္းလယ္ကစားသမားေတြရဲ႕တာ၀န္ပါ။ဒါေပမဲ့ ပါတီဇန္နဲ႔ပြဲမွာ မာရွယ္ဟာ မာတာဆီက ဖန္တီးမႈတစ္ႀကိမ္မွ မရယူခဲ့ဘဲ သူ႔ကိုစိန္ေခၚတားဆီးလာသူေတြကို တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ထိုးေဖာက္ကစားသြားခဲ့ပါတယ္။“ပြဲကစားေနစဥ္အတြင္းမွာ ေဘာလံုးေပးရမလားလို႔ တစ္ခ်ိန္လံုး ကၽြန္ေတာ္ေမးခဲ့ပါတယ္။ဒါေပမဲ့ သူကေတာ့ ဆံုးျဖတ္ခ်က္မွန္ကန္စြာနဲ႔ပဲ ကိုယ္တိုင္ႀကိဳးစားလုပ္ေဆာင္သြားခဲ့ပါတယ္။မာရွယ္ဟာ တကယ္ေကာင္းတဲ့ ကစားသမားပါ။သူ႔ရဲ႕ ဂိုးကလည္း ထူးကဲေကာင္းမြန္ပါတယ္။သူနဲ႔တြဲကစားရတာ ကၽြန္ေတာ္ေက်နပ္ပါတယ္။သူက ေဘာလံုးေပးမယ္၊ၿပီးရင္ ေနရာလြတ္ဆီသြားမယ္။တကယ့္ ထိပ္တန္းကစားသမားပါပဲ။တကယ္လို႔ သူသာ အေကာင္းဆံုးအေနအထားေရာက္ေနခဲ့ရင္ ကၽြန္ေတာ္တို႔အတြက္ သိပ္ကိုအေရးပါတဲ့သူျဖစ္ေနမွာပါ။ၿပီးေတာ့ ရက္ရွ္ဖို႔ဒ္၊မာရွယ္၊ဂရင္း၀ုဒ္နဲ႔ဒန္နီရယ္ဂ်ိမ္းစ္တို႔ ဂိုးေတြသြင္းႏိုင္ဖို႔ သိပ္အေရးႀကီးပါတယ္။ကၽြန္ေတာ္တို႔ကြင္းလယ္လူေတြကေတာ့ ဖန္တီးမႈေတြနဲ႔ကူညီဖို႔ႀကိဳးစားရမယ့္အလုပ္ပါပဲ” လို႔ စပိန္ကြင္းလယ္ၾကယ္ပြင့္က ေျပာဆိုလိုက္ပါတယ္။ ပါတီဇန္နဲ႔ပြဲမွာ မန္ယူအတြက္ တိုက္စစ္မွဴး ၃ဦးလံုးက ဂိုးသြင္းေပးႏိုင္ခဲ့ၾကပါတယ္။လက္ရွိေျခစြမ္းကို ဘရိုက္တန္နဲ႔ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ဆက္လက္ျပသႏိုင္ဖို႔ ႀကိဳးစားသြားမယ္လို႔လည္း မာတာက ေျပာဆိုသြားခဲ့ပါတယ္။