သူ့ကစားသမားဘဝရဲ့ဂိုးတွေထဲမှာ ဂိုးသမားကိုလိမ်ခေါက်သွင်းယူခဲ့တာ ၈၈ ဂိုးရှိခဲ့တဲ့ ရော်နယ်ဒိုကြီး

photo-sport bible

photo-givemesport

ရော်နယ်ဒိုကြီးလို့ ဆိုလိုက်တာနဲ့ ကမ္ဘာ့ဘောလုံးသမိုင်းရဲ့အကောင်းဆုံးတိုက်စစ်မှုးတွေထဲက တစ်ယောက်လို့ ပြေးမြင်ကြမှာပါ။ အဲဒီဘရာဇီးသားကြီးဟာ သူ့ကစားသမားဘဝတစ်လျှောက် ကလပ်နဲ့နိုင်ငံအတွက် ၆၁၆ ပွဲမှာ ၄၁၄ ဂိုး သွင်းယူနိုင်ခဲ့တာပါ။ သူ့ရဲ့အကြီးကျယ်ဆုံးအရည်အသွေးထဲက တစ်ခုကတော့ ပြိုင်ဘက်ဂိုးသမားတွေကို လိမ်ခေါက်ဂိုးသွင်းပုံပါ။

photo-gettyimages

ဒါကြောင့်လည်း သူသွင်းယူခဲ့တဲ့ ဂိုးပေါင်း ၄၁၄ ဂိုးမှာ ဂိုးသမားကိုလိမ်ခေါက်သွင်းနိုင်ခဲ့တဲ့ဂိုးအရေအတွက်ချည်း စုစုပေါင်း ၈၈ ဂိုးတောင် ရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာ ရာခိုင်နှုန်းအရဆိုရင် ၂၁ ရာခိုင်နှုန်းတောင် ရှိပါတယ်။ R9 ရယ်လို့ မကြာခဏနာမည်ပြောင်ပေးခံရတဲ့ရော်နယ်ဒိုဟာ ကစားသမားဘဝမှာ ဆုဖလားအောင်မြင်မှုတွေလည်း ရရှိခဲ့ကာ ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလားမှာ ၂ ကြိမ်တိုင်ဗိုလ်စွဲခဲ့ဖူးကာ ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာ၊အင်တာမီလန်တို့နဲ့လည်း အောင်မြင်ခဲ့ပါတယ်။

ဂိုးသမားနဲ့တစ်ယောက်ချင်းတွေ့ဆုံမှုတွေမှာဆိုရင် သူ့ရဲ့လှုပ်ရှားမှုတွေက ပြိုင်ဘက်အတွက် ခန့်မှန်းရခက်ပါတယ်။ ဒါကြောင့်လည်း ရော်နယ်ဒိုဟာ ဂိုးသမားတွေကိုကျော်ဖြတ်ဂိုးသွင်းရာမှာ ပြိုင်ဘက်ကင်းသူတစ်ယောက်ဖြစ်ခဲ့တာပါ။ သူဟာ ဘောလုံးစကေးနဲ့ပတ်သက်ရင် control ကောင်းသလို ခြေအနုတ်အသိမ်းလည်း မြန်ပါတယ်။ အသက် ၂၃  နှစ်အရွယ်မှာတင် ကလပ်နဲ့နိုင်ငံအတွက် ဂိုးပေါင်း ၂၀၀ ကျော်သွင်းပြီးဖြစ်နေကာ ကမ္ဘာ့အပြောင်းအရွှေ့စံချိန်ကိုလည်း ၂ ကြိမ်တိုင်ချိုးနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူ့အတွက် ကံမကောင်းတာက ကစားသမားဘဝရဲ့အကောင်းဆုံးအချိန်မှာ ပြင်းထန်တဲ့ဒူးဒဏ်ရာတွေကို မကြခဏခံစားခဲ့ရကာ ဒဏ်ရာပြသနာသာ မရှိရင် ဒီထက်မကတောင် အောင်မြင်ခဲ့မှာပါ။ လက်ရှိစပါးနည်းပြမော်ရင်ဟိုကလည်း ရော်နယ်ဒိုကြီးဟာ သူတွေ့ဖူးသမျှထဲ အကောင်းဆုံးဖြစ်ပြီး အရည်အသွေးနဲ့စကေးပိုင်းမှာ သူ့ကို ဘယ်သူမှ မကျော်နိုင်ဘူးလို့ ပြောခဲ့ဖူးပါတယ်။

[Zawgyi]

သူ႔ကစားသမားဘ၀ရဲ႕ဂိုးေတြထဲမွာ ဂိုးသမားကိုလိမ္ေခါက္သြင္းယူခဲ့တာ ၈၈ ဂိုးရွိခဲ့တဲ့ ေရာ္နယ္ဒိုႀကီး

ေရာ္နယ္ဒိုႀကီးလုိ႔ ဆုိလုိက္တာနဲ႔ ကမာၻ႔ေဘာလုံးသမိုင္းရဲ႕အေကာင္းဆုံးတိုက္စစ္မႈးေတြထဲက တစ္ေယာက္လို႔ ေျပးျမင္ၾကမွာပါ။ အဲဒီဘရာဇီးသားႀကီးဟာ သူ႔ကစားသမားဘ၀တစ္ေလွ်ာက္ ကလပ္နဲ႔ႏိုင္ငံအတြက္ ၆၁၆ ပြဲမွာ ၄၁၄ ဂိုး သြင္းယူႏိုင္ခဲ့တာပါ။ သူ႔ရဲ႕အႀကီးက်ယ္ဆုံးအရည္အေသြးထဲက တစ္ခုကေတာ့ ၿပိဳင္ဘက္ဂိုးသမားေတြကုိ လိမ္ေခါက္ဂိုးသြင္းပုံပါ။

ဒါေၾကာင့္လည္း သူသြင္းယူခဲ့တဲ့ ဂိုးေပါင္း ၄၁၄ ဂိုးမွာ ဂိုးသမားကိုလိမ္ေခါက္သြင္းႏိုင္ခဲ့တဲ့ဂိုးအေရအတြက္ခ်ည္း စုစုေပါင္း ၈၈ ဂိုးေတာင္ ရွိခဲ့တာျဖစ္ပါတယ္။ ဒါဟာ ရာခုိင္ႏႈန္းအရဆုိရင္ ၂၁ ရာခုိင္ႏႈန္းေတာင္ ရွိပါတယ္။ R9 ရယ္လို႔ မၾကာခဏနာမည္ေျပာင္ေပးခံရတဲ့ေရာ္နယ္ဒုိဟာ ကစားသမားဘ၀မွာ ဆုဖလားေအာင္ျမင္မႈေတြလည္း ရရွိခဲ့ကာ ဘရာဇီးအသင္းနဲ႔အတူ ကမာၻ႔ဖလားမွာ ၂ ႀကိမ္တိုင္ဗုိလ္စြဲခဲ့ဖူးကာ ရီးရဲလ္မက္ဒရစ္၊ဘာစီလုိနာ၊အင္တာမီလန္တို႔နဲ႔လည္း ေအာင္ျမင္ခဲ့ပါတယ္။

ဂိုးသမားနဲ႔တစ္ေယာက္ခ်င္းေတြ႕ဆုံမႈေတြမွာဆိုရင္ သူ႔ရဲ႕လႈပ္ရွားမႈေတြက ၿပိဳင္ဘက္အတြက္ ခန္႔မွန္းရခက္ပါတယ္။ ဒါေၾကာင့္လည္း ေရာ္နယ္ဒုိဟာ ဂိုးသမားေတြကိုေက်ာ္ျဖတ္ဂိုးသြင္းရာမွာ ၿပိဳင္ဘက္ကင္းသူတစ္ေယာက္ျဖစ္ခဲ့တာပါ။ သူဟာ ေဘာလုံးစေကးနဲ႔ပတ္သက္ရင္ control ေကာင္းသလုိ ေျခအႏုတ္အသိမ္းလည္း ျမန္ပါတယ္။ အသက္ ၂၃  ႏွစ္အရြယ္မွာတင္ ကလပ္နဲ႔ႏိုင္ငံအတြက္ ဂိုးေပါင္း ၂၀၀ ေက်ာ္သြင္းၿပီးျဖစ္ေနကာ ကမာၻ႔အေျပာင္းအေရႊ႕စံခ်ိန္ကိုလည္း ၂ ႀကိမ္တုိင္ခ်ိဳးႏိုင္ခဲ့သူ ျဖစ္ပါတယ္။ သူ႔အတြက္ ကံမေကာင္းတာက ကစားသမားဘ၀ရဲ႕အေကာင္းဆုံးအခ်ိန္မွာ ျပင္းထန္တဲ့ဒူးဒဏ္ရာေတြကို မၾကခဏခံစားခဲ့ရကာ ဒဏ္ရာျပသနာသာ မရွိရင္ ဒီထက္မကေတာင္ ေအာင္ျမင္ခဲ့မွာပါ။ လက္ရွိစပါးနည္းျပေမာ္ရင္ဟိုကလည္း ေရာ္နယ္ဒိုႀကီးဟာ သူေတြ႕ဖူးသမွ်ထဲ အေကာင္းဆုံးျဖစ္ၿပီး အရည္အေသြးနဲ႔စေကးပိုင္းမွာ သူ႔ကို ဘယ္သူမွ မေက်ာ္ႏိုင္ဘူးလုိ႔ ေျပာခဲ့ဖူးပါတယ္။