သူအပါအဝင် မန်ယူရဲ့အမြန်ဆုံးကစားသမားတွေကို ဖွင့်ဟလိုက်တဲ့ ဒန်နီရယ်ဂျိမ်းစ်

photo-gettyimages

photo-EPA

မန်ယူတောင်ပံကစားသမားဒန်နီရယ်ဂျိမ်းစ်ဟာ အသင်းက အမြန်ဆုံးကစားသမား ၃ ယောက်ကို ဖွင့်ဟလိုက်ချိန် အဲဒီမှာ အံ့သြစရာနာမည်တစ်ခုလည်း ပါဝင်လာပါတယ်။ အဲဒီဝေးလ်လက်ရွေးစင်ကစားသမားဟာ ပရီးမီးယားလိဂ်ရဲ့အမြန်ဆုံးကစားသမားတွေထဲက တစ်ယောက်အဖြစ် အသိအမှတ်ပြုခံထားရသူပါ။ မန်ယူဂန္ထဝင်ဟောင်းရွိုင်ယန်ဂစ်ကလည်း ၂၂ နှစ်အရွယ် ဂျိမ်းစ်ဟာ သူမြင်ဖူးသမျှထဲမှာ အမြန်ဆုံးဖြစ်ကြောင်း ဆိုထားသလို ပြီးခဲ့တဲ့စက်တင်ဘာ လက်စတာနဲ့ပွဲက ဂျိမ်းစ်ရဲ့အမြန်နှုန်းဟာလည်း တစ်နာရီ ၂၁.၇၆ မိုင်နှုန်းရှိခဲ့ပါတယ်။

photo-PA

အမြန်နှုန်းမှာ သူ့ကိုယှဉ်နိုင်တဲ့အသင်းဖော်တွေအကြောင်းမေးတော့ ဒန်နီရယ်ဂျိမ်းစ်က မန်ယူရဲ့အမြန်ဆုံး ၃ ယောက်ကို အခုလိုပြောခဲ့ပါတယ်။ ”မန်ယူအမြန်ဆုံး ၃ ယောက်က ကျွန်တော်ရယ်၊ ဒါလော့ရယ်နဲ့ ရက်ရှ်ဖို့ဒ်ရယ်ပါ။ ဘစ်ဆာကာလည်း အရမ်းမြန်ပါတယ်။ သူဘယ်လောက်မြန်သလဲဆိုတာ လူတွေသဘောပေါက်မယ် မထင်ပါဘူး။ ဒါပေမဲ့ ဒါလော့ကျတော့ တစ်ဟုတ်ထိုးအလားမြန်သူပါ။ သူ့မြန်နှုန်းနဲ့ပတ်သက်လို့လည်း ခင်ဗျားတို့အများကြီးသိလောက်မယ် မထင်ပါဘူး”လို့ ဒန်နီရယ်ဂျိမ်းစ်က ပြောခဲ့တာပါ။

photo-gettyimages

ဒန်နီရယ်ဂျိမ်းစ်ပြောလို့ မြန်နှုန်းကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာသိရတဲ့ ဒါလော့ဟာ ဒဏ်ရာပြသနာကြောင့် အခုရာသီအများစုကိုလွဲချော်ခဲ့ရပြီး ပြိုင်ပွဲအရပ်ရပ် ၁၀ ပွဲသာကစားခဲ့ရကာ အဲဒီမှာ ပရီးမီးယားလိဂ်ပွဲထွက်ဆိုလို့ ၄ ပွဲသာရှိခဲ့ပါတယ်။ သူ့ရဲ့ဒီရာသီတစ်လုံးတည်းသောသွင်းဂိုးကလည်း ထရမ်းမီးယားကို ၆-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားစတုတ္ထအဆင့်မှာ သွင်းယူခဲ့တာပါ။ ဒန်နီရယ်ဂျိမ်းစ်ကတော့ မန်ယူနဲ့သူ့ရဲ့ပထမဆုံးရာသီမှာ ပြိုင်ပွဲစုံ ၃၇ ပွဲကစားထားကာ ၄ ဂိုးသွင်း၊ ၇ ဂိုးဖန်တီးပေးထားပါတယ်။

[Zawgyi]

သူအပါအ၀င္ မန္ယူရဲ႕အျမန္ဆုံးကစားသမားေတြကို ဖြင့္ဟလိုက္တဲ့ ဒန္နီရယ္ဂ်ိမ္းစ္

မန္ယူေတာင္ပံကစားသမားဒန္နီရယ္ဂ်ိမ္းစ္ဟာ အသင္းက အျမန္ဆုံးကစားသမား ၃ ေယာက္ကို ဖြင့္ဟလိုက္ခ်ိန္ အဲဒီမွာ အံ့ၾသစရာနာမည္တစ္ခုလည္း ပါ၀င္လာပါတယ္။ အဲဒီေ၀းလ္လက္ေရြးစင္ကစားသမားဟာ ပရီးမီးယားလိဂ္ရဲ႕အျမန္ဆုံးကစားသမားေတြထဲက တစ္ေယာက္အျဖစ္ အသိအမွတ္ျပဳခံထားရသူပါ။ မန္ယူဂႏၳ၀င္ေဟာင္းရြိဳင္ယန္ဂစ္ကလည္း ၂၂ ႏွစ္အရြယ္ ဂ်ိမ္းစ္ဟာ သူျမင္ဖူးသမွ်ထဲမွာ အျမန္ဆုံးျဖစ္ေၾကာင္း ဆုိထားသလုိ ၿပီးခဲ့တဲ့စက္တင္္ဘာ လက္စတာနဲ႔ပြဲက ဂ်ိမ္းစ္ရဲ႕အျမန္ႏႈန္းဟာလည္း တစ္နာရီ ၂၁.၇၆ မိုင္ႏႈန္းရွိခဲ့ပါတယ္။

အျမန္ႏႈန္းမွာ သူ႔ကိုယွဥ္ႏိုင္တဲ့အသင္းေဖာ္ေတြအေၾကာင္းေမးေတာ့ ဒန္နီရယ္ဂ်ိမ္းစ္က မန္ယူရဲ႕အျမန္ဆုံး ၃ ေယာက္ကို အခုလိုေျပာခဲ့ပါတယ္။ ”မန္ယူအျမန္ဆုံး ၃ ေယာက္က ကၽြန္ေတာ္ရယ္၊ ဒါေလာ့ရယ္နဲ႔ ရက္ရွ္ဖုိ႔ဒ္ရယ္ပါ။ ဘစ္ဆာကာလည္း အရမ္းျမန္ပါတယ္။ သူဘယ္ေလာက္ျမန္သလဲဆုိတာ လူေတြသေဘာေပါက္မယ္ မထင္ပါဘူး။ ဒါေပမဲ့ ဒါေလာ့က်ေတာ့ တစ္ဟုတ္ထိုးအလားျမန္သူပါ။ သူ႔ျမန္ႏႈန္းနဲ႔ပတ္သက္လုိ႔လည္း ခင္ဗ်ားတုိ႔အမ်ားႀကီးသိေလာက္မယ္ မထင္ပါဘူး”လုိ႔ ဒန္နီရယ္ဂ်ိမ္းစ္က ေျပာခဲ့တာပါ။

ဒန္နီရယ္ဂ်ိမ္းစ္ေျပာလို႔ ျမန္ႏႈန္းေကာင္းတဲ့ကစားသမားတစ္ေယာက္ျဖစ္တယ္ဆိုတာသိရတဲ့ ဒါေလာ့ဟာ ဒဏ္ရာျပသနာေၾကာင့္ အခုရာသီအမ်ားစုကိုလြဲေခ်ာ္ခဲ့ရၿပီး ၿပိဳင္ပြဲအရပ္ရပ္ ၁၀ ပြဲသာကစားခဲ့ရကာ အဲဒီမွာ ပရီးမီးယားလိဂ္ပြဲထြက္ဆိုလုိ႔ ၄ ပြဲသာရွိခဲ့ပါတယ္။ သူ႔ရဲ႕ဒီရာသီတစ္လုံးတည္းေသာသြင္းဂိုးကလည္း ထရမ္းမီးယားကို ၆-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလားစတုတၳအဆင့္မွာ သြင္းယူခဲ့တာပါ။ ဒန္နီရယ္ဂ်ိမ္း္စ္ကေတာ့ မန္ယူနဲ႔သူ႔ရဲ႕ပထမဆုံးရာသီမွာ ၿပိဳ္င္ပြဲစုံ ၃၇ ပြဲကစားထားကာ ၄ ဂိုးသြင္း၊ ၇ ဂိုးဖန္တီးေပးထားပါတယ္။