သူရင်ဆိုင်ရမှာ အမုန်းဆုံးနောက်ခံလူကို ဖွင့်ဟလိုက်တဲ့ ဟာလန်း

MOENCHENGLADBACH, GERMANY - MARCH 07: (BILD ZEITUNG OUT) Erling Haaland of Borussia Dortmund looks on during the Bundesliga match between Borussia Moenchengladbach and Borussia Dortmund at Borussia-Park on March 7, 2020 in Moenchengladbach, Germany. (Photo by Mario Hommes/DeFodi Images via Getty Images)

photo-gettyimages

photo-gettyimages

ဒေ့ါမန်ကြယ်ပွင့်အာလင်းဟာလန်းဟာ မကြာသေးခင်က Ballon d’Or ဆုပေးအပ်ချီးမြှင့်တဲ့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခုလုပ်ခဲ့ပါတယ်။ France Football နဲ့အဲဒီအင်တာဗျူးမှာ ဟာလန်းဟာ သူ့ကိုဆွပေးတဲ့ မေးခွန်းတိုများစွာကို  ဖြေကြားသွားခဲ့ပြီး အဲဒီထဲ ရင်ဆိုင်ရမှာ အမုန်းဆုံးနောက်ခံလူက ဘယ်သူလဲဆိုတာလည်း ပါဝင်ပါတယ်။

photo-gettyimages

အဲဒီအတွက် ဟာလန်းဟာ လီဗာပူးနောက်ခံလူဗန်ဒစ်ဂျ်လို့ ဖြေကြားခဲ့ပြီး ဘာကြောင့်ဆိုတာကိုလည်း ရှင်းပြသွားခဲ့ပါတယ်။ ”ဗန်ဒစ်ဂျ်ပါ။ သူဟာ အရမ်းကောင်းပါတယ်။ သူက ပါဝါရှိပြီး လျှင်မြန်သလို အရည်အသွေးအားလုံးကို ပိုင်ဆိုင်ထားပါတယ်။ သူဟာ မယုံနိုင်ဖွယ်ကစားသမားတစ်ယောက်ပါ”လို့ ဟာလန်းက ဖြေကြားသွားခဲ့တာပါ။

photo-gettyimages

ဟာလန်းဟာ သူ့အနာဂါတ်နဲ့ပတ်သက်တဲ့မေးခွန်းတွေကိုလည်း ဖြေကြားသွားခဲ့ပြီး ဒေ့ါမန်ဟာ သူ့အတွက် အောင်မြင်မှုရည်မှန်းချက်ပန်းတိုင်တက်လှမ်းရာ လှေကားထစ်တစ်ခုသာသာပဲလားဆိုတာနဲ့ပတ်သက်လို့ ”ကျွန်တော် ဒီကိုရောက်လာတာ ဘာမှမကြာသေးပါဘူး။ ဒီမှာ အရမ်းပျော်ရွှင်ပါတယ်။ ဒီမှာ အောင်မြင်မှုများစွာ ရရှိချင်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် ၁၀ နှစ်အတွင်း ဘယ်နေရာမှာ ရှိနေနိုင်မလဲဆိုတာကို မေးမြန်းတော့ ဟာလန်းက”ကျွန်တော် နားမလည်နိုင်ဘူး။ ကျွန်တော့်မှာ အိပ်မက်တွေတော့ ရှိတာပေါ့။ ဒါပေမဲ့ ကျွန်တော်က အခုမှ ဒေ့ါမန်ကိုစရောက်တာပါ။ တခြားဟာတွေကို မစဉ်းစားဘဲ ဒီက စက္ကန့်တိုင်းကို နှစ်နှစ်ခြိုက်ခြိုက်ရှိချင်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

[Zawgyi]

သူရင္ဆုိင္ရမွာ အမုန္းဆုံးေနာက္ခံလူကို ဖြင့္ဟလုိက္တဲ့ ဟာလန္း

ေဒ့ါမန္ၾကယ္ပြင့္အာလင္းဟာလန္းဟာ မၾကာေသးခင္က Ballon d’Or ဆုေပးအပ္ခ်ီးျမွင့္တဲ့ ျပင္သစ္ေဘာလုံးမဂၢဇင္းနဲ႔ အင္တာဗ်ဴးတစ္ခုလုပ္ခဲ့ပါတယ္။ France Football နဲ႔အဲဒီအင္တာဗ်ဴးမွာ ဟာလန္းဟာ သူ႔ကိုဆြေပးတဲ့ ေမးခြန္းတိုမ်ားစြာကို  ေျဖၾကားသြားခဲ့ၿပီး အဲဒီထဲ ရင္ဆိုင္ရမွာ အမုန္းဆုံးေနာက္ခံလူက ဘယ္သူလဲဆိုတာလည္း ပါ၀င္ပါတယ္။

အဲဒီအတြက္ ဟာလန္းဟာ လီဗာပူးေနာက္ခံလူဗန္ဒစ္ဂ်္လို႔ ေျဖၾကားခဲ့ၿပီး ဘာေၾကာင့္ဆိုတာကိုလည္း ရွင္းျပသြားခဲ့ပါတယ္။ ”ဗန္ဒစ္ဂ်္ပါ။ သူဟာ အရမ္းေကာငး္ပါတယ္။ သူက ပါ၀ါရွိၿပီး လွ်င္ျမန္သလို အရည္အေသြးအားလုံးကို ပိုင္ဆိုင္ထားပါတယ္။ သူဟာ မယုံႏိုင္ဖြယ္ကစားသမားတစ္ေယာက္ပါ”လို႔ ဟာလန္းက ေျဖၾကားသြားခဲ့တာပါ။

ဟာလန္းဟာ သူ႔အနာဂါတ္နဲ႔ပတ္သက္တဲ့ေမးခြန္းေတြကိုလည္း ေျဖၾကားသြားခဲ့ၿပီး ေဒ့ါမန္ဟာ သူ႔အတြက္ ေအာင္ျမင္မႈရည္မွန္းခ်က္ပန္းတိုင္တက္လွမ္းရာ ေလွကားထစ္တစ္ခုသာသာပဲလားဆုိတာနဲ႔ပတ္သက္လို႔ ”ကၽြန္ေတာ္ ဒီကိုေရာက္လာတာ ဘာမွမၾကာေသးပါဘူး။ ဒီမွာ အရမ္းေပ်ာ္ရႊင္ပါတယ္။ ဒီမွာ ေအာင္ျမင္မႈမ်ားစြာ ရရွိခ်င္ပါတယ္”လို႔ ေျဖၾကားခဲ့ပါတယ္။ ဒါ့အျပင္ ၁၀ ႏွစ္အတြင္း ဘယ္ေနရာမွာ ရွိေနႏိုင္မလဲဆုိတာကို ေမးျမန္းေတာ့ ဟာလန္းက”ကၽြန္ေတာ္ နားမလည္ႏိုင္ဘူး။ ကၽြန္ေတာ့္မွာ အိပ္မက္ေတြေတာ့ ရွိတာေပါ့။ ဒါေပမဲ့ ကၽြန္ေတာ္က အခုမွ ေဒ့ါမန္ကိုစေရာက္တာပါ။ တျခားဟာေတြကို မစဥ္းစားဘဲ ဒီက စကၠန္႔တိုင္းကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ရွိခ်င္ပါတယ္”လို႔ ေျဖၾကားခဲ့ပါတယ္။