သူမြင်ဖူးသမျှထဲမှာ ရော်နယ်ဒိုကြီးဟာ အကောင်းဆုံးတိုက်စစ်မှုးပါလို့ ပြောလိုက်တဲ့မက်ဆီ

photo-gettyimages

photo-reuters

သူ့ဘဝရဲ့မြင်ဖူးသမျှ တိုက်စစ်မှုးတွေထဲမှာ ဘာစီလိုနာနဲ့ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်း ရော်နယ်ဒိုကြီးဟာ အကောင်းဆုံးဖြစ်ကြောင်း မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ ဘာစီလိုနာတိုက်စစ်မှုးမက်ဆီက ဖွင့်ဟပြောကြားလိုက်ပါတယ်။ အခုအခါအနားယူသွားပြီဖြစ်တဲ့ ဘရာဇီးလက်ရွေးစင်ဟောင်းရော်နယ်ဒိုဟာ ကလပ်ကစားသမားဘဝမှာ ပွဲပေါင်း ၅၀၀ ကျော်ကစားခဲ့သူဖြစ်ပါတယ်။ အဲဒီပွဲပေါင်း ၅၀၀ ကျော်မှာ စုစုပေါင်း ၃၅၂ ဂိုးသွင်းနိုင်ခဲ့တာပါ။

photo-gettyimages

ရော်နယ်ဒိုဟာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ရွေးချယ်ချီးမြှင့်တဲ့ Ballon d’Or ဆုကို ၂ ကြိမ်ရရှိခဲ့ပြီး ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ၃ ကြိမ်တိုင်ဆွတ်ခူးခဲ့ပါတယ်။ ”ရော်နယ်ဒိုကြီးဟာ ကျွန်တော့်ဘဝရဲ့မြင်ဖူးသမျှထဲမှာ အကောင်းဆုံးတိုက်စစ်မှုးပါ။ သူဟာ မယုံနိုင်စရာလည်း ကောင်းပါတယ်”လို့ မက်ဆီက ပြောခဲ့တာပါ။

photo-gettyimges

ဒါပေမဲ့လည်း သူ့ပရိသတ်တွေကတော့ မက်ဆီကသာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှုးလို့ မြင်ကြမှာပါ။ မက်ဆီနဲ့ သူ့ရဲ့ခေတ်ပြိုင်ဖြစ်တဲ့ ပေါ်တူဂီသားစီရော်နယ်ဒိုတို့ဟာ သမိုင်းတစ်လျှောက်အကောင်းဆုံံးတိုက်စစ်မှုးစာရင်းဝင်တွေဖြစ်ကြပေမယ့် သူတို့ဟာ တောင်ပံတိုက်စစ်ကစားသမားတွေဖြစ်ကြပြီး ရော်နယ်ဒိုကြီးကတော့ နံပါတ် ၉ ဂျာစီဝတ်တိုက်စစ်မှုးစစ်စစ်ဖြစ်ပါတယ်။ အဲဒီနေရာမှာတော့ ရော်နယ်ဒိုကြီးဟာ အကောင်းဆုံးလို့  အတော်များများက လက်ခံထားကြပါတယ်။

[Zawgyi]

သူျမင္ဖူးသမွ်ထဲမွာ ေရာ္နယ္ဒိုႀကီးဟာ အေကာင္းဆုံးတိုက္စစ္မႈးပါလုိ႔ ေျပာလုိက္တဲ့မက္ဆီ

သူ႔ဘ၀ရဲ႕ျမင္ဖူးသမွ် တိုက္စစ္မႈးေတြထဲမွာ ဘာစီလိုနာနဲ႔ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ေဟာင္း ေရာ္နယ္ဒိုႀကီးဟာ အေကာင္းဆုံးျဖစ္ေၾကာင္း မၾကာေသးခင္က အင္တာဗ်ဴးတစ္ခုမွာ ဘာစီလိုနာတုိက္စစ္မႈးမက္ဆီက ဖြင့္္ဟေျပာၾကားလိုက္ပါတယ္။ အခုအခါအနားယူသြားၿပီျဖစ္တဲ့ ဘရာဇီးလက္ေရြးစင္ေဟာင္းေရာ္နယ္ဒိုဟာ ကလပ္ကစားသမားဘ၀မွာ ပြဲေပါင္း ၅၀၀ ေက်ာ္ကစားခဲ့သူျဖစ္ပါတယ္။ အဲဒီပြဲေပါင္း ၅၀၀ ေက်ာ္မွာ စုစုေပါငး္ ၃၅၂ ဂိုးသြင္းႏိ္ုင္ခဲ့တာပါ။

ေရာ္နယ္ဒိုဟာ ျပင္သစ္ေဘာလုံးမဂၢဇင္းက ေရြးခ်ယ္ခ်ီးျမွင့္တဲ့ Ballon d’Or ဆုကို ၂ ႀကိမ္ရရွိခဲ့ၿပီး ဖီဖာရဲ႕တစ္ႏွစ္တာအေကာငး္ဆုံးကစားသမားဆုကိုလည္း ၃ ႀကိမ္တိုင္ဆြတ္ခူးခဲ့ပါတယ္။ ”ေရာ္နယ္ဒိုႀကီးဟာ ကၽြန္ေတာ့္ဘ၀ရဲ႕ျမင္ဖူးသမွ်ထဲမွာ အေကာင္းဆုံးတိုက္စစ္မႈးပါ။ သူဟာ မယုံႏိုင္စရာလည္း ေကာင္းပါတယ္”လို႔ မက္ဆီက ေျပာခဲ့တာပါ။

ဒါေပမဲ့လည္း သူ႔ပရိသတ္ေတြကေတာ့ မက္ဆီကသာ ကမာၻ႔အေကာင္းဆုံးတိုက္စစ္မႈးလို႔ ျမင္ၾကမွာပါ။ မက္ဆီနဲ႔ သူ႔ရဲ႕ေခတ္ၿပိဳင္ျဖစ္တဲ့ ေပၚတူဂီသားစီေရာ္နယ္ဒိုတို႔ဟာ သမိုင္းတစ္ေလွ်ာက္အေကာင္းဆုံံးတိုက္စစ္မႈးစာရင္း၀င္ေတြျဖစ္ၾကေပမယ့္ သူတုိ႔ဟာ ေတာင္ပံတုိက္စစ္ကစားသမားေတြျဖစ္ၾကၿပီး ေရာ္နယ္ဒိုႀကီးကေတာ့ နံပါတ္ ၉ ဂ်ာစီ၀တ္တိုက္စစ္မႈးစစ္စစ္ျဖစ္ပါတယ္။ အဲဒီေနရာမွာေတာ့ ေရာ္နယ္ဒိုႀကီးဟာ အေကာင္းဆုံးလုိ႔  အေတာ္မ်ားမ်ားက လက္ခံထားၾကပါတယ္။