

ဖီဖာရဲ႕တစ္ႏွစ္တာအေကာင္းဆံုးဆုေပးပြဲနဲ႔ပတ္သက္တဲ႔ ဂယက္ေတြကမၿငိမ္ေသးပါဘူး။ကမာၻ႔ေဘာလံုးအဖြဲ႔ခ်ဳပ္ကို ေနာက္ဆံုးေ၀ဖန္တိုက္ခိုက္လိုက္သူက ခ်ဲလ္ဆီးနည္းျပလမ္းပတ္ပါ။လမ္းပတ္က ဖီဖာအေနနဲ႔ လိဒ္အသင္းကို အသန္႔ရွင္းဆံုးဆု(Fair Play Award)ေပးအပ္လိုက္တာဟာ တရားမမွ်တဘူးလို႔ ေျပာဆိုလိုက္ပါတယ္။အထူးသျဖင့္ သူနဲ႔ျပသနာအႀကီးအက်ယ္တတ္ခဲ့တဲ့ ဘီရယ္ဆာလိုနည္းျပမ်ိဳးတာ၀န္ယူေနတဲ့အသင္းကိုမွ ဒီဆုေပးလိုက္တာကို ခ်ဲလ္ဆီးနည္းျပကေပါက္ကြဲေနတာပါ။ဘီရယ္ဆာဟာ ဒါဘီေကာင္တီအသင္းကို လမ္းပတ္ကိုင္တြယ္ေနတုန္းက Spygate လို႔ နာမည္ေက်ာ္တဲ့ ျဖစ္ရပ္နဲ႔အတူ အရွက္ကြဲခဲ့ဖူးပါတယ္။

အာဂ်င္တီးနားသားဟာ လမ္းပတ္ရဲ႕အသင္းနဲ႔မကစားခင္ ဒါဘီအသင္းေလ့က်င့္ေနတာကို ေခ်ာင္းေျမာင္းၾကည့္ရႈခဲ့တာပါ။ေနာက္ပိုင္းမွာ သူလွ်ိဳလုပ္ခဲ့တာကို ဘီရယ္ဆာက ၀န္ခံခဲ့သလို Football League ကလည္း ၿပိဳင္ဘက္အသင္းနဲ႔မကစားခင္ ၇၂နာရီအတြင္း သူတို႔ေလ့က်င့္ကြင္းကို သြားေရာက္တာမ်ိဳးမလုပ္ရဘူးလို႔ တားျမစ္ခ်က္ထုတ္ျပန္ခဲ့ရပါတယ္။ဒါ့အျပင္ လိဒ္အသင္းကိုလည္း ဒဏ္ေငြ ေပါင္ ၂သိန္းနဲ႔သတိေပးမႈေတြလုပ္ခဲ့ပါတယ္။ဖီဖာကေတာ့ အက္စ္တြန္ဗီလာနဲ႔ပြဲစဥ္မွာ ၿပိဳင္ဘက္ကစားသမား ဒဏ္ရာရေနခ်ိန္ဂိုးသြင္းခဲ့မိတာေၾကာင့္ သူ႔ရဲ႕လိဒ္ကစားသမားေတြကို ေခ်ပဂိုးျပန္ေပးဖို႔ညႊန္ၾကားခဲ့တဲ့ ဘီရယ္ဆာကို ဒီဆုခ်ီးျမွင့္ဖို႔ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ လမ္းပတ္က “ Spygate ျပသနာဟာ အေတာ္ေလးဆြဲေဆာင္ႏိုင္စြမ္းရွိခဲ့သလို မွန္ကန္တဲ့နည္းလမ္းနဲ႔လည္းအဆံုးသတ္ႏိုင္ခဲ့ပါတယ္။ဒါေၾကာင့္ ဒီႏွစ္ထဲမွာပဲ အသန္႔ရွင္းဆံုးဆုေပးလိုက္တာကေတာ့ မမွန္ဘူးလို႔ ကၽြန္ေတာ္ထင္ပါတယ္။ကၽြန္ေတာ္ ၿပံဳးမိခဲ့တယ္။ဘယ္သူေတြက မဲေပးလိုက္တာလဲဆိုတာ ကၽြန္ေတာ္မသိပါဘူး။ဘယ္သူေတြမ်ား ေပးလိုက္ၾကတာလဲဗ်ာ။ဒီအေၾကာင္း အေသးစိတ္ကို လူတိုင္းသိၾကပါတယ္။ဒီျပသနာေၾကာင့္ပဲ တင္းက်ပ္တဲ့စည္းမ်ဥ္းေတြ ေျပာင္းလဲခဲ့တယ္။သူတို႔လည္း ဒဏ္ရိုက္ခံခဲ့ရတယ္။ဒါေၾကာင့္ ကၽြန္ေတာ္ကေတာ့ မသင့္ေတာ္ဘူးလို႔ ခံစားရပါတယ္ ”လို႔ ေ၀ဖန္လိုက္တာပါ။
(unicode)
ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးဆုပေးပွဲနဲ့ပတ်သက်တဲ့ ဂယက်တွေကမငြိမ်သေးပါဘူး။ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကို နောက်ဆုံးဝေဖန်တိုက်ခိုက်လိုက်သူက ချဲလ်ဆီးနည်းပြလမ်းပတ်ပါ။လမ်းပတ်က ဖီဖာအနေနဲ့ လိဒ်အသင်းကို အသန့်ရှင်းဆုံးဆု(Fair Play Award)ပေးအပ်လိုက်တာဟာ တရားမမျှတဘူးလို့ ပြောဆိုလိုက်ပါတယ်။အထူးသဖြင့် သူနဲ့ပြသနာအကြီးအကျယ်တတ်ခဲ့တဲ့ ဘီရယ်ဆာလိုနည်းပြမျိုးတာဝန်ယူနေတဲ့အသင်းကိုမှ ဒီဆုပေးလိုက်တာကို ချဲလ်ဆီးနည်းပြကပေါက်ကွဲနေတာပါ။ဘီရယ်ဆာဟာ ဒါဘီကောင်တီအသင်းကို လမ်းပတ်ကိုင်တွယ်နေတုန်းက Spygate လို့ နာမည်ကျော်တဲ့ ဖြစ်ရပ်နဲ့အတူ အရှက်ကွဲခဲ့ဖူးပါတယ်။အာဂျင်တီးနားသားဟာ လမ်းပတ်ရဲ့အသင်းနဲ့မကစားခင် ဒါဘီအသင်းလေ့ကျင့်နေတာကို ချောင်းမြောင်းကြည့်ရှုခဲ့တာပါ။နောက်ပိုင်းမှာ သူလျှိုလုပ်ခဲ့တာကို ဘီရယ်ဆာက ဝန်ခံခဲ့သလို Football League ကလည်း ပြိုင်ဘက်အသင်းနဲ့မကစားခင် ၇၂နာရီအတွင်း သူတို့လေ့ကျင့်ကွင်းကို သွားရောက်တာမျိုးမလုပ်ရဘူးလို့ တားမြစ်ချက်ထုတ်ပြန်ခဲ့ရပါတယ်။ဒါ့အပြင် လိဒ်အသင်းကိုလည်း ဒဏ်ငွေ ပေါင် ၂သိန်းနဲ့သတိပေးမှုတွေလုပ်ခဲ့ပါတယ်။ဖီဖာကတော့ အက်စ်တွန်ဗီလာနဲ့ပွဲစဉ်မှာ ပြိုင်ဘက်ကစားသမား ဒဏ်ရာရနေချိန်ဂိုးသွင်းခဲ့မိတာကြောင့် သူ့ရဲ့လိဒ်ကစားသမားတွေကို ချေပဂိုးပြန်ပေးဖို့ညွှန်ကြားခဲ့တဲ့ ဘီရယ်ဆာကို ဒီဆုချီးမြှင့်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ လမ်းပတ်က “ Spygate ပြသနာဟာ အတော်လေးဆွဲဆောင်နိုင်စွမ်းရှိခဲ့သလို မှန်ကန်တဲ့နည်းလမ်းနဲ့လည်းအဆုံးသတ်နိုင်ခဲ့ပါတယ်။ဒါကြောင့် ဒီနှစ်ထဲမှာပဲ အသန့်ရှင်းဆုံးဆုပေးလိုက်တာကတော့ မမှန်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ကျွန်တော် ပြုံးမိခဲ့တယ်။ဘယ်သူတွေက မဲပေးလိုက်တာလဲဆိုတာ ကျွန်တော်မသိပါဘူး။ဘယ်သူတွေများ ပေးလိုက်ကြတာလဲဗျာ။ဒီအကြောင်း အသေးစိတ်ကို လူတိုင်းသိကြပါတယ်။ဒီပြသနာကြောင့်ပဲ တင်းကျပ်တဲ့စည်းမျဉ်းတွေ ပြောင်းလဲခဲ့တယ်။သူတို့လည်း ဒဏ်ရိုက်ခံခဲ့ရတယ်။ဒါကြောင့် ကျွန်တော်ကတော့ မသင့်တော်ဘူးလို့ ခံစားရပါတယ် ”လို့ ဝေဖန်လိုက်တာပါ။