သူမရှိတော့တဲ့နောက်ပိုင်း ပြင်သစ်လီဂူးပြိုင်ပွဲက ပျင်းစရာကောင်းတဲ့ပြိုင်ပွဲဖြစ်သွားပြီလို့ အီဘရာဟီမိုဗစ်လှောင်ပြောင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အေစီမီလန်အသင်းရဲ့ဆွီဒင်ဝါရင့်တိုက်စစ်မှူးကြီးအီဘရာဟီမိုဗစ်က သူမရှိတော့တဲ့နောက်ပိုင်း ပြင်သစ်လီဂူးပြိုင်ပွဲက ပျင်းရိစရာကောင်းတဲ့ပြိုင်ပွဲဖြစ်သွားပြီလို့ လှောင်ပြောင်လိုက်ပါတယ်။

အသက်(၄၀)နှစ်အရွယ်ရှိပြီဖြစ်သူ အီဘရာဟီမိုဗစ်ဟာ ကစားသမားဘဝတစ်လျှောက် ဥရောပထိပ်တန်းကလပ်တွေမှာကစားခဲ့သူဖြစ်ပြီး PSG အသင်းအတွက် ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိကစားခဲ့သလို

PSG ကစားသမားဘဝမှာ ပွဲပေါင်း(၁၈၀)ကစား၊ (၁၅၆)ဂိုးသွင်းခဲ့ပြီးတော့ အသင်းနဲ့အတူ ပြင်သစ်လီဂူး(၄)ကြိမ်အပါအဝင် ပြည်တွင်းဆုဖလားတွေအများကြီးရယူနိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အီဘရာဟီမိုဗစ်ဟာ PSG အသင်းနဲ့လမ်းခွဲခဲ့ပြီး မန်ချက်စတာယူနိုက်တက်၊ LA ဂလက်ဆီနဲ့ ပြီးခဲ့တဲ့နှစ်က အသင်းဟောင်းအေစီမီလန်အသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

အခုလောလောဆယ် ပြင်သစ်လီဂူးမှာ ကမ္ဘာ့အဆင့်ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ ဘာပေ၊ ရာမို့စ်၊ နေမာတို့အပါအဝင်

နာမည်ကျော်ကစားသမားအများအပြားကစားနေကြပေမယ့် အီဘရာဟီမိုဗစ်ကတော့ သူမရှိတဲ့နောက်ပိုင်း ပြင်သစ်လီဂူးပြိုင်ပွဲက စိတ်ဝင်စားစရာသိပ်မကောင်းတော့ဘူးလို့ဆိုခဲ့တာပါ။

ပြင်သစ်ရုပ်သံဌာနတစ်ခုဖြစ်တဲ့ Telefoot နဲ့အင်တာဗျူးမှာ အီဘရာဟီမိုဗစ်က “မင်းတို့(သတင်းထောက်များကိုဆိုလို)င့ါကို လွမ်းနေကြပြီ၊ ဟုတ်တယ်မလား။

ဘာဖြစ်လို့လဲဆိုတော့ ငါ မရှိတော့တဲ့နောက်ပိုင်းကတည်းက မင်းတို့အတွက် ဘာများထူးထူးခြားခြားပြောဖို့ရှိတော့လို့လဲ။ ဘာမှမရှိတော့ဘူးလေ။

အခုအချိန်ဆိုရင် ပြင်သစ်မီဒီယာမှာအလုပ်လုပ်နေရတာ ပျင်းစရာကောင်းနေလောက်ပြီပေ့ါ”လို့ နောက်ပြောင်ပြောဆိုခဲ့တာဖြစ်ပါတယ်။

အီဘရာဟီမိုဗစ်ဟာ ဘောလုံးသမားဘဝတစ်လျှောက်မှာ စကားကြီးစကားကျယ်ပြောလေ့ရှိတဲ့သူဖြစ်ပြီး PSG အသင်းနဲ့လမ်းခွဲခဲ့ချိန်တုန်းကလည်း

‘ဒီအသင်းကို ဘုရင်တစ်ပါးအဖြစ်ရောက်လာပြီး ..ဂန္ထဝင်တစ်ဦးအဖြစ်နဲ့ နှုတ်ဆက်လိုက်ပါပြီ'(“I came like a king, left like a legend”)ဆိုပြီးတော့ လူမှုကွန်ရက်ပေါ်မှာ Post တင်ခဲ့ပါသေးတယ်။

အီဘရာဟီမိုဗစ်ဟာ ဘောလုံးသမားဘဝကအနားယူရမယ့်အချိန်ရောက်နေပြီဖြစ်ပေမယ့် ခြေစွမ်းကောင်းတွေဆက်လက်ပြသနေဆဲဖြစ်ပြီး

ပြီးခဲ့တဲ့ရိုးမားနဲ့ပွဲမှာ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့တာကြောင့် စီးရီးအေသွင်းဂိုး(၁၅၀)မြောက်ဖြစ်ခဲ့သလို လိဂ်ပြိုင်ပွဲသွင်းဂိုး(၄၀၀)မြောက်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သူမရွိေတာ့တဲ့ေနာက္ပိုင္း ျပင္သစ္လီဂူးၿပိဳင္ပြဲက ပ်င္းစရာေကာင္းတဲ့ၿပိဳင္ပြဲျဖစ္သြားၿပီလို႔ အီဘရာဟီမိုဗစ္ေလွာင္ေျပာင္

ေအစီမီလန္အသင္းရဲ႕ဆြီဒင္ဝါရင့္တိုက္စစ္မႉးႀကီးအီဘရာဟီမိုဗစ္က သူမရွိေတာ့တဲ့ေနာက္ပိုင္း ျပင္သစ္လီဂူးၿပိဳင္ပြဲက ပ်င္းရိစရာေကာင္းတဲ့ၿပိဳင္ပြဲျဖစ္သြားၿပီလို႔ ေလွာင္ေျပာင္လိုက္ပါတယ္။

အသက္(၄၀)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အီဘရာဟီမိုဗစ္ဟာ ကစားသမားဘဝတစ္ေလွ်ာက္ ဥေရာပထိပ္တန္းကလပ္ေတြမွာကစားခဲ့သူျဖစ္ၿပီး PSG အသင္းအတြက္ ၂၀၁၂ ခုႏွစ္ကေန ၂၀၁၆ ခုႏွစ္အထိကစားခဲ့သလို PSG ကစားသမားဘဝမွာ ပြဲေပါင္း(၁၈၀)ကစား၊ (၁၅၆)ဂိုးသြင္းခဲ့ၿပီးေတာ့ အသင္းနဲ႔အတူ ျပင္သစ္လီဂူး(၄)ႀကိမ္အပါအဝင္ ျပည္တြင္းဆုဖလားေတြအမ်ားႀကီးရယူႏိုင္ခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ အီဘရာဟီမိုဗစ္ဟာ PSG အသင္းနဲ႔လမ္းခြဲခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္၊ LA ဂလက္ဆီနဲ႔ ၿပီးခဲ့တဲ့ႏွစ္က အသင္းေဟာင္းေအစီမီလန္အသင္းဆီ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

အခုေလာေလာဆယ္ ျပင္သစ္လီဂူးမွာ ကမာၻ႔အဆင့္ကစားသမားေတြျဖစ္တဲ့ မက္ဆီ၊ ဘာေပ၊ ရာမို႔စ္၊ ေနမာတို႔အပါအဝင္ နာမည္ေက်ာ္ကစားသမားအမ်ားအျပားကစားေနၾကေပမယ့္ အီဘရာဟီမိုဗစ္ကေတာ့ သူမရွိတဲ့ေနာက္ပိုင္း ျပင္သစ္လီဂူးၿပိဳင္ပြဲက စိတ္ဝင္စားစရာသိပ္မေကာင္းေတာ့ဘူးလို႔ဆိုခဲ့တာပါ။

ျပင္သစ္႐ုပ္သံဌာနတစ္ခုျဖစ္တဲ့ Telefoot နဲ႔အင္တာဗ်ဴးမွာ အီဘရာဟီမိုဗစ္က “မင္းတို႔(သတင္းေထာက္မ်ားကိုဆိုလို)င့ါကို လြမ္းေနၾကၿပီ၊ ဟုတ္တယ္မလား။ ဘာျဖစ္လို႔လဲဆိုေတာ့ ငါ မရွိေတာ့တဲ့ေနာက္ပိုင္းကတည္းက မင္းတို႔အတြက္ ဘာမ်ားထူးထူးျခားျခားေျပာဖို႔ရွိေတာ့လို႔လဲ။ ဘာမွမရွိေတာ့ဘူးေလ။

အခုအခ်ိန္ဆိုရင္ ျပင္သစ္မီဒီယာမွာအလုပ္လုပ္ေနရတာ ပ်င္းစရာေကာင္းေနေလာက္ၿပီေပ့ါ”လို႔ ေနာက္ေျပာင္ေျပာဆိုခဲ့တာျဖစ္ပါတယ္။ အီဘရာဟီမိုဗစ္ဟာ ေဘာလုံးသမားဘဝတစ္ေလွ်ာက္မွာ စကားႀကီးစကားက်ယ္ေျပာေလ့ရွိတဲ့သူျဖစ္ၿပီး PSG အသင္းနဲ႔လမ္းခြဲခဲ့ခ်ိန္တုန္းကလည္း ‘ဒီအသင္းကို ဘုရင္တစ္ပါးအျဖစ္ေရာက္လာၿပီး ..ဂႏၴဝင္တစ္ဦးအျဖစ္နဲ႔ ႏႈတ္ဆက္လိုက္ပါၿပီ'(“I came like a king, left like a legend”)ဆိုၿပီးေတာ့ လူမႈကြန္ရက္ေပၚမွာ Post တင္ခဲ့ပါေသးတယ္။

အီဘရာဟီမိုဗစ္ဟာ ေဘာလုံးသမားဘဝကအနားယူရမယ့္အခ်ိန္ေရာက္ေနၿပီျဖစ္ေပမယ့္ ေျခစြမ္းေကာင္းေတြဆက္လက္ျပသေနဆဲျဖစ္ၿပီး ၿပီးခဲ့တဲ့႐ိုးမားနဲ႔ပြဲမွာ ဖရီးကစ္ကေန ဂိုးသြင္းယူခဲ့တာေၾကာင့္ စီးရီးေအသြင္းဂိုး(၁၅၀)ေျမာက္ျဖစ္ခဲ့သလို လိဂ္ၿပိဳင္ပြဲသြင္းဂိုး(၄၀၀)ေျမာက္အျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။