သူမပါတဲ့ပွဲစဉ်တွေမှာ ယူနိုက်တက် အနိုင်ရတာများတယ်ဆိုတဲ့ ပေါ့ဘာ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာက ယူနိုက်တက်အသင်းဟာ သူပါဝင်ကစားတဲ့ ပွဲစဉ်တွေမှာထက် သူမပါဝင်နိုင်တဲ့ ပွဲစဉ်တွေမှာ နိုင်ပွဲရယူနိုင်တဲ့ ရာခိုင်နှုန်းက ပိုများနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့်အသင်းရဲ့နည်းပြ ဆိုးရှားလ်က သူ့ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ထားသင့်တယ်လို့ ပေါ့ဘာကဟာသနှော ပြောဆိုထားပါတယ်။
ပေါ့ဘာက “ ကျွန်တော့်ကို နည်းပြအနေနဲ့ အရန်လူစာရင်းမှာ ထားဖို့လိုအပ်နေပါပြီ။ ကျွန်တော်ကစစ်တမ်းက အချက်အလက်တွေကို မတွေ့ဖူးပါဘူး။
တကယ်လို့ အဲဒီစစ်တမ်းအရပဲဖြစ်ဖြစ်၊ အပြင်လက်တွေ့မှာပဲဖြစ်ဖြစ် အသင်းက ကျွန်တော်မပါဝင်နိုင်တဲ့ ပွဲစဉ်တွေမှာသာ ပိုကောင်းအောင် ကစားနိုင်မယ်ဆိုရင်
နည်းပြက ကျွန်တော့်ကို အရန်ခုံမှာပဲထားမယ်ဆိုရင်လည်း ကျွန်တော်နားလည်ပေးနိုင်မှာပါ။”
“ဒါပေမယ့် အဲဒီစစ်တမ်း အချက်အလက်က တကယ်တမ်းမှာတော့ ကျွန်တော့်အတွက် စိန်ခေါ်မှုတစ်ခုလို ဖြစ်စေပါတယ်။
အဲဒီအချက်အလက်ကို ပြောင်းလဲနိုင်ဖို့လည်း ကျွန်တော်မျှော်လင့်ပါတယ်။” လို့ပြောဆိုပါတယ်။
ယူနိုက်တက်အသင်းရဲ့ အချက်အလက်တွေကို တွက်ချက်ထားတဲ့ စစ်တမ်းတစ်ခုအရ ယူနိုက်တက်အသင်းဟာ ပေါ့ဘာကို ပွဲထွက်လူစာရင်းအတွင်း ထည့်သွင်းလာခဲ့တဲ့ ပွဲစဉ်တွေမှာဆိုရင်
(၁.၉)မှတ်သာ ရယူနိုင်ခဲ့ပြီး ပေါ့ဘာကို အရန်စာရင်းမှာပဲ ထည့်သွင်းထားတဲ့ ပွဲမှာဆိုရင် ယူနိုက်တက်ဘက်က (၂.၂)မှတ်အထိ ရယူထားနိုင်ခဲ့ပါတယ်။
ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ရိုးမားအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းပေးထားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi