သူမကန် ကိုယ်မကန်၊ သူမပေး ကိုယ်မပေးနဲ့ ဇာခါ+လစ်ချ်စတိုင်နာ ပေါင်းစပ်ထုတ်လုပ်လိုက်တဲ့ ဆွစ်ဇာလန်ရဲ့အဆိုးရွားဆုံးဖရီးကစ်လှည့်ကွက်

Photo Credit

Photo Credit

ဘောလုံးပွဲတစ်ပွဲမှာ ပြစ်ဒဏ်ဘောရရှိလာရင် ပြိုင်ဘက်ကစားသမားကို လှည့်စားတဲ့အနေနဲ့ ယောင်ပြလှုပ်ရှားမှုတွေပြုလုပ်လေ့ရှိပေမယ့် စနေနေ့က ဒိန်းမတ်နဲ့ပွဲမှာ ဆွစ်ဇာလန်ကစားသမားဖြစ်တဲ့ ညာနောက်ခံလူ လစ်ချ်စတိုင်နာနဲ့ ကွင်းလယ်လူ ဇာခါတို့ရဲ့ပြစ်ဒဏ်ဘောလှည့်ကွက်ကတော့ ပရိသတ်တွေကြား ငိုအားထက် ရယ်အားသန်ဆိုသလိုဖြစ်သွားစေပါတယ်။

Photo Credit

အရေးကြီးတဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ ဒိန်းမတ်အသင်းကို ၁-၀ ဂိုးနဲ့အရေးနိမ့်ခဲ့ရတဲ့ပွဲမှာ နေရာကောင်းအဖြစ် ပြိုင်ဘက်ကွင်းညာဘက်အခြမ်းမှာ ဆွစ်ဇာလန်အသင်း ပြစ်ဒဏ်ဘောကန်သွင်းခွင့်ရရှိခဲ့ပြီး အာဆင်နယ်အသင်းခေါင်းဆောင် ဇာခါနဲ့ ညာနောက်ခံလူဟောင်း လစ်ချ်စတိုင်နာတို့က တစ်ခုခုထူးခြားသွားအောင် လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit

သူတို့နှစ်ယောက်ဟာ ဒိန်းမတ်ပင်နယ်တီဧရိယာအတွင်း အသင်းဖော်တွေအတွက် နေရာလွတ်တွေထွက်ပေါ်လာအောင် ပြစ်ဒဏ်ဘောကို တစ်ခါတည်းမကန်သေးဘဲ နှစ်ယောက်စလုံး ဘောလုံးကို ကျော်ပြေးကြပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ တစ်ယောက်နဲ့တစ်ယောက် စည်းဝါးကိုက်ထားတာ လွဲချော်သွားပြီး နှစ်ယောက်စလုံးကလည်း ဇဝေဇဝါဖြစ်သွားပါတယ်။

Photo Credit

ဒုတိယပိုင်းပြန်စပြီးသိပ်မကြာခင် ဝ-၀ ဂိုးဖြစ်နေချိန် ရရှိလာတဲ့ပြစ်ဒဏ်ဘောကနေ ဦးဆောင်ဂိုးရဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ပထမဆုံး ဇာခါက ကန်မယ်ဟန်ပြင်ရင်း ဘောလုံးကို ကျော်သွားကာ ပြေးလမ်းထဲ နေရာယူလိုက်ပါတယ်။ အဲဒီနောက် လစ်ချ်စတိုင်နာကလည်း မကန်ဘဲ ဘောလုံးကို ကျော်ဖြတ်ကာ ညာတောင်ပံတစ်လျှောက် ဇာခါ ပြန်ခင်းပေးလို့ရအောင် Opening လုပ်ပေးပါတယ်။

Photo Credit

ဒါပေမဲ့ ဇာခါကလည်း ပေးမလိုဟန်ပြင်ရင်း ဇဝေဇဝါဖြစ်သွားရပြန်ပြီး ပွဲကြည့်ပရိသတ်တွေလည်း သူတို့နှစ်ယောက်ရဲ့နားလည်မှုလွဲမှားခြင်းကို အော်ဟစ်လှောင်ပြောင်ခဲ့ပါတယ်။ နောက်တော့မှ ဇာခါက ရိုးရိုးရှင်းရှင်းလေးပဲ ပင်နယ်တီဧရိယာထဲ အမြောက်ဘောကန်တင်ပေးလိုက်ပြီး ဒိန်းမတ်ခံစစ်က ရှင်းထုတ်နိုင်ခဲ့ပါတယ်။

Photo Credit

ဆွစ်ဇာလန်ကလည်း အဲဒီပွဲမှာ ရှုံးနိမ့်ခဲ့ရလို့ ခြေစစ်ပွဲအောင်မြင်ရေးမျှော်လင့်ချက် နည်းသွားခဲ့ရပြီး အုပ်စု D ရဲ့ ပထမနဲ့ ဒုတိယနေရာတွေမှာ အသီးသီးရပ်တည်နေတဲ့ အိုင်ယာလန်နဲ့ ဒိန်းမတ်တို့ထက် ၁ပွဲလျော့၊ ၄ မှတ်အကွာ တတိယနေရာမှာပဲ ဆက်လက်ရပ်တည်ခဲ့ရပါတယ်။

Photo Credit

Zawgyi

သူမကန္ ကိုယ္မကန္၊ သူမေပး ကိုယ္မေပးနဲ႔ ဇာခါ+လစ္ခ်္စတုိင္နာ ေပါင္းစပ္ထုတ္လုပ္လုိက္တဲ့ ဆြစ္ဇာလန္ရဲ႕အဆုိးရြားဆုံးဖရီးကစ္လွည့္ကြက္

ေဘာလုံးပြဲတစ္ပြဲမွာ ျပစ္ဒဏ္ေဘာရရွိလာရင္ ၿပိဳင္ဘက္ကစားသမားကို လွည့္စားတဲ့အေနနဲ႔ ေယာင္ျပလႈပ္ရွားမႈေတြျပဳလုပ္ေလ့ရိွေပမယ့္ စေနေန႔က ဒိန္းမတ္နဲ႔ပြဲမွာ ဆြစ္ဇာလန္ကစားသမားျဖစ္တဲ့ ညာေနာက္ခံလူ လစ္ခ်္စတုိင္နာနဲ႔ ကြင္းလယ္လူ ဇာခါတုိ႔ရဲ႕ျပစ္ဒဏ္ေဘာလွည့္ကြက္ကေတာ့ ပရိသတ္ေတြၾကား ငိုအားထက္ ရယ္အားသန္ဆုိသလုိျဖစ္သြားေစပါတယ္။
အေရးႀကီးတဲ့ ယူ႐ို ၂၀၂၀ ေျခစစ္ပဲြမွာ ဒိန္းမတ္အသင္းကို ၁-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့ရတဲ့ပြဲမွာ ေနရာေကာင္းအျဖစ္ ၿပိဳင္ဘက္ကြင္းညာဘက္အျခမ္းမွာ ဆြစ္ဇာလန္အသင္း ျပစ္ဒဏ္ေဘာကန္သြင္းခြင့္ရရွိခဲ့ၿပီး အာဆင္နယ္အသင္းေခါင္းေဆာင္ ဇာခါနဲ႔ ညာေနာက္ခံလူေဟာင္း လစ္ခ်္စတုိင္နာတို႔က တစ္ခုခုထူးျခားသြားေအာင္ လုပ္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။
သူတုိ႔ႏွစ္ေယာက္ဟာ ဒိန္းမတ္ပင္နယ္တီဧရိယာအတြင္း အသင္းေဖာ္ေတြအတြက္ ေနရာလြတ္ေတြထြက္ေပၚလာေအာင္ ျပစ္ဒဏ္ေဘာကို တစ္ခါတည္းမကန္ေသးဘဲ ႏွစ္ေယာက္စလုံး ေဘာလုံးကို ေက်ာ္ေျပးၾကပါတယ္။ ဒါေပမဲ့ ကံမေကာင္းစြာနဲ႔ပဲ တစ္ေယာက္နဲ႔တစ္ေယာက္ စည္း၀ါးကုိက္ထားတာ လြဲေခ်ာ္သြားၿပီး ႏွစ္ေယာက္စလုံးကလည္း ဇေ၀ဇ၀ါျဖစ္သြားပါတယ္။
ဒုတိယပိုင္းျပန္စၿပီးသိပ္မၾကာခင္ ၀-၀ ဂိုးျဖစ္ေနခ်ိန္ ရရွိလာတဲ့ျပစ္ဒဏ္ေဘာကေန ဦးေဆာင္ဂိုးရဖို႔ ႀကိဳးစားခဲ့တာျဖစ္ၿပီး ပထမဆုံး ဇာခါက ကန္မယ္ဟန္ျပင္ရင္း ေဘာလုံးကို ေက်ာ္သြားကာ ေျပးလမ္းထဲ ေနရာယူလုိက္ပါတယ္။ အဲဒီေနာက္ လစ္ခ်္စတုိင္နာကလည္း မကန္ဘဲ ေဘာလုံးကို ေက်ာ္ျဖတ္ကာ ညာေတာင္ပံတစ္ေလွ်ာက္ ဇာခါ ျပန္ခင္းေပးလုိ႔ရေအာင္ Opening လုပ္ေပးပါတယ္။
ဒါေပမဲ့ ဇာခါကလည္း ေပးမလိုဟန္ျပင္ရင္း ဇေ၀ဇ၀ါျဖစ္သြားရျပန္ၿပီး ပြဲၾကည့္ပရိသတ္ေတြလည္း သူတို႔ႏွစ္ေယာက္ရဲ႕နားလည္မႈလြဲမွားျခင္းကို ေအာ္ဟစ္ေလွာင္ေျပာင္ခဲ့ပါတယ္။ ေနာက္ေတာ့မွ ဇာခါက ႐ိုး႐ိုးရွင္းရွင္းေလးပဲ ပင္နယ္တီဧရိယာထဲ အေျမာက္ေဘာကန္တင္ေပးလုိက္ၿပီး ဒိန္းမတ္ခံစစ္က ရွင္းထုတ္ႏိုင္ခဲ့ပါတယ္။
ဆြစ္ဇာလန္ကလည္း အဲဒီပြဲမွာ ႐ံႈးနိမ့္ခဲ့ရလုိ႔ ေျခစစ္ပြဲေအာင္ျမင္ေရးေမွ်ာ္လင့္ခ်က္ နည္းသြားခဲ့ရၿပီး အုပ္စု D ရဲ႕ ပထမနဲ႔ ဒုတိယေနရာေတြမွာ အသီးသီးရပ္တည္ေနတဲ့ အုိင္ယာလန္နဲ႔ ဒိန္းမတ္တို႔ထက္ ၁ပြဲေလ်ာ့၊ ၄ မွတ္အကြာ တတိယေနရာမွာပဲ ဆက္လက္ရပ္တည္ခဲ့ရပါတယ္။