သူဘာကြောင့် မန်ယူကထွက်ပြီး အင်တာကိုပြောင်းတယ်ဆိုတာ ဖွင့်ဟလိုက်တဲ့လူကာကူ

photo-daily mail

photo-gettyimages

၂ ရာသီသာရှိသေးတဲ့အချိန် မန်ယူကထွက်ဖို့ သူစိတ်ပိုင်းဖြတ်ထားဆယ်ဆိုတဲ့အကြောင်း နည်းပြဆိုးလ်ရှားကို ပြောပြခဲ့တဲ့အခိုက်အတန့်ကို အင်တာမီလန်တိုက်စစ်မှုးလူကာကူက ဖွင့်ဟလိုက်ပါတယ်။ အဲဒီဘယ်လ်ဂျီယံတိုက်စစ်မှုးဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ မန်ယူကထွက်ပြီး စီးရီးအေသင်းကြီးအင်တာမီလန်ကို ပေါင် ၇၃ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။

photo-gettyimages

အီတလီက သူ့ရဲ့ပထမဆုံးရာသီမှာတော့ လူကာကူဟာ ဂိုးသွင်းခြေစွမ်းပြနေပြီး အခုချိန်ထိ ၂၃ ဂိုးသွင်းယူထားပါတယ်။ နည်းပြဆိုးလ်ရှားက အသင်းက မထွက်ဖို့ သူ့ကိုတားဆီးခဲ့ပေမယ့်လည်း ဆိုးရွားတဲ့ရာသီတစ်ခုကြောင့် သူဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း လူကာကူက အခုလိုပြောပါတယ်။ ”ဆိုးရွားတဲ့နှစ်တစ်နှစ်ဆိုတာ လူတိုင်းကို ဖြစ်စေနိုင်ပါတယ်။ ကျွန်တော်လည်း မန်ယူမှာ အဲလိုတစ်နှစ်ကြုံခဲ့ရတာပါ။ အဲဒါကြောင့် ကျွန်တော်သင်ယူလို့ရနိုင်မယ့်၊ ကျွန်တော့်ကိုလိုချင်တဲ့ တစ်စုံတစ်ယောက်နဲ့ အလုပ်လုပ်နိုင်မယ့် တစ်နေရာရာကိုသွားဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဆိုးလ်ရှားက ကျွန်တော့်ကိုဆက်နေစေချင်ပေမယ့် ပြီးဆုံးသွားပြီလို့ ကျွန်တော် သူ့ကို ပြောခဲ့ပါတယ်။ အဲဒီအချိန် ကျွန်တော့်မှာ အားအင်မရှိခဲ့ပါဘူး။ အားလုံး သူ့ကိုကျေးဇူးတင်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ သူကတိတည်ခဲ့ပြီး ကျွန်တော်ပြောင်းနိုင်အောင် ကူညီပေးခဲ့လို့ပါ”လို့ လူကာကူက ပြောခဲ့တာပါ။

photo-gettyimages

ဒ့ါအပြင် လူကာကူက ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဂျုဗင်တပ်ကိုပြောင်းဖို့ အလွန်နီးစပ်ခဲ့ကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။ ”ကျွန်တော် ဂျူဗင်တပ်ကိုပြောင်းဖို့ တကယ်ကိုနီးစပ်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော့်စိတ်က အင်တာနဲ့ နည်းပြအပေါ်မှာပဲ ပိုင်းဖြတ်ထားပြီးပါပြီ။ ဂျူဗင်တပ်မှာရော ချဲလ်ဆီးမှာကတည်းက ကွန်တီဟာ ကျွန်တော့်ကိုလိုချင်ခဲ့သူဖြစ်လို့ အင်တာက ကမ်းလှမ်းလာချိန်မှာ အဲဒီကိုပဲ သွားချင်ခဲ့တာပါ”လို့ လူကာကူက ဆက်လက်ပြောကြားခဲ့တာပါ။

[Zawgyi]



