သူပြန်လာချင်မှာစိုးလို့ အနားယူပြီးတဲ့နောက်မှာ ဘောလုံးပွဲမကြည့်ခဲ့ကြောင်း ဖွင့်ဟလိုက်တဲ့ကန်တိုနာ

photo-man u

photo-gettyimages

မန်ယူဂန္ထဝင်ဟောင်းကန်တိုနာက ကစားသမားဘဝကနေ ရုတ်တရတ်အနားယူပြီးတဲ့နောက် နှစ်ပေါင်းများစွာကြာအောင် ဘောလုံးပွဲမကြည့်ခဲ့ကြောင်း ဝန်ခံလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘောလုံးရဲ့ဆွဲဆောင်မှုက သူ့ကိုပြန်ကစားစေချင်စိတ်ဖြစ်မှာစိုးတာကြောင့်လို့ ကန်တိုနာက ပြောခဲ့ပါတယ်။ အဲဒီပြင်သစ်သားကစားသမားဟောင်းဟာ အသက် ၃၀ အရွယ်သာရှိသေးတဲ့ ၁၉၉၇ ခုနှစ်တုန်းက ကစားသမားဘဝကနေ ရုတ်တရတ်အနားယူသွားခဲ့တာပါ။ သူ့ကစားသမားဘဝရဲ့အကောင်းဆုံးအချိန်မှာပဲ နားသွားခဲ့တာဖြစ်လို့ အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။

photo-gettyimages

”အရမ်းငယ်သေးတဲ့အချိန်မှာ နားသွားခဲ့တာကြောင့် လွန်ခဲ့တဲ့ ၁၀ နှစ်တိုင်အောင် ဒါမှမဟုတ် ကျွန်တော် အသက် ၄၅ လောက်တိုင်အောင် ၃၊၄ နာရီလောက်လေ့ကျင့်လိုက်တာနဲ့ ဒါမှမဟုတ် ၆ လလောက်လေ့ကျင့်လိုက်တာနဲ့ ပြန်လာပြီး အမြင့်ဆုံးအဆင့်မှာကစားနိုင်တယ်လို့ တွေးနေမိတာပါ။ အဲဒီလိုတွေးတွေးမိလို့ တခြားအကြောင်းအရာတွေ ပြောင်းစဉ်းစားရတယ်။ ဘောလုံးကနေ အနားယူပြီးတဲ့နောက် ၂ နှစ်၊ ၃ နှစ်လောက် ကျွန်တော်ဘောလုံးပွဲမကြည့်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒါတွေမြင်တာနဲ့ ကျွန်တော်ပြန်လာချင်မှာလေ။ ဘောလုံးဆိုတာ မူးယစ်ဆေးလိုပဲ။ ဒါကြောင့် ကျွန်တော် ဘောပွဲတွေ မကြည့်ခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ကျွန်တော် ပြန်ကြည့်နိုင်ပြီ”လို့ ကန်တိုနာက မန်ယူမဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

photo-gettyimages

အခုချိန်မှာ ဘောလုံးပွဲတွေအများကြီးကို ကြည့်ဖြစ်လားလို့ မေးမြန်းတော့ ကန်တိုနာက”ကြည့်ဖြစ်ပါတယ်။ အများကြီးတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် အခုက တစ်နေ့ကို နာရီ ၂၀ လောက် ဘောလုံးပွဲကြည့်နိုင်ပြီလေ။ တီဗီမှာ ပွဲတွေအများကြီးပြတာ ကောင်းသလားဆိုတာ ကျွန်တော်မသိပါဘူး။ ကျွန်တော်ကြည့်ချင်တဲ့ပွဲကို ရွေးချယ်ပြီး ကြည့်ပါတယ်။ ကျွန်တော်ကြည့်ချင်တဲ့အသင်းတွေကို ရွေးချယ်ပါတယ်။ မန်ယူလိုပေါ့”လို့ ဆက်လက်ဖြေကြားခဲ့ပါတယ်။

[Zawgyi]

သူျပန္လာခ်င္မွာစိုးလို႔ အနားယူၿပီးတဲ့ေနာက္မွာ ေဘာလုံးပြဲမၾကည့္ခဲ့ေၾကာင္း ဖြင့္ဟလုိက္တဲ့ကန္တိုနာ

မန္ယူဂႏၳ၀င္ေဟာင္းကန္တိုနာက ကစားသမားဘ၀ကေန ရုတ္တရတ္အနားယူၿပီးတဲ့ေနာက္ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ေဘာလုံးပြဲမၾကည့္ခဲ့ေၾကာင္း ၀န္ခံလိုက္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ေဘာလုံးရဲ႕ဆြဲေဆာင္မႈက သူ႔ကိုျပန္ကစားေစခ်င္စိတ္ျဖစ္မွာစုိးတာေၾကာင့္လို႔ ကန္တိုနာက ေျပာခဲ့ပါတယ္။ အဲဒီျပင္သစ္သားကစားသမားေဟာင္းဟာ အသက္ ၃၀ အရြယ္သာရွိေသးတဲ့ ၁၉၉၇ ခုႏွစ္တုန္းက ကစားသမားဘ၀ကေန ရုတ္တရတ္အနားယူသြားခဲ့တာပါ။ သူ႔ကစားသမားဘ၀ရဲ႕အေကာင္းဆုံးအခ်ိန္မွာပဲ နားသြားခဲ့တာျဖစ္လို႔ အားလုံးကုိ အံ့အားသင့္ေစခဲ့ပါတယ္။

”အရမ္းငယ္ေသးတဲ့အခ်ိန္မွာ နားသြားခဲ့တာေၾကာင့္ လြန္ခဲ့တဲ့ ၁၀ ႏွစ္တုိင္ေအာင္ ဒါမွမဟုတ္ ကၽြန္ေတာ္ အသက္ ၄၅ ေလာက္တိုင္ေအာင္ ၃၊၄ နာရီေလာက္ေလ့က်င့္လုိက္တာနဲ႔ ဒါမွမဟုတ္ ၆ လေလာက္ေလ့က်င့္လုိက္တာနဲ႔ ျပန္လာၿပီး အျမင့္ဆုံးအဆင့္မွာကစားႏုိင္တယ္လုိ႔ ေတြးေနမိတာပါ။ အဲဒီလုိေတြးေတြးမိလို႔ တျခားအေၾကာင္းအရာေတြ ေျပာင္းစဥ္းစားရတယ္။ ေဘာလုံးကေန အနားယူၿပီးတဲ့ေနာက္ ၂ ႏွစ္၊ ၃ ႏွစ္ေလာက္ ကၽြန္ေတာ္ေဘာလုံးပြဲမၾကည့္ခဲ့ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒါေတြျမင္တာနဲ႔ ကၽြန္ေတာ္ျပန္လာခ်င္မွာေလ။ ေဘာလုံးဆုိတာ မူးယစ္ေဆးလုိပဲ။ ဒါေၾကာင့္ ကၽြန္ေတာ္ ေဘာပြဲေတြ မၾကည့္ခဲ့တာပါ။ ဒါေပမဲ့ အခုေတာ့ ကၽြန္ေတာ္ ျပန္ၾကည့္ႏိုင္ၿပီ”လို႔ ကန္တုိနာက မန္ယူမဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာ ေျပာခဲ့တာပါ။

အခုခ်ိန္မွာ ေဘာလုံးပြဲေတြအမ်ားႀကီးကို ၾကည့္ျဖစ္လားလုိ႔ ေမးျမန္းေတာ့ ကန္တိုနာက”ၾကည့္ျဖစ္ပါတယ္။ အမ်ားႀကီးေတာ့ မဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆုိရင္ အခုက တစ္ေန႔ကို နာရီ ၂၀ ေလာက္ ေဘာလုံးပြဲၾကည့္ႏို္င္ၿပီေလ။ တီဗီမွာ ပြဲေတြအမ်ားႀကီးျပတာ ေကာင္းသလားဆိုတာ ကၽြန္ေတာ္မသိပါဘူး။ ကၽြန္ေတာ္ၾကည့္ခ်င္တဲ့ပြဲကို ေရြးခ်ယ္ၿပီး ၾကည့္ပါတယ္။ ကၽြန္ေတာ္ၾကည့္ခ်င္တဲ့အသင္းေတြကို ေရြးခ်ယ္ပါတယ္။ မန္ယူလိုေပါ့”လုိ႔ ဆက္လက္ေျဖၾကားခဲ့ပါတယ္။