သူနဲ႔သင့္ေတာ္မယ္႔ကလပ္ေတြ႔ေအာင္ ေစာင့္ဦးမွာလို႔ ေမာ္ရင္ဟိုေျပာ

မန္ယူအသင္းနည္းျပေဟာင္း ေမာ္ရင္ဟိုကသူ႔အေနနဲ႔ နည္းျပအလုပ္ကိုျပန္လည္လုပ္ကိုင္ဖို႔ ဆႏၵျပင္းထန္ေနေပမယ္႔ သူနဲ႔သင့္ေတာ္တဲ႔ ကလပ္ေတြ႔တဲ႔အထိေစာင္႔ဦးမယ္လို႔ ေျပာလိုက္ပါတယ္။ အသက္ ၅၆ ႏွစ္ရွိၿပီျဖစ္တဲ႔ ေမာ္ရင္ဟိုဟာ ၿပီးခဲ့တဲ႔ ဒီဇင္ဘာလက မန္ယူကေနထုတ္ပယ္ခံရၿပီးေနာက္ပိုင္း အသင္းလက္မဲ႔ျဖစ္ေနသူပါ။

ေမာ္ရင္ဟိုဟာ လိုင္ယြန္၊ ဘင္ဖီကာ၊ နယူးကာဆယ္တို႔နဲ႔သတင္းထြက္ခဲ့တဲ႔အျပင္ မၾကာေသးခင္ကလည္း တရုတ္စူပါလိဂ္ကလပ္တစ္ခုျဖစ္တဲ႔ ဂြမ္ဇူးအဲဗားဂရန္ဒီဘက္က ေပါင္ ၈၈ သန္းတန္စာခ်ဳပ္နဲ႔ကမ္းလွမ္းခဲ့မႈကိုလည္း ပယ္ခ်ခဲ့တာပါ။ ဒီအသင္းေတြအားလုံးဟာသူ႔အဆင့္အတန္းနဲ႔လိုက္ဖက္တဲ႔ကလပ္ေတြမဟုတ္ဖူးလို႔ ေမာ္ရင္ဟိုက ယူဆၿပီးကမး္လွမ္းမႈအခ်ဳိ႕ကိုျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာ သူဟာနည္းျပေလာက ကိုျပန္လည္၀င္ေရာက္ဖို႔ စိတ္အားထက္သန္ေနေပမယ္႔ သူ႔အတြက္ၿပီးျပည့္စုံမယ္႔ သင့္ေတာ္တဲ႔ ကမး္လွမ္းမႈတစ္ခုကိုသာ စိတ္ရွည္လက္ရွည္ေစာင့္ဆိုင္းဖို႔ ဆုံးျဖတ္ထားသူျဖစ္ပါတယ္။ သူဟာ အခုဇူလိုင္လအတြင္းမွာ နည္းျပေလာက ကိုျပန္၀င္လာမယ္လို႔ ေျပာထားေပမယ္႔ အခုထိျဖစ္မလာေသးပါဘူး။

နည္းျပအလုပ္နဲ႔ပတ္သက္တဲ႔ ေမးျမန္းမႈကို ေမာ္ရင္ဟိုက”သိပ္ျပန္လုပ္ခ်င္ေနတာေပါ့ဗ်ာ။ ဒါေပမယ္႔ က်ြန္ေတာ္႔အတြက္ သင့္ေတာ္ၿပီး ေကာင္းမြန္တဲ႔ စီမံကိန္းရွိတဲ႔အသင္းကိုရဖို႔အတြက္ေတာ႔ အခ်ိန္ယူေစာင့္ဆိုင္းသြားမွာပါ။ တစ္ခ်ိန္တည္းမွာဘဲ က်ြန္ေတာ္ဟာ အားကစားနဲ႔ဆက္ၿပီး ပတ္သက္ေနတုန္းပါဘဲ။

ေဘာလုံးနဲ႔ပတ္သက္တဲ႔အလုပ္မရွိေသးေပမယ္႔ အျခားေသာအားကစားပြဲေတြကိုလိုက္ၾကည့္ျဖစ္ပါတယ္။ ဒါကလည္း ေဘာလုံးနဲ႔မထိေတြ႔ခ်ိန္မွာေပ်ာ္ရႊင္ရတဲ႔ အလုပ္တစ္ခုပါဘဲ” လို႔ေျပာသြားပါတယ္။

Unicode

သူနဲ့သင့်တော်မယ့်ကလပ်တွေ့အောင် စောင့်ဦးမှာလို့ မော်ရင်ဟိုပြော
မန်ယူအသင်းနည်းပြဟောင်း မော်ရင်ဟိုကသူ့အနေနဲ့ နည်းပြအလုပ်ကိုပြန်လည်လုပ်ကိုင်ဖို့ ဆန္ဒပြင်းထန်နေပေမယ့် သူနဲ့သင့်တော်တဲ့ ကလပ်တွေ့တဲ့အထိစောင့်ဦးမယ်လို့ ပြောလိုက်ပါတယ်။ အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက မန်ယူကနေထုတ်ပယ်ခံရပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေသူပါ။

မော်ရင်ဟိုဟာ လိုင်ယွန်၊ ဘင်ဖီကာ၊ နယူးကာဆယ်တို့နဲ့သတင်းထွက်ခဲ့တဲ့အပြင် မကြာသေးခင်ကလည်း တရုတ်စူပါလိဂ်ကလပ်တစ်ခုဖြစ်တဲ့ ဂွမ်ဇူးအဲဗားဂရန်ဒီဘက်က ပေါင် ၈၈ သန်းတန်စာချုပ်နဲ့ကမ်းလှမ်းခဲ့မှုကိုလည်း ပယ်ချခဲ့တာပါ။ ဒီအသင်းတွေအားလုံးဟာသူ့အဆင့်အတန်းနဲ့လိုက်ဖက်တဲ့ကလပ်တွေမဟုတ်ဖူးလို့ မော်ရင်ဟိုက ယူဆပြီးကမ်းလှမ်းမှုအချို့ကိုငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ သူဟာနည်းပြလောက ကိုပြန်လည်ဝင်ရောက်ဖို့ စိတ်အားထက်သန်နေပေမယ့် သူ့အတွက်ပြီးပြည့်စုံမယ့် သင့်တော်တဲ့ ကမ်းလှမ်းမှုတစ်ခုကိုသာ စိတ်ရှည်လက်ရှည်စောင့်ဆိုင်းဖို့ ဆုံးဖြတ်ထားသူဖြစ်ပါတယ်။ သူဟာ အခုဇူလိုင်လအတွင်းမှာ နည်းပြလောက ကိုပြန်ဝင်လာမယ်လို့ ပြောထားပေမယ့် အခုထိဖြစ်မလာသေးပါဘူး။

နည်းပြအလုပ်နဲ့ပတ်သက်တဲ့ မေးမြန်းမှုကို မော်ရင်ဟိုက”သိပ်ပြန်လုပ်ချင်နေတာပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော့်အတွက် သင့်တော်ပြီး ကောင်းမွန်တဲ့ စီမံကိန်းရှိတဲ့အသင်းကိုရဖို့အတွက်တော့ အချိန်ယူစောင့်ဆိုင်းသွားမှာပါ။ တစ်ချိန်တည်းမှာဘဲ ကျွန်တော်ဟာ အားကစားနဲ့ဆက်ပြီး ပတ်သက်နေတုန်းပါဘဲ။

ဘောလုံးနဲ့ပတ်သက်တဲ့အလုပ်မရှိသေးပေမယ့် အခြားသောအားကစားပွဲတွေကိုလိုက်ကြည့်ဖြစ်ပါတယ်။ ဒါကလည်း ဘောလုံးနဲ့မထိတွေ့ချိန်မှာပျော်ရွှင်ရတဲ့ အလုပ်တစ်ခုပါဘဲ” လို့ပြောသွားပါတယ်။