
photo-gettyimages
photo-gettyimages
သူသာ ဘရာဇီးမှာ မွေးဖွားကြီးပြင်းမယ်ဆိုရင် အဲဒီတောင်အမေရိကအသင်းကြီးဟာ နောက်ထပ်ကမ္ဘာ့ဖလား ၅ ကြိမ်လောက် ထပ်မံဗိုလ်စွဲဦးမှာလို့ စီရော်နယ်ဒိုက နောက်ပြောင်ခဲ့ကြောင်း သူ့ရဲ့ဂျူဗင်တပ်အသင်းဖော်ဖြစ်တဲ့ဒါနီလိုက ဖွင့်ဟလိုက်ပါတယ်။ စီရော်နယ်ဒိုဟာ သူ့နိုင်ငံအသင်းပေါ်တူဂီအတွက် ကိုယ်စားပြုရင်း အောင်မြင်မှုတွေလည်း ရရှိထားတာပါ။ ပေါ်တူဂီကို ယူရို ၂၀၁၆ မှာ ဗိုလ်စွဲအောင် ကူညီပေးနိုင်ခဲ့သလို ဒီနှစ်ထဲမှာပဲ ပြိုင်ပွဲသစ်နေးရှင်းလိဂ်မှာ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးထားကာ သူ့ရဲ့နိုင်ငံအသင်းသွင်းဂိုးအရေအတွက်လည်း ၁၆၃ ပွဲမှာ ၉၈ ဂိုးရှိထားတာပါ။
photo-gettyimages
သူကစားတဲ့အသင်းတိုင်းဟာ ချက်ချင်းပဲ ပိုပြိုင်ဆိုင်လာနိုင်တဲ့အသင်းတွေဖြစ်လာတာကြောင့် နောက်ပြောင်တယ်ဆိုရင်တောင် အဲဒီလိုသာဆို မဖြစ်ဘူးလို့ မပြောနိုင်ပါဘူး။ စီရော်နယ်ဒိုနဲ့ ဘရာဇီးလက်ရွေးစင်နောက်ခံလူဒါနီလိုတို့ဟာ ရီးရဲလ်မှာကတည်းက အသင်းဖော်တွေဖြစ်ခဲ့ကြတာပါ။ အဲဒီနောက် ဒါနီလိုက မန်စိးတီးရောက်သွားပေမယ့် သိပ်မကြာခင်မှာပဲ ဂျူဗင်တပ်မှာ သူတို့ပြန်ဆုံခဲ့ကြတာပါ။ မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ ဒါနီလိုက စီရော်နယ်ဒိုအပေါ် သူ့ရဲ့လေးစားမှုအပြင် ဘရာဇီးအသင်းနဲ့ပတ်သက်လို့ နောက်ပြောင်ခဲ့တာကို ဖွင့်ဟခဲ့တာပါ။
photo-gettyimages
”ရီးရဲလ်မှာကတည်းက စီရော်နယ်ဒိုနဲ့ ကျွန်တော် သိကျွမ်းခဲ့ပြီး အခု ဂျူဗင်တပ်မှာ သူနဲ့ပြန်ဆုံလို့ အရမ်းကောင်းပါတယ်။ သူ့မှာ အသေးစိပ်ကျတဲ့အမြင်ရှိပြီး သူ့ရဲ့မွေးရာပါအရည်အသွေးကြောင့် လုပ်ခဲ့သလောက် မအောင်မြင်ဘူးဆိုတာ မရှိပါဘူး။ သူသာ ဘရာဇီးအတွက် ကစားပေးရမယ်ဆိုရင် အခုချိန်မှာ ကျွန်တော်တု့ိဟာ ကမ္ဘာ့ဖလားအောင်မြင်မှုနောက်ထပ် ၅ ကြိမ်လောက်ရနေပြီလို့တောင် သူက နောက်ပြောင်ခဲ့တာပါ”လို့ ဒါနီလိုက ပြောကြားခဲ့ပါတယ်။
[Zawgyi]
သူနဲ႔သာဆုိ ဘရာဇီးဟာ ကမာၻ႔ဖလားေအာင္ျမင္မႈေတြထပ္ရဦးမွာလုိ႔ စီေရာ္နယ္ဒိုေျပာခဲ့တာကို ဒါနီလိုဖြင့္ဟ
သူသာ ဘရာဇီးမွာ ေမြးဖြားႀကီးျပငး္မယ္ဆိုရင္ အဲဒီေတာင္အေမရိကအသင္းႀကီးဟာ ေနာက္ထပ္ကမာၻ႔ဖလား ၅ ႀကိမ္ေလာက္ ထပ္မံဗုိလ္စြဲဦးမွာလို႔ စီေရာ္နယ္ဒိုက ေနာက္ေျပာင္ခဲ့ေၾကာင္း သူ႔ရဲ႕ဂ်ဴဗင္တပ္အသင္းေဖာ္ျဖစ္တဲ့ဒါနီလိုက ဖြင့္ဟလိုက္ပါတယ္။ စီေရာ္နယ္ဒိုဟာ သူ႔ႏိုင္ငံအသင္းေပၚတူဂီအတြက္ ကိုယ္စားျပဳရင္း ေအာင္ျမင္မႈေတြလည္း ရရွိထားတာပါ။ ေပၚတူဂီကို ယူရုိ ၂၀၁၆ မွာ ဗုိလ္စြဲေအာင္ ကူညီေပးႏိုင္ခဲ့သလို ဒီႏွစ္ထဲမွာပဲ ၿပိဳင္ပြဲသစ္ေနးရွင္းလိဂ္မွာ ခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ေပးထားကာ သူ႔ရဲ႕ႏိုင္ငံအသင္းသြင္းဂိုးအေရအတြက္လည္း ၁၆၃ ပြဲမွာ ၉၈ ဂိုးရွိထားတာပါ။
သူကစားတဲ့အသင္းတုိင္းဟာ ခ်က္ခ်င္းပဲ ပိုၿပိဳင္ဆိုင္လာႏိုင္တဲ့အသင္းေတြျဖစ္လာတာေၾကာင့္ ေနာက္ေျပာင္တယ္ဆိုရင္ေတာင္ အဲဒီလုိသာဆို မျဖစ္ဘူးလို႔ မေျပာႏိုင္ပါဘူး။ စီေရာ္နယ္ဒိုနဲ႔ ဘရာဇီးလက္ေရြးစင္ေနာက္ခံလူဒါနီလိုတုိ႔ဟာ ရီးရဲလ္မွာကတည္းက အသင္းေဖာ္ေတြျဖစ္ခဲ့ၾကတာပါ။ အဲဒီေနာက္ ဒါနီလိုက မန္စိးတီးေရာက္သြားေပမယ့္ သိပ္မၾကာခင္မွာပဲ ဂ်ဴဗင္တပ္မွာ သူတို႔ျပန္ဆုံခဲ့ၾကတာပါ။ မၾကာေသးခင္က အင္တာဗ်ဴးတစ္ခုမွာ ဒါနီလိုက စီေရာ္နယ္ဒုိအေပၚ သူ႔ရဲ႕ေလးစားမႈအျပင္ ဘရာဇီးအသင္းနဲ႔ပတ္သက္လုိ႔ ေနာက္ေျပာင္ခဲ့တာကို ဖြင့္ဟခဲ့တာပါ။
”ရီးရဲလ္မွာကတည္းက စီေရာ္နယ္ဒိုနဲ႔ ကၽြန္ေတာ္ သိကၽြမ္းခဲ့ၿပီး အခု ဂ်ဴဗင္တပ္မွာ သူနဲ႔ျပန္ဆုံလို႔ အရမ္းေကာငး္ပါတယ္။ သူ႔မွာ အေသးစိပ္က်တဲ့အျမင္ရွိၿပီး သူ႔ရဲ႕ေမြးရာပါအရည္အေသြးေၾကာင့္ လုပ္ခဲ့သေလာက္ မေအာင္ျမင္ဘူးဆိုတာ မရွိပါဘူး။ သူသာ ဘရာဇီးအတြက္ ကစားေပးရမယ္ဆိုရင္ အခုခ်ိန္မွာ ကၽြန္ေတာ္တု႔ိဟာ ကမာၻ႔ဖလားေအာင္ျမင္မႈေနာက္ထပ္ ၅ ႀကိမ္ေလာက္ရေနၿပီလို႔ေတာင္ သူက ေနာက္ေျပာင္ခဲ့တာပါ”လို႔ ဒါနီလိုက ေျပာၾကားခဲ့ပါတယ္။