သူနဲ့ပတ်သက်လို့ မန်ယူပရိသတ်တွေလုပ်ပေးတဲ့သီချင်းအတွက် ဂုဏ်ယူနေတဲ့ ဖာနန်ဒက်စ်

Manchester United's Bruno Fernandes celebrates scoring his side's first goal of the game from the penalty spot during the Premier League match at Old Trafford, Manchester. PA Photo. Picture date: Sunday February 23, 2020. See PA story SOCCER Man Utd. Photo credit should read: Martin Rickett/PA Wire. RESTRICTIONS: EDITORIAL USE ONLY No use with unauthorised audio, video, data, fixture lists, club/league logos or "live" services. Online in-match use limited to 120 images, no video emulation. No use in betting, games or single club/league/player publications.

photo-gettyimages

photo-gettyimages

ပြီးခဲ့တဲ့ဇန်နဝါရီမှာ ကလပ်နဲ့စာချုပ်ပြီးကတည်းက မန်ယူပရိသတ်တွေဆီက ရရှိခဲ့တဲ့ အားပေးမှုကို သူချစ်ခင်နှစ်သက်ကြောင်း ကွင်းလယ်လူဖာနန်ဒက်စ်က ဝန်ခံပြောကြားလိုက်ပါတယ်။ အထူးသဖြင့် သူ့ကို သီချင်းလုပ်ဆိုတာနဲ့ပတ်သက်လို့ ဂုဏ်ယူရကြောင်း ဖာနန်ဒက်စ်က ပြောကြားခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ရာသီကြားဖြတ်ကာလမှာ စပို့တင်းကနေ ပေါင် ၄၇ သန်းနဲ့ ရောက်လာခဲ့တာဖြစ်ပြီး မန်ယူအတွက် ပေးရတဲ့ဈေးနဲ့ တန်အောင်လည်း ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။

photo-sky sports

သူဟာ အခုချိန်ထိ မန်ယူအတွက် ကစားပေးခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် ၉ ပွဲမှာ ၃ ဂိုးသွင်း၊ ၄ ဂိုးဖန်တီးပေးထားပါတယ်။ ဒါ့အပြင် မန်ယူရဲ့နောက်ဆုံး ၁၁ ပွဲဆက်ရှုံးပွဲမရှိမှုမှာ အဓိကကျခဲ့သူလည်း ဖြစ်ပါတယ်။ မန်ယူပရိသတ်တွေဟာ အသက် ၂၅ နှစ်အရွယ် ဖာနန်ဒက်စ်ကို သီချင်းလုပ်ဆိုရာမှာ သူ့ရဲ့ဟီးရိုးလည်းဖြစ်၊ အသင်းကြယ်ပွင့်ဟောင်းလည်းဖြစ်တဲ့ စီရော်နယ်ဒိုနဲ့ နှိုင်းယှဉ်မှုပြုလုပ်ထားကြတာပါ။ နှစ်ယောက်စလုံးဟာ စပို့တင်းကနေ အိုးလ်ထရက်ဖို့ဒ်ကိုရောက်လာတဲ့ ကစားသမားဘဝ ခြေလှမ်းချင်းလည်း တူကြပါတယ်။

https://twitter.com/i/status/1238141639421579264

သူ့ကိုအင်တာဗျူးးတဲ့ Sky သတင်းဌာနက အစီအစဉ်တင်ဆက်သူလော်ရာဝုဒ်အတွက် သူ့အတွက် မန်ယူပရိသတ်တွေလုပ်ပေးတဲ့သီချင်းအကြောင်းမေးခဲ့သလို အဲဒီသီချင်းကို  ဆိုနိုင်မလားလို့တောင် မေးမြန်းတော့ ဖာနန်ဒက်စ်က ရယ်ပြီးတော့ ” ဘရူနို၊ ဘရူနို၊ ဘရူနို…ခရစ္စတီယာနိုလို စပို့တင်းကနေ သူရောက်လာတယ်…ဘယ်လှည့်လိုက်၊ ညာလှည့်လိုက်နဲ့ နောက်ခံလူတွေကို သူအရူးလုပ်တယ်…သူဟာ ငါတို့ရဲ့ပေါ်တူဂီလူစွမ်းကောင်းပါပဲ”လို့ သီဆိုပြခဲ့ပါတယ်။ အဲဒီသီချင်းနဲ့ပတ်သက်လို့ ဖာနန်ဒက်စ်က ”ပထမဆုံးနေ့ကတည်းက ပရိတ်သတ်တွေဆီက ကျွန်တော်ရခဲ့တဲ့ အားပေးမှုဟာ အံ့သြစရာပါပဲ။ ကျွန်တော့်အတွက် သူတို့လုပ်ပေးတဲ့ အဲဒီသီချင်းကိုနားထောင်ပြီးတော့ ငါ ဒီရောက်တာ ၂ ရက်ပဲရှိသေးပေမယ့် သီချင်းတောင် ရှိနေပြီလို့ တွေးမိပါတယ်။ ဒီပထမဆုံးလမှာ သူတို့ကျွန်တော့်ကိုပေးခဲ့တဲ့အချစ်ဟာ တကယ်ကောင်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

သူနဲ႔ပတ္သက္လုိ႔ မန္ယူပရိသတ္ေတြလုပ္ေပးတဲ့သီခ်င္းအတြက္ ဂုဏ္ယူေနတဲ့ ဖာနန္ဒက္စ္

ၿပီးခဲ့တဲ့ဇန္္န၀ါရီမွာ ကလပ္နဲ႔စာခ်ဳပ္ၿပီးကတည္းက မန္ယူပရိသတ္ေတြဆီက ရရွိခဲ့တဲ့ အားေပးမႈကို သူခ်စ္ခင္ႏွစ္သက္ေၾကာင္း ကြင္းလယ္လူဖာနန္ဒက္စ္က ၀န္ခံေျပာၾကားလိုက္ပါတယ္။ အထူးသျဖင့္ သူ႔ကို သီခ်င္းလုပ္ဆိုတာန႔ဲပတ္သက္လုိ႔ ဂုဏ္ယူရေၾကာင္း ဖာနန္ဒက္စ္က ေျပာၾကားခဲ့ပါတယ္။ ဖာနန္ဒက္စ္ဟာ ရာသီၾကားျဖတ္ကာလမွာ စပို႔တင္းကေန ေပါင္ ၄၇ သန္းနဲ႔ ေရာက္လာခဲ့တာျဖစ္ၿပီး မန္ယူအတြက္ ေပးရတဲ့ေစ်းနဲ႔ တန္ေအာင္လည္း ေျခစြမ္းျပေနသူ ျဖစ္ပါတယ္။

သူဟာ အခုခ်ိန္ထိ မန္ယူအတြက္ ကစားေပးခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ၉ ပြဲမွာ ၃ ဂိုးသြင္း၊ ၄ ဂိုးဖန္တီးေပးထားပါတယ္။ ဒါ့အျပင္ မန္ယူရဲ႕ေနာက္ဆုံး ၁၁ ပြဲဆက္ရႈံးပဲြမရွိမႈမွာ အဓိကက်ခဲ့သူလည္း ျဖစ္ပါတယ္။ မန္ယူပရိသတ္ေတြဟာ အသက္ ၂၅ ႏွစ္အရြယ္ ဖာနန္ဒက္စ္ကို သီခ်င္းလုပ္ဆိုရာမွာ သူ႔ရဲ႕ဟီးရိုးလည္းျဖစ္၊ အသင္းၾကယ္္ပြင့္ေဟာင္းလည္းျဖစ္တဲ့ စီေရာ္နယ္ဒိုနဲ႔ ႏႈိင္းယွဥ္မႈျပဳလုပ္ထားၾကတာပါ။ ႏွစ္ေယာက္စလံုးဟာ စပို႔တင္းကေန အိုးလ္ထရက္ဖို႔ဒ္ကိုေရာက္လာတဲ့ ကစားသမားဘ၀ ေျခလွမ္းခ်ငး္လညး္ တူၾကပါတယ္။

သူ႔ကိုအင္တာဗ်ဴးးတဲ့ Sky သတင္းဌာနက အစီအစဥ္တင္ဆက္သူေလာ္ရာ၀ုဒ္အတြက္ သူ႔အတြက္ မန္ယူပရိသတ္ေတြလုပ္ေပးတဲ့သီခ်င္းအေၾကာင္းေမးခဲ့သလုိ အဲဒီသီခ်င္းကို  ဆိုႏိုင္မလားလုိ႔ေတာင္ ေမးျမန္းေတာ့ ဖာနန္ဒက္စ္က ရယ္ၿပီးေတာ့ ” ဘရူႏုိ၊ ဘရူႏို၊ ဘရူႏို…ခရစၥတီယာႏိုလို စပို႔တင္းကေန သူေရာက္လာတယ္…ဘယ္လွည့္လုိက္၊ ညာလွည့္လုိက္နဲ႔ ေနာက္ခံလူေတြကို သူအရူးလုပ္တယ္…သူဟာ ငါတို႔ရဲ႕ေပၚတူဂီလူစြမ္းေကာင္းပါပဲ”လို႔ သီဆိုျပခဲ့ပါတယ္။ အဲဒီသီခ်င္းနဲ႔ပတ္သက္လုိ႔ ဖာနန္ဒက္စ္က ”ပထမဆုံးေန႔ကတည္းက ပရိတ္သတ္ေတြဆီက ကၽြန္ေတာ္ရခဲ့တဲ့ အားေပးမႈဟာ အံ့ၾသစရာပါပဲ။ ကၽြန္ေတာ့္အတြက္ သူတုိ႔လုပ္ေပးတဲ့ အဲဒီသီခ်င္းကိုနားေထာင္ၿပီးေတာ့ ငါ ဒီေရာက္တာ ၂ ရက္ပဲရွိေသးေပမယ့္ သီခ်င္းေတာင္ ရွိေနၿပီလို႔ ေတြးမိပါတယ္။ ဒီပထမဆုံးလမွာ သူတို႔ကၽြန္ေတာ့္ကိုေပးခဲ့တဲ့အခ်စ္ဟာ တကယ္ေကာင္းပါတယ္”လိုိ႔ ေျပာၾကားခဲ့ပါတယ္။