သူနဲ့တွဲကစားဖူးသူတွေထဲက အကောင်းဆုံးကို ဟင်နရီမတုံ့မဆိုင်းဖွင့်ဟ (မက်ဆီတော့ မဟုတ်)

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှုးဟောင်းဖြစ်တဲ့သီယာရီဟင်နရီဟာ သူ့ရဲ့ကစားသမားဘဝမှာ ဘောလုံးလောကရဲ့အကြီးကျယ်ဆုံးကစားသမားတွေထဲက အချို့နဲ့တွဲကစားခွင့်ရခဲ့ပါတယ်။

သူဟာ ဘာစီလိုနာမှာ မက်ဆီနဲ့တွဲကစားခဲ့သလို ၂၀၀၀ ပြည့်အလယ်ပိုင်းရဲ့အစောပိုင်းနှစ်တွေမှာလည်း လက်ရွေးစင်အသင်းကြီးမှာ ဇီဒန်းနဲ့ကစားခွင့်ရခဲ့ပါတယ်။

ကစားသမားဘဝတစ်လျှောက် တွဲကစားခဲ့ဖူးသူတွေထဲမှာ ဘယ်သူကအကောင်းဆုံးလဲလု့ိ ဟင်နရီကိုမေးတော့ မက်ဆီရော ဇီဒန်းပါ မဟုတ်ခဲ့ပါဘူး။

အဲဒီအစား ဟင်နရီဟာ သူ့ရဲ့အာဆင်နယ်အသင်းဖော်ဟောင်းတစ်ယောက်ကိုသာ ရွေးချယ်ခဲ့ပါတယ်။

၁၉၉၉ ခုနှစ်မှာ အာဆင်နယ်ကို သူစရောက်တော့ ဟင်နရီဟာ ဒင်းနစ်ဘားကမ့်ရဲ့ကွဲပြားခြားနားတဲ့ခြေစွမ်းကို တွေ့မြင်ခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ အာဆင်နယ်တိုက်စစ်မှာ တကယ်လည်း အတွဲညီခဲ့ပြီး ဟင်နရီက ဂိုးသွင်းတာဝန်ယူကာ ဘားကမ့်က ဂိုးဖန်တီးတာဝန်ယူခဲ့တာပါ။

ဒါကြောင့်လည်း ဟင်နရီက သူနဲ့တွဲကစားခဲ့ဖူးသူတွေထဲမှာ အကောင်းဆုံးက ဒင်းနစ်ဘားကမ့်ပါလို့ မတုံ့မဆိုင်းပြောခဲ့တာပါ။

ဘားကမ့်ဟာ ၁၉၉၅ ခုနှစ်မှာ အာဆင်နယ်ကို ရောက်လာခဲ့တာဖြစ်ပြီး နောက် ၄ နှစ်ကြာမှ မိုနာကိုမှာ ဝင်းဂါးလက်အောက်ကစားဖူးတဲ့ဟင်နရီက ရောက်လာခဲ့တာပါ။

အဲဒီအေဂျက်ကစားသမားဟောင်းဟာ ၂၀၀၆ မှာ အနားယူမသွားခင် အာဆင်နယ်မှာ အောင်မြင်တဲ့ ၁၁ နှစ်ကြာကာလကို ဖြတ်သန်းနိုင်ခဲ့ပြီး

၂၀၀၂ ခုနှစ်က နယူးကာဆယ်ကို သွင်းယူခဲ့တဲ့သူ့ရဲ့ဂိုးဟာ ၂၀၁၇ မှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးဂိုးအဖြစ် မဲပေးရွေးချယ်ခံခဲ့ရတာပါ။

ဟင်နရီနဲ့ဘားကမ့်တို့ဟာ အာဆင်နယ်မှာ ပရီးမီးယားလိဂ်ဆုဖလား နှစ်ကြိမ် အတူတကွရရှိခဲ့ကြပြီး အာဆင်နယ်ကွင်းဟောင်းဘိုက်ဘူရီက သူတို့နှစ်ယောက်ရဲ့ ၇ နှစ်တာကာလမှာ အက်ဖ်အေဖလား ၃ ကြိမ်လည်း ရရှိခဲ့ပါတယ်။

ဟင်နရီဟာ ၂၀၀၇ ရောက်မှာ အဲဒီမြောက်လန်ဒန်ကလပ်ကနေထွက်ခွာပြီး ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သူနဲ႔တြဲကစားဖူးသူေတြထဲက အေကာင္းဆုံးကို ဟင္နရီမတုံ႔မဆိုင္းဖြင့္ဟ (မက္ဆီေတာ့ မဟုတ္)

အာဆင္နယ္ဂႏၴဝင္တိုက္စစ္မႈးေဟာင္းျဖစ္တဲ့သီယာရီဟင္နရီဟာ သူ႔ရဲ႕ကစားသမားဘဝမွာ ေဘာလုံးေလာကရဲ႕အႀကီးက်ယ္ဆုံးကစားသမားေတြထဲက အခ်ိဳ႕နဲ႔တြဲကစားခြင့္ရခဲ့ပါတယ္။

သူဟာ ဘာစီလိုနာမွာ မက္ဆီနဲ႔တြဲကစားခဲ့သလို ၂၀၀၀ ျပည့္အလယ္ပိုင္းရဲ႕အေစာပိုင္းႏွစ္ေတြမွာလည္း လက္ေ႐ြးစင္အသင္းႀကီးမွာ ဇီဒန္းနဲ႔ကစားခြင့္ရခဲ့ပါတယ္။

ကစားသမားဘဝတစ္ေလွ်ာက္ တြဲကစားခဲ့ဖူးသူေတြထဲမွာ ဘယ္သူကအေကာင္းဆုံးလဲလု႔ိ ဟင္နရီကိုေမးေတာ့ မက္ဆီေရာ ဇီဒန္းပါ မဟုတ္ခဲ့ပါဘူး။

အဲဒီအစား ဟင္နရီဟာ သူ႔ရဲ႕အာဆင္နယ္အသင္းေဖာ္ေဟာင္းတစ္ေယာက္ကိုသာ ေ႐ြးခ်ယ္ခဲ့ပါတယ္။

၁၉၉၉ ခုႏွစ္မွာ အာဆင္နယ္ကို သူစေရာက္ေတာ့ ဟင္နရီဟာ ဒင္းနစ္ဘားကမ့္ရဲ႕ကြဲျပားျခားနားတဲ့ေျခစြမ္းကို ေတြ႕ျမင္ခဲ့ပါတယ္။

သူတို႔ႏွစ္ေယာက္ဟာ အာဆင္နယ္တိုက္စစ္မွာ တကယ္လည္း အတြဲညီခဲ့ၿပီး ဟင္နရီက ဂိုးသြင္းတာဝန္ယူကာ ဘားကမ့္က ဂိုးဖန္တီးတာဝန္ယူခဲ့တာပါ။

ဒါေၾကာင့္လည္း ဟင္နရီက သူနဲ႔တြဲကစားခဲ့ဖူးသူေတြထဲမွာ အေကာင္းဆုံးက ဒင္းနစ္ဘားကမ့္ပါလို႔ မတုံ႔မဆိုင္းေျပာခဲ့တာပါ။

ဘားကမ့္ဟာ ၁၉၉၅ ခုႏွစ္မွာ အာဆင္နယ္ကို ေရာက္လာခဲ့တာျဖစ္ၿပီး ေနာက္ ၄ ႏွစ္ၾကာမွ မိုနာကိုမွာ ဝင္းဂါးလက္ေအာက္ကစားဖူးတဲ့ဟင္နရီက ေရာက္လာခဲ့တာပါ။

အဲဒီေအဂ်က္ကစားသမားေဟာင္းဟာ ၂၀၀၆ မွာ အနားယူမသြားခင္ အာဆင္နယ္မွာ ေအာင္ျမင္တဲ့ ၁၁ ႏွစ္ၾကာကာလကို ျဖတ္သန္းႏိုင္ခဲ့ၿပီး ၂၀၀၂ ခုႏွစ္က နယူးကာဆယ္ကို သြင္းယူခဲ့တဲ့သူ႔ရဲ႕ဂိုးဟာ ၂၀၁၇ မွာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးဂိုးအျဖစ္ မဲေပးေ႐ြးခ်ယ္ခံခဲ့ရတာပါ။

ဟင္နရီနဲ႔ဘားကမ့္တို႔ဟာ အာဆင္နယ္မွာ ပရီးမီးယားလိဂ္ဆုဖလား ႏွစ္ႀကိမ္ အတူတကြရရွိခဲ့ၾကၿပီး အာဆင္နယ္ကြင္းေဟာင္းဘိုက္ဘူရီက သူတို႔ႏွစ္ေယာက္ရဲ႕ ၇ ႏွစ္တာကာလမွာ အက္ဖ္ေအဖလား ၃ ႀကိမ္လည္း ရရွိခဲ့ပါတယ္။

ဟင္နရီဟာ ၂၀၀၇ ေရာက္မွာ အဲဒီေျမာက္လန္ဒန္ကလပ္ကေနထြက္ခြာၿပီး ဘာစီလိုနာကို ေျပာင္းေ႐ႊ႕ခဲ့တာပါ။