သူတု႔ိၾကားက ပထမဆုံးမက္ဒရစ္ဒါဘီမွာ ဟာဇတ္ကို တိတ္ဆိတ္ႏိုင္ေစခဲ့တဲ့ ထရစ္ပီယာ

photo-sky sports

photo-gettyimages

ပရိသတ္ေတြက စေနညက ကစားသြားခဲ့တဲ့မက္ဒရစ္ဒါဘီပြဲကို အေတာ္ေလးေမွ်ာ္လင့္ခ့ဲၾကေပမယ့္ ေျခစြမ္းနဲ႔အရည္အေသြးအရ ထင္သလုိျဖစ္မလာခဲ့ပါဘူး။ အက္သလက္တီကိုတုိက္စစ္ကို ေကာ္စတာနဲ႔ဂ်ာအိုဖိလစ္တုိ႔ဦးေဆာင္ခဲ့ၾကၿပီး ရီးရဲလ္ကလည္း တုိက္စစ္မွာ ဘင္ဇီမာ၊ဂါရတ္ေဘးလ္၊ဟာဇတ္တို႔နဲ႔ပြဲထြက္လာခဲ့ေပမယ့္ ဂိုးမရွိသေရနဲ႔သာ အဆုံးသတ္ခဲ့တာပါ။ ကြင္းထဲမွာေတာ့ ျပင္းထန္တဲ့ၿပိဳင္ဆိုင္မႈေတြရွိခဲ့ပါတယ္။ အဲဒီထဲမွာ ထရစ္ပီယာနဲ႔ဟာဇတ္တုိ႔ၾကားက ေတြ႕ဆုံမႈဟာ ထူးထူးျခားျခားစိတ္၀င္စားစရာေကာင္းခဲ့ပါတယ္။

photo-gettyimages

ႏွစ္ေယာက္စလုံးဟာ ပရီးမီးယားလိဂ္မွာ ၄ ႏွစ္ၾကာတိုင္ တစ္ေယာက္နဲ႔တစ္ေယာက္ရင္ဆိုင္ခဲ့ဖူးၾကၿပီး သူတို႔ၾကားက ပထမဆုံးမက္ဒရစ္ဒါဘီပြဲလည္း ျဖစ္ခဲ့တာပါ။ ေပါင္ သန္း ၂၀ နဲ႔ စပါးကေန ေျပာင္းလာတဲဲ့ထရစ္ပီယာဟာ အက္သလက္တီကိုရဲ႕ညာေနာက္ခံေနရာက ပြဲထြက္လာၿပီး ခ်ဲလ္ဆီးကေန ယူရိုသန္း ၁၀၀ နဲ႔ ေျပာင္းလာတဲ့ဟာဇတ္ကေတာ့ ရီးရဲလ္ရဲဲ႕ဘယ္ေတာင္ပံတိုက္စစ္က ပြဲထြက္လာတာေၾကာင့္ တစ္ဖက္ျခမး္ထဲမွာ တိုက္ရုိက္ရင္ဆုိင္ခဲ့ၾကရၿပီး ထရစ္ပီယာက ဟာဇတ္က တိတ္ဆိတ္ႏိုင္ေစခဲ့ပါတယ္။

photo-gettyimages

မက္ဒရစ္ဒါဘီရဲ႕ပထမပိုင္းမွာ ထရစ္ပီယာက လိမ္ေခါက္ဖုိ႔ႀကိဳးပမ္းမႈ ၂ ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ေပမယ့္ ဟာဇတ္ကေတာ့ တစ္ႀကိမ္သာလုပ္ႏိုင္ခဲ့တာပါ။ ဒါ့အျပင္ အဲဒီပြဲက ေပးပို႔မႈတိက်ႏႈန္းမွာ ထရစ္ပီယာက ၈၆ ရာခုိင္ႏႈနး္ရွိခဲ့ၿပီး ဟာဇတ္ကေတာ့ ၇၇ ရာခုိင္ႏႈနး္သာ ရွိခဲ့တာပါ။ ေနာက္ၿပီး ထရစ္ပီယာဟာ ပြဲခ်ိန္အတြင္းမွာ  ေဘာလုံးထိခ်က္ ၇၈ ခ်က္ရွိခဲ့ၿပီး ဟာဇတ္ထက္ ၂၄ ခ်က္ပိုပါတယ္။ ဟာဇတ္ရဲ႕အရည္အေသြးပုိင္းက ေမးခြန္းထုတ္စရာမရွိေပမယ့္ ထရစ္ပီယာနဲ႔ရင္ဆိုင္ခဲ့ရလို႔ ဘယ္လုိကန္သြင္းခ်က္မွ တစ္ခ်က္ေတာင္ မလုပ္ႏိုင္ခဲ့ပါဘူး။ ဒါေၾကာင့္လည္း ဟာဇတ္ဟာ ၇၇ မိနစ္အေရာက္မွာ ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္နဲ႔လူစားလဲခံခဲ့ရတာပါ။ ႏွစ္ေပါင္း ၉၅ ႏွစ္အတြင္း အက္သလက္တီကိုရဲ႕ပထမဆုံးအဂၤလိပ္ကစားသမားျဖစ္တဲ့ထရစ္ပီယာဟာ အသင္းသစ္မွာ ဆက္လက္ေျခစြမ္းျပေနေပမယ့္ ဟာဇတ္ကေတာ့ ဒီရာသီ ရီးရဲလ္အတြက္ ၄ ပြဲမွာ သြင္းဂိုးေရာ ဂိုးဖန္တီးမႈပါ တစ္ခုမွမရွိေသးပါဘူး။

[Unicode]

ပရိသတ်တွေက စနေညက ကစားသွားခဲ့တဲ့မက်ဒရစ်ဒါဘီပွဲကို အတော်လေးမျှော်လင့်ခဲ့ကြပေမယ့် ခြေစွမ်းနဲ့အရည်အသွေးအရ ထင်သလိုဖြစ်မလာခဲ့ပါဘူး။ အက်သလက်တီကိုတိုက်စစ်ကို ကော်စတာနဲ့ဂျာအိုဖိလစ်တို့ဦးဆောင်ခဲ့ကြပြီး ရီးရဲလ်ကလည်း တိုက်စစ်မှာ ဘင်ဇီမာ၊ဂါရတ်ဘေးလ်၊ဟာဇတ်တို့နဲ့ပွဲထွက်လာခဲ့ပေမယ့် ဂိုးမရှိသရေနဲ့သာ အဆုံးသတ်ခဲ့တာပါ။ ကွင်းထဲမှာတော့ ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေရှိခဲ့ပါတယ်။ အဲဒီထဲမှာ ထရစ်ပီယာနဲ့ဟာဇတ်တို့ကြားက တွေ့ဆုံမှုဟာ ထူးထူးခြားခြားစိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။

နှစ်ယောက်စလုံးဟာ ပရီးမီးယားလိဂ်မှာ ၄ နှစ်ကြာတိုင် တစ်ယောက်နဲ့တစ်ယောက်ရင်ဆိုင်ခဲ့ဖူးကြပြီး သူတို့ကြားက ပထမဆုံးမက်ဒရစ်ဒါဘီပွဲလည်း ဖြစ်ခဲ့တာပါ။ ပေါင် သန်း ၂၀ နဲ့ စပါးကနေ ပြောင်းလာတဲ့ထရစ်ပီယာဟာ အက်သလက်တီကိုရဲ့ညာနောက်ခံနေရာက ပွဲထွက်လာပြီး ချဲလ်ဆီးကနေ ယူရိုသန်း ၁၀၀ နဲ့ ပြောင်းလာတဲ့ဟာဇတ်ကတော့ ရီးရဲလ်ရဲ့ဘယ်တောင်ပံတိုက်စစ်က ပွဲထွက်လာတာကြောင့် တစ်ဖက်ခြမ်းထဲမှာ တိုက်ရိုက်ရင်ဆိုင်ခဲ့ကြရပြီး ထရစ်ပီယာက ဟာဇတ်က တိတ်ဆိတ်နိုင်စေခဲ့ပါတယ်။

မက်ဒရစ်ဒါဘီရဲ့ပထမပိုင်းမှာ ထရစ်ပီယာက လိမ်ခေါက်ဖို့ကြိုးပမ်းမှု ၂ ကြိမ်ပြုလုပ်နိုင်ခဲ့ပေမယ့် ဟာဇတ်ကတော့ တစ်ကြိမ်သာလုပ်နိုင်ခဲ့တာပါ။ ဒါ့အပြင် အဲဒီပွဲက ပေးပို့မှုတိကျနှုန်းမှာ ထရစ်ပီယာက ၈၆ ရာခိုင်နှုန်းရှိခဲ့ပြီး ဟာဇတ်ကတော့ ၇၇ ရာခိုင်နှုန်းသာ ရှိခဲ့တာပါ။ နောက်ပြီး ထရစ်ပီယာဟာ ပွဲချိန်အတွင်းမှာ  ဘောလုံးထိချက် ၇၈ ချက်ရှိခဲ့ပြီး ဟာဇတ်ထက် ၂၄ ချက်ပိုပါတယ်။ ဟာဇတ်ရဲ့အရည်အသွေးပိုင်းက မေးခွန်းထုတ်စရာမရှိပေမယ့် ထရစ်ပီယာနဲ့ရင်ဆိုင်ခဲ့ရလို့ ဘယ်လိုကန်သွင်းချက်မှ တစ်ချက်တောင် မလုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း ဟာဇတ်ဟာ ၇၇ မိနစ်အရောက်မှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်နဲ့လူစားလဲခံခဲ့ရတာပါ။ နှစ်ပေါင်း ၉၅ နှစ်အတွင်း အက်သလက်တီကိုရဲ့ပထမဆုံးအင်္ဂလိပ်ကစားသမားဖြစ်တဲ့ထရစ်ပီယာဟာ အသင်းသစ်မှာ ဆက်လက်ခြေစွမ်းပြနေပေမယ့် ဟာဇတ်ကတော့ ဒီရာသီ ရီးရဲလ်အတွက် ၄ ပွဲမှာ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ တစ်ခုမှမရှိသေးပါဘူး။