သူတို့သမိုင်းမှာ ပထမဆုံးအကြိမ် ၃ ပွဲဆက်ဂိုးသွင်းနိုင်ခဲ့လို့ ဖလားရသလို အောင်ပွဲခံတဲ့ ကမ္ဘာ့အဆင့်အနိမ့်ဆုံးအသင်း

တနင်္လာညက ကစားခဲ့တဲ့ ဖင်လန်နဲ့ယူရိုခြေစစ်ပွဲမှာ ဆန်မာရီနိုဟာ

နှစ်သိမ့်ချေပဂိုးရတော့ ဖလားရသလို အောင်ပွဲခံခဲ့ပါတယ်။

၂-၀ နဲ့ ပြီးတော့မယ်လို့ ထင်ရတဲ့အဲဒီပွဲမှာ နာကျင်အချိန်ပို ၉၇ မိနစ်ရောက်တော့

အိမ်ရှင်ဆန်မာရီနိုဟာ ပင်နယ်တီကန်ခွင့်ရခဲ့တာပါ။

အဲဒီပင်နယ်တီကို ချေပဂိုးတစ်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီးနောက်မှာတော့

ဆန်မာရီနိုကစားသမားတွေဟာ အကြီးအကျယ်အောင်ပွဲခံခဲ့ကြပါတယ်။

ဘာကြောင့်လဲဆိုတော့ သူတို့အသင်းသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ၃ ပွဲဆက်ဂိုးသွင်းနိုင်ခဲ့လို့ပါ။

ဒီ့အရင် ရှေ့နှစ်ပွဲဖြစ်တဲ့ ကာဇက်စတန်၊ ဒိန်းမတ်တို့နဲ့ပွဲမှာလည်း ဆန်မာရီနိုဟာ ချေပဂိုးတစ်ဂိုးစီသွင်းယူနိုင်ခဲ့တာပါ။

ပွဲတိုင်းရှုံးနေပေမယ့် ၃ ပွဲဆက်ဂိုးသွင်းနိုင်တယ်ဆိုတာ ဆန်မာရီနိုအတွက် မဟာအောင်မြင်မှုကြီးတစ်ခုဖြစ်နေပါတယ်။

နိုင်ငံလူဦးရေ ၃ သောင်းကျော်ပဲရှိလို့ ဆန်မာရီနိုဟာ

ယူအီးအက်ဖ်အေအဖွဲ့ဝင်နိုင်ငံတွေထဲမှာ အသေးငယ်ဆုံးအသင်းလည်း ဖြစ်နေတာပါ။

ဒါ့အပြင် ဆန်မာရီနိုဟာ ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ၂၀၇ နဲ့ အနိမ့်ဆုံးအသင်း ဖြစ်ပါတယ်။

အဲဒါကြောင့်လည်း ကမ္ဘာ့အဆိုးဆုံးအသင်းအဖြစ် မကြာခဏသမုတ်ခံရတာပါ။

ဆန်မာရီနိုအသင်းသမိုင်းမှာလည်း ပြိုင်ပွဲအသွင် နိုင်ပွဲတစ်ပွဲမှ မရှိသေးပါဘူး။

သူတို့အသင်းသမိုင်းမှာလည်း တစ်ပွဲသာနိုင်ဖူးပြီး အဲဒါက ၂၀၀၄ ခုနှစ်က

လက်ချင်စတိန်းနဲ့ခြေစမ်းပွဲမှာ ၁-၀ နဲ့ နိုင်ခဲ့တာ ဖြစ်ပါတယ်။