သူငယ်ချင်း ရော်နယ်ဒိုရဲ့ ပွဲဦးထွက်ကို သွားရောက် အားပေးဖို့ မဖြစ်နိုင်တော့တဲ့ ဝိန်းရွန်းနီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရော်နယ်ဒို နဲ့ ရွန်းနီ တို့ဟာ ယူနိုက်တက် အသင်းမှာ အတွဲဖက်ညီညီခြေစွမ်းပြသခဲ့တာဖြစ်ပြီး (၂၀၀၆) ကနေ (၂၀၀၉) အထိ အမှတ်ပေးဖလား(၃)နှစ်ဆက်တိုက်ရရှိခဲ့တာဖြစ်ကာ (၂၀၀၇-၀၈) ရာသီမှာလည်း ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါဘီအသင်းနည်းပြရွန်းနီကသူ့ရဲ့အသင်းဖေါ်ဟောင်းရော်နယ်ဒိုရဲ့ယူနိုက်တက် တကြော့ပြန်အဖွင့်ပွဲစဉ်ကိုလာရောက်ကြည့်ရှုမှာမဟုတ်ဘူးလို့ဆိုလိုက်ပါတယ်။

ဒါဘီကောင်တီအသင်းဟာသောကြာနေ့မှာချန်ပီယံရှစ်ပွဲစဉ်ကိုယှဉ်ပြိုင်ရမှာဖြစ်တာကြောင့်နည်းပြရွန်းနီအနေနဲ့စနေနေ့မှာတိုက်တိုက်ဆိုင်ဆိုင်အားလပ်ရက်ရရှိနေတာကြောင့်မီဒီယာတွေက သူငယ်ချင်းဟောင်းရဲ့အဖွင့်ပွဲစဉ်ကိုသွားရောက်အားပေးမှာလားမေးမြန်းခဲ့တာပါ။

စနေနေ့ညမှာ ယူနိုက်တက်ဟာ နယူးကာဆယ်နဲ့ ယှဉ်ပြိုင်မှာဖြစ်ပြီး၊ အဲဒီပွဲမှာရော်နယ်ဒို ပထမဆုံး ပွဲထွက်ကစားနိုင်ပါတယ်။

နည်းပြကြီးဆာအဲလက်စ်က အထူးတန်းကနေ လာရောက်ကြည့်မှာ ဖြစ်ပေမယ့် ရွန်းနီကတော့ သားတွေ အတွက် အချိန်ပေးမှာ ဖြစ်တဲ့ အတွက် ကွင်းထဲရောက်လာမှာ မဟုတ်ပါဘူး။

ရွန်းနီက”အဲဒီနေ့မှာ ကျွန်တော့် သားနှစ်ယောက်ရဲ့ ကစားပွဲ အစီအစဉ်တွေရှိတယ်။

ဒါကြောင့် သူတို့အတွက် အချိန်ပေးရပါမယ်။

ကျွန်တော်သူတို့အတွက် ကားမောင်းပြီး လိုက်ပို့၊ လိုက်ကြိုစရာရှိလို့ ရော်နယ်ဒိုကို လာအားပေးနိုင်မှာ မဟုတ်ပါဘူး။”

“ယူနိုက်တက် အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ အားပေးနေမှာပါ။

ရော်နယ်ဒို ရောက်လာတာက သူတို့အတွက် ကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ကို ရလိုက်တာပါ။

သူက ဒီရာသီမှာ အရေးပါတဲ့နေရာက ပါဝင်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။

နောက်ပြီး သူက သွင်းဂိုးတွေအများကြီး သွင်းယူပေးပါလိမ့်မယ်။”လို့ ပြောဆိုထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သူငယ္ခ်င္း ေရာ္နယ္ဒိုရဲ႕ ပြဲဦးထြက္ကို သြားေရာက္ အားေပးဖို႔ မျဖစ္ႏိုင္ေတာ့တဲ့ ဝိန္း႐ြန္းနီ

ေရာ္နယ္ဒို နဲ႔ ႐ြန္းနီ တို႔ဟာ ယူႏိုက္တက္ အသင္းမွာ အတြဲဖက္ညီညီေျခစြမ္းျပသခဲ့တာျဖစ္ၿပီး (၂၀၀၆) ကေန (၂၀၀၉) အထိ အမွတ္ေပးဖလား(၃)ႏွစ္ဆက္တိုက္ရရွိခဲ့တာျဖစ္ကာ (၂၀၀၇-၀၈) ရာသီမွာလည္း ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါဘီအသင္းနည္းျပ႐ြန္းနီကသူ႔ရဲ႕အသင္းေဖၚေဟာင္းေရာ္နယ္ဒိုရဲ႕ယူႏိုက္တက္ တေၾကာ့ျပန္အဖြင့္ပြဲစဥ္ကိုလာေရာက္ၾကည့္ရႈမွာမဟုတ္ဘူးလို႔ဆိုလိုက္ပါတယ္။ဒါဘီေကာင္တီအသင္းဟာေသာၾကာေန႔မွာခ်န္ပီယံရွစ္ပြဲစဥ္ကိုယွဥ္ၿပိဳင္ရမွာျဖစ္တာေၾကာင့္နည္းျပ႐ြန္းနီအေနနဲ႔စေနေန႔မွာတိုက္တိုက္ဆိုင္ဆိုင္အားလပ္ရက္ရရွိေနတာေၾကာင့္မီဒီယာေတြက သူငယ္ခ်င္းေဟာင္းရဲ႕အဖြင့္ပြဲစဥ္ကိုသြားေရာက္အားေပးမွာလားေမးျမန္းခဲ့တာပါ။

စေနေန႔ညမွာ ယူႏိုက္တက္ဟာ နယူးကာဆယ္နဲ႔ ယွဥ္ၿပိဳင္မွာျဖစ္ၿပီး၊ အဲဒီပြဲမွာေရာ္နယ္ဒို ပထမဆုံး ပြဲထြက္ကစားႏိုင္ပါတယ္။ နည္းျပႀကီးဆာအဲလက္စ္က အထူးတန္းကေန လာေရာက္ၾကည့္မွာ ျဖစ္ေပမယ့္ ႐ြန္းနီကေတာ့ သားေတြ အတြက္ အခ်ိန္ေပးမွာ ျဖစ္တဲ့ အတြက္ ကြင္းထဲေရာက္လာမွာ မဟုတ္ပါဘူး။

႐ြန္းနီက”အဲဒီေန႔မွာ ကြၽန္ေတာ့္ သားႏွစ္ေယာက္ရဲ႕ ကစားပြဲ အစီအစဥ္ေတြရွိတယ္။ ဒါေၾကာင့္ သူတို႔အတြက္ အခ်ိန္ေပးရပါမယ္။ ကြၽန္ေတာ္သူတို႔အတြက္ ကားေမာင္းၿပီး လိုက္ပို႔၊ လိုက္ႀကိဳစရာရွိလို႔ ေရာ္နယ္ဒိုကို လာအားေပးႏိုင္မွာ မဟုတ္ပါဘူး။”

“ယူႏိုက္တက္ အေကာင္းဆုံး ယွဥ္ၿပိဳင္ႏိုင္ဖို႔ အားေပးေနမွာပါ။ ​ေရာ္နယ္ဒို ေရာက္လာတာက သူတို႔အတြက္ ​ေကာင္းမြန္တဲ့ ကစားသမားတစ္ေယာက္ကို ရလိုက္တာပါ။ သူက ဒီရာသီမွာ အေရးပါတဲ့ေနရာက ပါဝင္လာလိမ့္မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ေနာက္ၿပီး သူက သြင္းဂိုးေတြအမ်ားႀကီး သြင္းယူေပးပါလိမ့္မယ္။”လို႔ ​ေျပာဆိုထားပါတယ္။