
photo-the sun
photo-gettyimages
လီဗာပူးတိုက္စစ္မႈးအိုရီဂီဟာ မၾကာခဏဂိုးသြင္းတတ္သူေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ သူဂိုးသြင္းလိုက္ၿပီဆိုရင္ သူသြငး္တာခံလိုက္ရတဲ့ၿပိဳင္ဘက္ဟာ မေ၀းေတာ့တဲ့အနာဂါတ္မွာ ဒုကၡေရာက္ေတာ့တာပါပဲ။ အဲဒါဟာ အခုဆုိရင္ က်ိန္စာတစ္ခုလိုေတာင္ ျဖစ္လာပါတယ္။ ၿပီးခဲ့တဲ့ရာသီခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္နဲ႔ဗုိလ္လုပြဲေတြမွာ သူဂုိးသြငး္တာခံခဲ့ရတဲ့ ဘာစီလုိနာနဲ႔စပါးတို႔ဟာ အဲဒီရဲ႕အက်ိဳးဆက္ကုိ ဒီရာသီအစမွာ ခံစားေနရပါတယ္။
photo-gettyimages
တိတိက်က်ေျပာရရင္ ၿပီးခဲ့တဲ့ရာသီသူဂိုးသြင္းတာခံခဲ့ရတဲ့ အသင္း ၆ သင္းဟာ အခုရာသီမွာ တာထြက္မေကာင္းခဲ့ၾကပါဘူး။ ဒီလိုပဲ အရင္ရာသီေတြက သူဂိုးသြင္းတာခံခဲ့ရတဲ့ အသင္း ၅ သင္းဟာလည္း တန္းဆင္းခဲ့ရပါတယ္။ ဘာစီလုိနာဆုိရင္ အိုရီဂီဂိုးသြင္းတာခံခဲ့ရၿပီးကတည္းက စပိန္ဘုရင့္ဖလားဗိုလ္လုပြဲရႈံးခဲ့ရၿပီး ဒီရာသီလာလီဂါဦးဆုံး ၆ ပြဲမွာလည္း ၃ ပြဲသာႏိုင္ခဲ့ကာ ထိပ္ဆုံးေရာက္ရီးရဲလ္နဲ႔ ၄ မွတ္ကြာဟေနပါတယ္။ စပါးရဲ႕မၾကာေသးခင္ ရလဒ္ပိုင္းဆိုးရြားမႈဟာ နည္းျပပိုခ်က္တီႏိုနဲ႔ကြင္းလယ္လူအဲရစ္ဆင္တို႔ေၾကာင့္လုိ႔ ဆိုေနၾကေပမယ့္ တကယ္တမ္းက ၿပီးခဲ့တဲ့ရာသီခ်န္ပီယံလိဂ္ဗုိလ္လုပြဲမွာ အုိရီဂီဂိုးသြင္းတာ ခံခဲ့ရတာေၾကာင့္လုိ႔ ထင္စရာရွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အိုရီဂီဂုိးသြင္းတာခံခဲ့ရၿပီးကတည္းက စပါးဟာ ဒီရာသီမွာ ၂ ပြဲသာအႏိုင္ရေသးၿပီး ခ်န္ပီယံလိဂ္မွာ အိုလံပီယာကို႔စ္ကို သေရက်ကာ အဂၤလန္လိဂ္ဖလားမွာ ေအာက္တန္းအသင္းငယ္ေလးကိုလ္ခ်က္စတာကို ပင္နယ္တီအဆုံးအျဖတ္နဲ႔ရႈံးၿပီး ၿပိဳင္ပြဲက ထြက္ခဲ့ရပါတယ္။
photo-gettyimages
ၿပီးခဲ့တဲ့ရာသီမွာ အုိရီဂီဂိုးသြင္းခဲ့တဲ့၀ုဗ္ဟာလည္း ထိပ္ဆုံး ၆ ေနရာစိန္ေခၚႏိုင္တဲ့အသင္းအျဖစ္ကေန အခုေတာ့ ပရီးမီးယားလိဂ္မွာ အဆင့္ ၁၉ ေနရာေရာက္ေနပါတယ္။ နယူးကာဆယ္ရဲ႕အေျခအေနဆုိုးေနမႈဟာ ဘင္နီတက္ဇ္မရွိေတာ့တာေၾကာင့္လုိ႔ ထင္ေနၾကေပမယ့္ ၿပီးခဲ့တဲ့ရာသီမွာ သူတို႔ဘက္ကို အိုရီဂီဂိုးသြင္းခဲ့တာ ေမ့ထားလို႔မရဘဲ လက္ရွိမွာ နယူးကာဆယ္ဟာ တန္းဆင္းဇုန္နဲ႔ ၁ မွတ္သာကြာပါတယ္။ ေလာေလာဆယ္ အဲဗာတန္နည္းျပမာကိုေဆးလ္ဗာဟာ ေနာက္အထုတ္ခံရမယ့္ပရီးမီးယားလိဂ္နည္းျပအျဖစ္ ေရးပန္းအစားဆုံးျဖစ္ေနၿပီး ဒါကလည္း ၿပီးခဲ့တဲဲ့ရာသီမာေဆးဆိုက္ဒါဘီမွာ အိုရီဂီသြင္းခဲ့တဲ့ ေနာက္က်အႏိုင္ဂိုးရဲ႕ေနာက္ဆက္တြဲျဖစ္မွာပါ။ ၂၀၁၆-၁၇ ရာသီမွာ အုိရီဂီဂိုးသြင္းတာခံရတဲ့ ဆန္းဒါးလန္းနဲ႔ မစ္ဒယ္ဘေရာ့တို႔ႏွစ္သင္းစလုံး တန္းဆင္းခဲ့ရပါတယ္။ ၂၀၁၅-၁၆ ရာသီမွာ တန္းဆင္းခ့ဲရတဲ့၀က္စ္ဘရြန္း၊စတုတ္စီးတီးနဲ႔အက္စ္တြန္ဗီလာတို႔ ၃ သင္းစလုံးဟာ အိုရီဂီဂိုးသြင္းတာခံခဲ့ရတဲ့အသင္းေတြပါ။
[Unicode]
လီဗာပူးတိုက်စစ်မှုးအိုရီဂီဟာ မကြာခဏဂိုးသွင်းတတ်သူတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူဂိုးသွင်းလိုက်ပြီဆိုရင် သူသွင်းတာခံလိုက်ရတဲ့ပြိုင်ဘက်ဟာ မဝေးတော့တဲ့အနာဂါတ်မှာ ဒုက္ခရောက်တော့တာပါပဲ။ အဲဒါဟာ အခုဆိုရင် ကျိန်စာတစ်ခုလိုတောင် ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ် ဆီမီးဖိုင်နယ်နဲ့ဗိုလ်လုပွဲတွေမှာ သူဂိုးသွင်းတာခံခဲ့ရတဲ့ ဘာစီလိုနာနဲ့စပါးတို့ဟာ အဲဒီရဲ့အကျိုးဆက်ကို ဒီရာသီအစမှာ ခံစားနေရပါတယ်။
တိတိကျကျပြောရရင် ပြီးခဲ့တဲ့ရာသီသူဂိုးသွင်းတာခံခဲ့ရတဲ့ အသင်း ၆ သင်းဟာ အခုရာသီမှာ တာထွက်မကောင်းခဲ့ကြပါဘူး။ ဒီလိုပဲ အရင်ရာသီတွေက သူဂိုးသွင်းတာခံခဲ့ရတဲ့ အသင်း ၅ သင်းဟာလည်း တန်းဆင်းခဲ့ရပါတယ်။ ဘာစီလိုနာဆိုရင် အိုရီဂီဂိုးသွင်းတာခံခဲ့ရပြီးကတည်းက စပိန်ဘုရင့်ဖလားဗိုလ်လုပွဲရှုံးခဲ့ရပြီး ဒီရာသီလာလီဂါဦးဆုံး ၆ ပွဲမှာလည်း ၃ ပွဲသာနိုင်ခဲ့ကာ ထိပ်ဆုံးရောက်ရီးရဲလ်နဲ့ ၄ မှတ်ကွာဟနေပါတယ်။ စပါးရဲ့မကြာသေးခင် ရလဒ်ပိုင်းဆိုးရွားမှုဟာ နည်းပြပိုချက်တီနိုနဲ့ကွင်းလယ်လူအဲရစ်ဆင်တို့ကြောင့်လို့ ဆိုနေကြပေမယ့် တကယ်တမ်းက ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အိုရီဂီဂိုးသွင်းတာ ခံခဲ့ရတာကြောင့်လို့ ထင်စရာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အိုရီဂီဂိုးသွင်းတာခံခဲ့ရပြီးကတည်းက စပါးဟာ ဒီရာသီမှာ ၂ ပွဲသာအနိုင်ရသေးပြီး ချန်ပီယံလိဂ်မှာ အိုလံပီယာကို့စ်ကို သရေကျကာ အင်္ဂလန်လိဂ်ဖလားမှာ အောက်တန်းအသင်းငယ်လေးကိုလ်ချက်စတာကို ပင်နယ်တီအဆုံးအဖြတ်နဲ့ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ အိုရီဂီဂိုးသွင်းခဲ့တဲ့ဝုဗ်ဟာလည်း ထိပ်ဆုံး ၆ နေရာစိန်ခေါ်နိုင်တဲ့အသင်းအဖြစ်ကနေ အခုတော့ ပရီးမီးယားလိဂ်မှာ အဆင့် ၁၉ နေရာရောက်နေပါတယ်။ နယူးကာဆယ်ရဲ့အခြေအနေဆိုးနေမှုဟာ ဘင်နီတက်ဇ်မရှိတော့တာကြောင့်လို့ ထင်နေကြပေမယ့် ပြီးခဲ့တဲ့ရာသီမှာ သူတို့ဘက်ကို အိုရီဂီဂိုးသွင်းခဲ့တာ မေ့ထားလို့မရဘဲ လက်ရှိမှာ နယူးကာဆယ်ဟာ တန်းဆင်းဇုန်နဲ့ ၁ မှတ်သာကွာပါတယ်။ လောလောဆယ် အဲဗာတန်နည်းပြမာကိုဆေးလ်ဗာဟာ နောက်အထုတ်ခံရမယ့်ပရီးမီးယားလိဂ်နည်းပြအဖြစ် ရေးပန်းအစားဆုံးဖြစ်နေပြီး ဒါကလည်း ပြီးခဲ့တဲ့ရာသီမာဆေးဆိုက်ဒါဘီမှာ အိုရီဂီသွင်းခဲ့တဲ့ နောက်ကျအနိုင်ဂိုးရဲ့နောက်ဆက်တွဲဖြစ်မှာပါ။ ၂၀၁၆-၁၇ ရာသီမှာ အိုရီဂီဂိုးသွင်းတာခံရတဲ့ ဆန်းဒါးလန်းနဲ့ မစ်ဒယ်ဘရော့တို့နှစ်သင်းစလုံး တန်းဆင်းခဲ့ရပါတယ်။ ၂၀၁၅-၁၆ ရာသီမှာ တန်းဆင်းခဲ့ရတဲ့ဝက်စ်ဘရွန်း၊စတုတ်စီးတီးနဲ့အက်စ်တွန်ဗီလာတို့ ၃ သင်းစလုံးဟာ အိုရီဂီဂိုးသွင်းတာခံခဲ့ရတဲ့အသင်းတွေပါ။