သူခေါ်ယူဖို့ပစ်မှတ်ထားတဲ့ ကစားသမားကို ကိုယ်တိုင်သွားတွေ့ခဲ့တဲ့နည်းပြဆိုးလ်ရှား

photo internet

လာမယ့်နှစ်စမှာ ကစားသမားအပြောင်းအရွှေ့တွေလုပ်ဖို့ ကလပ်အသင်းတွေ ခုကတည်းက ပြင်ဆင်နေကြပါပြီ။ မန်ချက်စတာအသင်းအနေနဲ့လည်း ကစားသမားအသစ်ခေါ်ယူဖို့လိုအပ်နေတာကြောင့် ဘယ်သူ့ကိုခေါ်မယ်ဆိုတာ စီစဉ်လုပ်ဆောင်နေပါပြီ။ လောလောဆယ်မန်ချက်စတာအသင်းခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူးကတော့ ဆဲလ်ဘဇ်အသင်းရဲ့တိုက်စစ်မှူး အီလန်ဟာလန်းဖြစ်ပါတယ်။ ဟာလန်းကိုခေါ်ဖို့မန်ချက်စတာအနေနဲ့ ဘယ်လောက်တောင်စီစဉ်သလဲဆိုရင် နည်းပြဆိုးလ်ရှားကိုယ်တိုင် ဟာလန်းဆီကိုသွားရောက်တွေ့ဆုံခဲ့ပါတယ်။

photo internet

ဟာလန်းကို အရင်ဆုံးအသင်းရဲ့ ကင်းထောက်ချုပ်ဖြစ်သူကိုယ်တိုင်ကစောင့်ကြည့်လေ့လာခဲ့တာဖြစ်ပြီး၊ မနေ့ကမနက်ကတော့ နည်းပြဆိုးလ်ရှားကိုယ်တိုင် အလုပ်တွေများနေတဲ့ကြားက ဟာလန်းကို သြစတေးလျအထိသွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှားဟာ လာမယ့်ပွဲစဉ်အတွက်စီစဉ်စရာတွေရှိတာကြောင့် ဟာလန်းနဲ့တွေ့ပြီးတာနဲ့ချက်ချင်းဆိုသလို အသင်းဆီပြန်လာခဲ့ပါတယ်။

photo internet

ဟာလန်းရဲ့စာချုပ်အရ အခုနှစ်ဆောင်းရာသီမှာ အပြောင်းအရွှေ့လုပ်ခဲ့ရင် ယူရိုသန်း၂၀ နဲ့ခေါ်ယူ ရမှာဖြစ်ပါတယ်။ အသက် 19 နှစ်အရွယ် ဟာလန်းရဲ့ခြေစွမ်းဟာ ကောင်းမွန်တဲ့အနေအထားရှိတာကြောင့် အသင်းကြီးတိုင်းက ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ ဟာလန်းတစ်ယောက်ကတော့ ပွဲထွက်ခွင့်ရဖို့အတွက်သာ အဓိက အာရုံစိုက်ထားတာကြောင့် ပွဲထွက်ခွင့်အာမခံချက်ပေးနိုင်တဲ့အသင်းဆိုရင် ခေါ်ယူနိုင်မယ့်အခွင့်အရေးပိုများပါတယ်။ “ကျွန်တော့်အနေနဲ့အခုအချိန်မှာထွက်ပေါ်နေတဲ့ ကောလာဟလသတင်းတွေနဲ့ပတ်သက်လို့တော့ ဘာမှထင်မြင်ချက်မပေးလိုပါဘူး။ အဲဒီအတွက်လည်း ကျွန်တော့်ကို နားလည်ပေးစေချင်ပါတယ်”လို့ ဟာလန်းကပြောပါတယ်။

photo internet

ဟာလန်းဟာဆိုးလ်ရှား၊မန်ချက်စတာတို့နဲ့ရေစက်ရှိပါတယ်။ ကစားသမားဘဝအစမှာ ဆိုးလ်ရှားရဲ့မိုလ်ဒီ အသင်းကနေ အစပြုခဲ့ရတာဖြစ်ပြီး၊ မန်ချက်စတာနဲ့ကတော့ရေစက်ဆိုးပါ။ ဟာလန်းရဲ့အဖေ မန်စီးတီးကစားသမားဖြစ်သူဟာ မန်ချက်စတာကစားသမား ရွိုင်ကိန်းကြောင့် ခြေထောက်ဒဏ်ရာရပြီး ကစားသမားဘဝကနေအနားယူခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်အဖေဖြစ်သူက သားဖြစ်သူအသင်း အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မန်ချက်စတာအပေါ်စိတ်မကွက်ကြောင်းပြောဆိုထားဖူးပါတယ်။ “ကျွန်တော်တို့အနေနဲ့ကစားသမား အပြောင်းအရွှေ့လုပ်တဲ့အခါ ရေရှည်အတွက်ကြည့်ပြီးစီစဉ်ကြပါတယ်။ ဇန်နဝါရီလအပြောင်းအရွှေ့တွေဟာခက်ခဲ တတ်ပါတယ်”လို့နည်းပြဆိုးလ်ရှားကပြောထားပါတယ်။

photo internet

(Zawgyi Version)




