သူက ပရီးမီးယားလိဂ်မှာ အကောင်းဆုံး အကောင်းဆုံး ကစားသမား မဟုတ်ပါဘူးလို့ နှိမ့်ချပြောဆိုလိုက်တဲ့ ဆွန်ဟောင်မင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တော့တင်ဟမ်တိုက်စစ်မှူး ဆွန်ဟောင်မင်က ယခုနှစ်ရာသီမှာ အထူးခြေစွှမ်းပြနေပေမဲ့ ချီးကျူးမှုတွေအပေါ် သာယာနေခြင်း မရှိကြောင်း နှိမ့်ချပြောဆိုသွားခဲ့ပါတယ်။ ၂၈နှစ်သားဟာ ယခုနှစ်ရာသီမှာ ခြေစွမ်းပြနေပြီး ၈ဂိုး သွင်းယူထားကာ ရွှေဖိနပ်ဆုအတွက် ဗာဒီ၊ ကယ်ဗက်လီဝင်တို့နဲ့ အပြိုင်အဆိုင် ဖြစ်နေပါတယ်။

ဒါပေမဲ့ ဆွန်က သူဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ကစားသမား ၁ဦးအဖြစ် မသတ်မှတ်ထားပဲ ချီးကျူးမှုတွေကိုလည်း သာယာနေခြင်း မရှိကြောင်း ပြောခဲ့ပါတယ်။ ဆွန်က “ကျွန်တော် ပရီးမီးယားလိဂ်က အကောင်းဆုံး ကစားသမား ၁ဦး ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။ အခိုက်အတန့်တစ်ခုလေးကိုတောင် ကျွန်တော် မတွေးမိခဲ့ပါဘူး”

“ကျွန်တော် တော့တင်ဟမ်နဲ့ နိုင်ငံအသင်းအတွက် အစွမ်းကုန် ကြိုးစားပေးခဲ့ပြီး အရည်အချင်းတွေအားလုံးကို ပြသဖို့ ကြိုးစားခဲ့ပါတယ်။ နိုင်ငံအသင်းနဲ့ တော့တင်ဟမ်အတွက် ကစားရတဲ့ ခံစားချက်ခြင်းက မတူညီပါဘူး”လို့ ပြောခဲ့ပါတယ်။

ဆွန်ဟောင်မင်ဟာ ၂၀၁၉-၂၀ရာသီက ဘန်လေနဲ့ ပွဲမှာ စပါး နောက်တန်းကနေ ကိုက်၉၀အကွာက ဘန်လေဂိုးပေါက် ဆီကို တောက်လျှောက်ပြေးလာပြီး တစ်ဘက်နောက်တန်းကစားသမားတွေကိုကျော်ဖြတ်ကာ ဂိုးသွင်းယူခဲ့ပြီး ပရီးမီးယားလိဂ် အကောင်းဆုံး သွင်းဂိုးဆုကို ရရှိခဲ့ပေမဲ့ ပီအက်ဖ်အေ အကောင်းဆုံးအသင်းမှာတော့ ပါဝင်လာခြင်း မရှိပါဘူး။ တိုက်စစ်နေရာအတွက် ဗာဒီ၊ ဆာလာနဲ့ အူဘာမီယန်တို့ ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။

ယမန်နှစ်ရာသီက ၄၁ပွဲကစားရာမှာ ၁၈ဂိုး သွင်းခဲ့တဲ့ ဆွန်ဟာ ယခုနှစ်ရာသီမှာ ဟယ်ရီကိန်းနဲ့အတူ တွဲဖက်ကာ အထူး ခြေစွမ်းပြလျက် ရှိနေပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပရိသတ်တွေပါဝင်ရွေးချယ်ခွင့်ရတဲ့ အောက်တိုဘာလရဲ့ တစ်လတာအကောင်းဆုံးနည်းပြနဲ့ကစားသမားဆု ကို ဝုဗ်ဗာဟမ်တန်အသင်းရဲ့ ပေါ်တူဂီလူမျိုးနည်းပြ နူနိုဆန်းတိုစ့် နဲ့ အတူ ဆွန်ဟောင်မင်ကလည်း ရရှိခဲ့ပါတယ်။

ဆွန်ဟောင်မင်ဟာ အောက်တိုဘာလထဲမှာ စပါးအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၃ပွဲပါဝင်ကစားခဲ့ပြီး ၄ဂိုးသွင်းခဲ့ပြီး ဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်နေရာမှာ ရပ်တည်နေတဲ့ ဆွန်ဟောင်မင်က သူ့ကို Voteပေးခဲ့ကြတဲ့ သူတွေကို ကျေးဇူးတင်ပါတယ် လို့ ပြောကြားခဲ့ပြီး သူ့အတွက် ဒါဟာ ကြီးမားတဲ့ ဂုဏ်ပြုမှုတစ်ခုဖြစ်တယ်လို့လည်းပြောခဲ့ပါတယ်။ သူဟာ ဒီဆုရခဲ့တာဟာ သူတစ်ဦးတည်းရဲ့ စွမ်းရည်ကြောင့်သက်သက်မဟုတ်ပဲ အသင်းဖော်တွေရဲ့ ပံ့ပိုးမှုကြောင့် ရရှိခဲ့တာဖြစ်တယ်ဆိုပြီး သူ့ရဲ့အသင်းဖော်တွေကို ချီးကျူးပြောဆိုခဲ့ပါတယ်။

ဒီဆုကို သူဟာ ပရီမီးယားလိဂ် ကစားသမားဘဝမှာ ၂၀၁၆ စက်တင်ဘာလ နဲ့ ၂၀၁၇ ဧပြီလတို့ မှာ ရရှိပြီးတဲ့နောက်မှာ တတိယကြိမ်မြောက်ပြန်လည် ရခဲ့တာလည်း ဖြစ်ပါတယ်။ စပါးအင်းအတွက်ကတော့ ၂၀၁၈ခုနှစ် ဩဂုတ်လမှာ လူးကပ်မိုရာရရှိခဲ့ပြီး နောက်ပိုင်းမှာ ဒီဆုကို ပြန်ရခဲ့တဲ့ စပါးအသင်းကစားသမား ဖြစ်ခဲ့ပြီး အသင်းဖော် ဟယ်ရီကိန်း ကို ကျော်ဖြတ်ကာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ပရီမီးယားလိဂ်ရဲ့ အောက်တိုဘာလအတွက် အကောင်းဆုံးသွင်းဂိုးဆုကိုတော့ ဝက်စ်ဟမ်းအသင်းရဲ့ တိုက်စစ်မှူး လန်ဇီနီက ရရှိခဲ့တာဖြစ်ပြီး စပါးအသင်းနဲ့ (၃)ဂိုးစီသရေကျခဲ့တဲ့ပွဲက ပွဲပြီးခါနီးမှာ၂၅ကိုက်အကွာအဝေးကနေ ဝက်စ်ဟမ်းအတွက် လှလှပပကန်သွင်းယူခဲ့တဲ့ဂိုးကနေရခဲ့တာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သူက ပရီးမီးယားလိဂ္မွာ အေကာင္းဆုံး အေကာင္းဆုံး ကစားသမား မဟုတ္ပါဘူးလို႔ ႏွိမ့္ခ်ေျပာဆိုလိုက္တဲ့ ဆြန္ေဟာင္မင္

ေတာ့တင္ဟမ္တိုက္စစ္မႉး ဆြန္ေဟာင္မင္က ယခုႏွစ္ရာသီမွာ အထူးေျခစႊမ္းျပေနေပမဲ့ ခ်ီးက်ဴးမႈေတြအေပၚ သာယာေနျခင္း မရွိေၾကာင္း ႏွိမ့္ခ်ေျပာဆိုသြားခဲ့ပါတယ္။ ၂၈ႏွစ္သားဟာ ယခုႏွစ္ရာသီမွာ ေျခစြမ္းျပေနၿပီး ၈ဂိုး သြင္းယူထားကာ ေ႐ႊဖိနပ္ဆုအတြက္ ဗာဒီ၊ ကယ္ဗက္လီဝင္တို႔နဲ႔ အၿပိဳင္အဆိုင္ ျဖစ္ေနပါတယ္။

ဒါေပမဲ့ ဆြန္က သူဟာ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံး ကစားသမား ၁ဦးအျဖစ္ မသတ္မွတ္ထားပဲ ခ်ီးက်ဴးမႈေတြကိုလည္း သာယာေနျခင္း မရွိေၾကာင္း ေျပာခဲ့ပါတယ္။ ဆြန္က “ကြၽန္ေတာ္ ပရီးမီးယားလိဂ္က အေကာင္းဆုံး ကစားသမား ၁ဦး ျဖစ္လာလိမ့္မယ္လို႔ ဘယ္တုန္းကမွ မထင္ခဲ့ပါဘူး။ အခိုက္အတန႔္တစ္ခုေလးကိုေတာင္ ကြၽန္ေတာ္ မေတြးမိခဲ့ပါဘူး”

“ကြၽန္ေတာ္ ေတာ့တင္ဟမ္နဲ႔ ႏိုင္ငံအသင္းအတြက္ အစြမ္းကုန္ ႀကိဳးစားေပးခဲ့ၿပီး အရည္အခ်င္းေတြအားလုံးကို ျပသဖို႔ ႀကိဳးစားခဲ့ပါတယ္။ ႏိုင္ငံအသင္းနဲ႔ ေတာ့တင္ဟမ္အတြက္ ကစားရတဲ့ ခံစားခ်က္ျခင္းက မတူညီပါဘူး”လို႔ ေျပာခဲ့ပါတယ္။

ဆြန္ေဟာင္မင္ဟာ ၂၀၁၉-၂၀ရာသီက ဘန္ေလနဲ႔ ပြဲမွာ စပါး ေနာက္တန္းကေန ကိုက္၉၀အကြာက ဘန္ေလဂိုးေပါက္ ဆီကို ေတာက္ေလွ်ာက္ေျပးလာၿပီး တစ္ဘက္ေနာက္တန္းကစားသမားေတြကိုေက်ာ္ျဖတ္ကာ ဂိုးသြင္းယူခဲ့ၿပီး ပရီးမီးယားလိဂ္ အေကာင္းဆုံး သြင္းဂိုးဆုကို ရရွိခဲ့ေပမဲ့ ပီအက္ဖ္ေအ အေကာင္းဆုံးအသင္းမွာေတာ့ ပါဝင္လာျခင္း မရွိပါဘူး။

တိုက္စစ္ေနရာအတြက္ ဗာဒီ၊ ဆာလာနဲ႔ အူဘာမီယန္တို႔ ေ႐ြးခ်ယ္ျခင္း ခံခဲ့ရပါတယ္။ ယမန္ႏွစ္ရာသီက ၄၁ပြဲကစားရာမွာ ၁၈ဂိုး သြင္းခဲ့တဲ့ ဆြန္ဟာ ယခုႏွစ္ရာသီမွာ ဟယ္ရီကိန္းနဲ႔အတူ တြဲဖက္ကာ အထူး ေျခစြမ္းျပလ်က္ ရွိေနပါတယ္။

ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ ပရိသတ္ေတြပါဝင္ေ႐ြးခ်ယ္ခြင့္ရတဲ့ ေအာက္တိုဘာလရဲ႕ တစ္လတာအေကာင္းဆုံးနည္းျပနဲ႔ကစားသမားဆု ကို ဝုဗ္ဗာဟမ္တန္အသင္းရဲ႕ ေပၚတူဂီလူမ်ိဳးနည္းျပ ႏူႏိုဆန္းတိုစ့္ နဲ႔ အတူ ဆြန္ေဟာင္မင္ကလည္း ရရွိခဲ့ပါတယ္။

ဆြန္ေဟာင္မင္ဟာ ေအာက္တိုဘာလထဲမွာ စပါးအတြက္ ပရီးမီးယားလိဂ္ပြဲစဥ္ ၃ပြဲပါဝင္ကစားခဲ့ၿပီး ၄ဂိုးသြင္းခဲ့ၿပီး ဂိုးဖန္တီးမႈ ၂ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ ထိပ္တန္းဂိုးသြင္းရွင္ေနရာမွာ ရပ္တည္ေနတဲ့ ဆြန္ေဟာင္မင္က သူ႔ကို Voteေပးခဲ့ၾကတဲ့ သူေတြကို ေက်းဇူးတင္ပါတယ္ လို႔ ေျပာၾကားခဲ့ၿပီး သူ႔အတြက္ ဒါဟာ ႀကီးမားတဲ့ ဂုဏ္ျပဳမႈတစ္ခုျဖစ္တယ္လို႔လည္းေျပာခဲ့ပါတယ္။ သူဟာ ဒီဆုရခဲ့တာဟာ သူတစ္ဦးတည္းရဲ႕ စြမ္းရည္ေၾကာင့္သက္သက္မဟုတ္ပဲ အသင္းေဖာ္ေတြရဲ႕ ပံ့ပိုးမႈေၾကာင့္ ရရွိခဲ့တာျဖစ္တယ္ဆိုၿပီး သူ႔ရဲ႕အသင္းေဖာ္ေတြကို ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

ဒီဆုကို သူဟာ ပရီမီးယားလိဂ္ ကစားသမားဘဝမွာ ၂၀၁၆ စက္တင္ဘာလ နဲ႔ ၂၀၁၇ ဧၿပီလတို႔ မွာ ရရွိၿပီးတဲ့ေနာက္မွာ တတိယႀကိမ္ေျမာက္ျပန္လည္ ရခဲ့တာလည္း ျဖစ္ပါတယ္။ စပါးအင္းအတြက္ကေတာ့ ၂၀၁၈ခုႏွစ္ ဩဂုတ္လမွာ လူးကပ္မိုရာရရွိခဲ့ၿပီး ေနာက္ပိုင္းမွာ ဒီဆုကို ျပန္ရခဲ့တဲ့ စပါးအသင္းကစားသမား ျဖစ္ခဲ့ၿပီး အသင္းေဖာ္ ဟယ္ရီကိန္း ကို ေက်ာ္ျဖတ္ကာ ရရွိခဲ့တာလည္း ျဖစ္ပါတယ္။

ပရီမီးယားလိဂ္ရဲ႕ ေအာက္တိုဘာလအတြက္ အေကာင္းဆုံးသြင္းဂိုးဆုကိုေတာ့ ဝက္စ္ဟမ္းအသင္းရဲ႕ တိုက္စစ္မႉး လန္ဇီနီက ရရွိခဲ့တာျဖစ္ၿပီး စပါးအသင္းနဲ႔ (၃)ဂိုးစီသေရက်ခဲ့တဲ့ပြဲက ပြဲၿပီးခါနီးမွာ၂၅ကိုက္အကြာအေဝးကေန ဝက္စ္ဟမ္းအတြက္ လွလွပပကန္သြင္းယူခဲ့တဲ့ဂိုးကေနရခဲ့တာလည္းျဖစ္ပါတယ္။